Saturday, May 25, 2013

ဖတ်မိသမျှ ဂျာနယ်များမှ


ဖတ်မိသမျှဂျာနယ်များမှ







တရားမဝင် ဖမ်းဆီးရမိသည့် လိုင်စင်မဲ့ ဇိမ်ခံကားများ လေလံတင် ရောင်းချမည်

25/May/2013
မွန်ပြည်နယ် အစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ တစ်ဖက်နိုင်ငံမှ ခိုးသွင်းခဲ့သည့် ဇိမ်ခံကားများ ဖမ်းဆီးအရေးယူရေး စီမံချက်ဖြင့် မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မျိုးဆွေဝင်း၊ ဒုတိယပြည်နယ် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဝင်းဗိုလ်၊ မော်လမြိုင်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဇော်မင်းဦးနှင့် သထုံခရိုင် ဒုတိယရဲမှူးကြီး အောင်သန်းတို့ ဦးဆောင်သော တပ်ဖွဲ့ဝင်များသည် မော်လမြိုင်မှ ရန်ကုန်၊ နေပြည်တော်နှင့် မန္တလေးမြို့များသို့ သယ်ဆောင် ရောင်းချလျက်ရှိသော တရားမဝင် လိုင်စင်မဲ့ ဇိမ်ခံကားများကို ၂၀၁၂ ခုနှစ် အောက်တိုဘာ ၁၂ ရက်မှ စတင်ဖမ်းဆီးခဲ့ရာ မေ ၂၄ ရက်နေ့အထိ ကား ၁၄၄ စီး ဖမ်းဆီး အရေးယူခဲ့သည်။ အဆိုပါ လိုင်စင်မဲ့ ကားများအနက် ဇိမ်ခံကား ၉၂ စီးကို မွန်ပြည်နယ် အစိုးရအဖွဲ့၏ ခွင့်ပြုချက်အရ မကြာမီ ရက်ပိုင်းအတွင်း လေလံတင် ရောင်းချမည်ဖြစ်ကြောင်း၊ ရောင်းချရာမှ ရရှိသည့်ငွေများကို ပြည်နယ်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် မေလ ၂၅ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။
ခေတ်လူငယ်

Tuesday, May 21, 2013

စစ်တပ်သည်အစိုးရမဟုတ်ပါ

စစ်တပ်သည်အစိုးရမဟုတ်ပါ
**************************************
၁။ အစိုးရနဲ့တပ်မတော်ကို ခွဲခြားပြီးပြောပါ။

၂။ တပ်မတော်ဟာ အစိုးရရဲ့ မူဝါဒအတိုင်း လုပ်ရမှာပါ။ ဗိုလ်ချုပ်တွေက အစိုးရတက်လုပ်နိုင်လို့ အတိုက်အခံကိုနှိမ်နင်းခိုင်းရင် နှိမ်နင်းမှာပဲဖြစ်သလို N L Dက အစိုးရဖြစ်လာပြီး သူတို့နဲ့အတိုက် အခံကို နှိမ်နင်းဖို့ တပ်ကိုအသုံးချလည်း တပ်ကတော့ ခိုင်းတဲ့အတိုင်း လုပ်ရမှာပါပဲ။

၃။ စစ်တပ်ကိုး ။ အထက်အမိန့် နာခံတတ်အောင် လေ့ကျင့်ထားတာပါ။ အမိန့်မနာခံဘဲနဲ့လဲ စစ်တိုက် လို့ မရပါ။ ရှေ့တန်းမှာ ဒီလမ်းက ဒီတောင်ကုန်းကို တက်သိမ်းဆို မိုင်းရှိရှိ ၊ ငြောင့်ထောင်ထောင် စက်သေနတ် ဘယ်နှစ်လက်နဲ့ပစ်ပစ် တက်ရမှာပါ။ နောက်နေ့မှတိုက်ပါရစေ ၊ တခြားလမ်းကသွား ပါရစေ လုပ်လို့မရပါ။ စစ်သားရဲ့တွေးခေါ်ပုံကိုက အရပ်သားနဲ့မတူပါ ။ မတူအောင်လည်း လေ့ကျင့်ထားတာပါ။ စစ်သားကို စစ်တရားရုံးနဲ့ပဲ တရားစီရင်ခွင့်ရှိတာဟာ စစ်သားရဲ့စဉ်းစားပုံဟာ အရပ်သားနဲ့မတူလို့ပါ။

၎။ စစ်တပ်ကို လက်ကိုင်ဒုတ် စစ်တပ်မဖြစ်စေချင်ရင် စနစ်ကို ခိုင်မာအောင်လုပ်ပါ။ ဘယ်သူတက် တက် စစ်တပ်ကို အသုံးချလို့မရအောင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆွဲထားပါ။ အမေရိကန်နိုင်ငံသ မိုင်းမှာ နိုင်ငံရေးသမားတွေ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေပက်မ၀င်အောင် ဆွဲခဲ့လို့ စစ်တပ်က အာဏာသိမ်းတာ တစ်ခါမှမရှိပါ။ တပ်မတော်ကလည်း အသုံးချခံချင်လှတယ်တော့ မရှိပါ။ ဒါပေမယ့် အစိုးရကို ပုန်ကန်တဲ့တပ်မတော် ပိုပြီးမဖြစ်လိုပါ။ စစ်တပ်မျက်စိကကြည့်လျှင် အထက် အမိန့်မနာခံတဲ့ တပ်မတော်ဟာ အန္တရာယ်အကြီးဆုံးပါ။ အမေရိကန်စစ်ကားထဲမှာ တပ်ခွဲမှူးက သူ့ရဲဘော်ကို စစ်မြေပြင်မှာ ပြောတဲ့အတိုင်း ပြောရရင် “ ငါတို့က ဒီမိုကရေစီကို ကာကွယ်ဖို့ ဒီနေရာကိုရောက်နေတာ - - - ကျင့်သုံးဖို့မဟုတ်ပါ ” တဲ့ ။

၅။ ဗိုလ်ချုပ်တွေ မသမာမှုလုပ်ခွင့်ရတာ ဗိုလ်ချုပ်ရာထူးကြောင့်မဟုတ်ပါ။ အာဏာသိမ်းပြီး နိုင်ငံရေး ရာထူးတွေ ယူခွင့်ရသွားလို့ပါ။ နိုင်ငံရေးသမားများအချင်းချင်း ညီညွတ်လျှင် အာဏာသိမ်းလို့မရပါ။ ဘယ်တပ်မတော်မှလည်း နိုင်ငံရေးပယောဂမပါဘဲ အချောင်နာမည်ပျက်ခံပြီး အာဏာသိမ်းလိုမယ် မဟုတ်ပါ။

၆။ စစ်တပ်ကိုလဲ သိပ်ပြည့်စုံနေတယ်မထင်ပါနဲ့ ။ ကျွန်တော် တပ်မတော်ကအငြိမ်းစားယူတဲ့အထိ စစ်တိုက်ရမယ့်နေရာကို ရဟတ်ယာဉ်နဲ့ တစ်ခါမှ အပို့မခံရဖူးပါ။ စစ်သားတွေ ဒဏ်ရာရရင် အိပ်ယာခင်းစောင်ကြားကို ၀ါးလုံးနဲ့လျှို ပုခက်လုပ်ပြီး နှစ်ရက်သုံးရက် လူနဲ့ထမ်းပြီး သယ်ရတာပါ။ ရိက္ခာ (၅)ရက်စာဆို (၁၀)ရက်စာ စားရတာပါ။ စစ်ဆင်ရေး (၃)လလောက်ဆို ရဲဘော်တွေဝတ်စုံ ဟာ ချုပ်ရာ၊ဖာရာ အထပ်ထပ် ဖိနပ်ကလည်း ညှပ်ဖိနပ်ဖြစ်နေပါပြီ။ တပ်ကြပ်ကြီးကို မပြောရကောင်းလားလို့ သွားမဆူပါနဲ့ ။သူ့မှာလည်း အားလုံးပေါင်းမှ ရဲဘော်တွေထက် ၀တ်စုံတစ်စုံ လောက်သာ ပိုချမ်းသာတာပါ။ စစ်ကြောင်းရုံးကို ကြည့်လိုက်ပါဦး။ စစ်ကြောင်းမှူးဘောင်းဘီလည်း ဖင်အဖာနဲ့ပါပဲ။ စစ်သည်တစ်ယောက်ဟာ သေနတ်၊ ရိက္ခာ ၊ ကျည်ဆံ၊ ချပ်ဝတ်တန်ဆာနဲ့ဆို ပေါင်(၄၀)လောက်ရှိနေပါပြီ။ စစ်ကြောင်းအဆင့်ဆို ပွိုင့်ဖိုက် ၊ ၈၁ မမစိန်ပြောင်း၊ ပွိုင့်ဖိုက် ကျည်ဆံ (၁၀၀၀)ပုံး တစ်ပုံးဟာ တိုက်ပွဲဖြစ်လျှင် (၅)မိနစ်လောက်ပဲ ပစ်လို့ရပါတယ်။ ဗျူဟာအဆင့်မှာ လာပါပြီ ၁၂၀ မမစိန်ပြောင်းကြီး ဗုံးသီးတစ်လုံးက ပေါင် (၃၀)လောက် ၊စက်ရုံကထုတ်တဲ့ဗူးကိုဖွင့် ပြီး ထမ်းပိုးနဲ့ ရှေ့နောက်ကြိုးချည် ရဲဘော်တစ်ယောက်ကို ထမ်းပိုးတစ်လက်နဲ့ မသိလျှင် ကန်စွန်းဥတွဲလေးတွေကျလို့ ။ ပေါ်တာဆွဲတာကို ကျွန်တော်တို့လည်းမကြိုက်ပါ ဒါပေမဲ့ ရဲဘော်ပဲထမ်းဆို ရဲဘော်တစ်ယောက်ကို ပေါင်(၇၀)လောက် ရှိနေပါပြီ။ စစ်ကြောင်းက တစ်ရက်လုံးမှ (၅)မိုင်တောင် ခရီးမပေါက်ချင်. . . ဒဏ်ရာရလူနာသာပါလျှင် စဉ်းစားကြည့်ပါတော့ ပေါ်တာဆွဲလျှင်လည်း အရေးယူခံရ၊ မဆွဲဘဲ ကိုယ်တိုင်ထမ်းရတော့လဲ တိုက်ပွဲဖြစ်တဲ့အခါ ရန်သူက လက်သီးနဲ့ဆင်းထိုးလျှင်တောင် ခံရတော့မလောက် အလေးအပင်တွေနဲ့ သူများနိုင်ငံ တပ်မတော်တွေလည်း ကြည့်ကြည့်ကြပါ။ စစ်သားဟာ ၀န်တင်နွားမဟုတ်ပါ။

၇။ လူ့အခွင့်အရေးဆိုလို့ ပြောရဦးမယ်။ ခင်ဗျားတို့ထဲက ဘယ်နှစ်ယောက် ရှေ့တန်းရောက်ဖူးပါသလဲ။ တောထဲကို မရောက်ဖူးဘဲနဲ့တော့ တောရဲ့အကြောင်းကို မသိနိုင်ပါ။ တောမှာ ရဲစခန်းမရှိပါ၊ တရားရုံးမရှိပါ ။တောထဲမှာရှိတာ တောရဲ့ဥပဒေပါ။ အင်အားကြီးတဲ့လူက အင်အားနည်းတဲ့လူကို ချေမှုန်းတာ နားထောင်လို့မကောင်းပါ။ မထောက်ခံပါ ဒါပေမယ့် ကိုယ်ရှင်သန်နိုင်ဖို့ ကိုယ့်တပ်ဖွဲ့ရှင်သန်နိုင်ဖို့ ရုန်းကန်ရာမှာ နည်းလမ်းရွေးချယ်ခွင့်မရှိတော့တဲ့ အခြေအနေတွေ အများကြီး ကြုံတွေ့ရနိုင်တာ။ တစ်ဦးတစ်လေကတော့ ခင်ဗျားတို့ ပြောပြောနေတဲ့ လူသားချင်းစာနာမှုအတွက် သူ့အသက်ကို စတေးချင်စတေးမှာပါ။ ဒါပေမယ့် လူတိုင်းတော့မဟုတ်ပါ။ ခင်ဗျားတို့ထဲမှာ ရန်သူကနှိပ်စက်ပြီး ဓားနဲ့လှီးသတ်သွားတဲ့ ကိုယ့်ရဲဘော် အလောင်းကို ဘယ်သူမြင်ဖူးပါသလဲ ။ ရွာအ၀င်လယ်ကွင်းထဲက ကောက်စိုက်ဟန်ဆောင်နေတဲ့ ရွာသားထင်ရတဲ့သူက သေနတ်နဲ့ တေ့ပစ်တာကို ဘယ်သူခံဖူးပါသလဲ။ ရွာထဲက (၅၇)နဲ့ ထောင်းထမောင်းကြေအောင် ပစ်ခံရလို့ ကိုယ့်ရှေ့မှာပဲ ကိုယ့်ရဲဘော်တွေ ကျဆုံးကုန်တဲ့ သူပုန်နဲ့ရွာသား ခွဲမရတဲ့ တပ်ခွဲမှူးဘ၀ကို ဘယ်သူကိုယ်ချင်းစာဖူးပါသလဲ။ ခင်ဗျားမှာ ဒုတိယနည်းလမ်း ရွေးချယ်ဖို့မရှိခဲ့လျှင် ခင်ဗျားရွာထဲကို ပြန်ပစ်မလား ? ခင်ဗျားတပ်ခွဲ အသေခံမလား?

၈။ ကြံ့ဖွံ့၊ကြံ့ဖွံ့နဲ့ ခင်ဗျားတို့ ဆဲချင်ဆဲပါ ဒါပေမယ့် စစ်တပ်နဲ့ ကြံ့ဖွံ့ ဘာမှမဆိုင်ပါ။ ကြုံ့ဖွံ့ခိုင်းတာလုပ်နေရတာ ကြံ့ဖွံ့အစိုးရနေရာရောက်နေလို့ပါ။ ရဲ ၊ မီးသတ်၊ ရ.ယ.က စွမ်းအား၊စည်ပင် ၊ လ.၀.က၊ အခွန်၊ဆောက်လုပ်ရေး ၊ပညာရေး ၊က ည န ၊ ထွေ/အုပ်ဝန်ထမ်း အားလုံးလိုပဲ စစ်တပ်ကလည်း ၀န်ထမ်းပါ။ ခင်ဗျားတို့ မမေ့ဖို့က ခင်ဗျားတို့မှပြည်သူမဟုတ်ပါ ၀န်ထမ်းတွေအားလုံးကလည်း တက်လာတဲ့အစိုးရခိုင်းတာ လုပ်ရတဲ့ပြည်သူတွေပါ။ ခင်ဗျားတို့ နိုင်ငံရေးသမားအများစုလည်း (၂၂)နှစ်မှာ အနှစ်(၂၀)လောက်က ပုဆိုးခြုံထဲက လက်သီးပြနေတာပါ။ ခုမှ ဘာညာနဲ့တော့ ၀န်ထမ်းများကို လာမပြောစေလိုပါ။ အုပ်ချုပ်တဲ့သူကောင်းဖို့ဆိုတာ အားလုံးမှာတာဝန်ရှိတာပါ။ ခင်ဗျားတို့ အခုလို တစ်ဖက်သတ် ကိုယ့်ကိုယ်ကို ပုံပြင်ထဲကသူရဲကောင်းလို၊ မင်းသမီးလေးလိုလုပ် ကျန်တဲ့သူတွေကိုတော့ ပုံပြင်ထဲကစုန်းမကြီးလို၊ မကောင်းဆိုးဝါးကြီးလို လုပ်နေပုံနဲ့တော့ နိုင်ငံကို ကောင်းအောင်၊ တိုးတက်အောင် အုပ်ချူပ်နိုင်ဖို့ဝေးလို့ (၂)နှစ်(၃)နှစ်လောက်ဆိုရင်ကို ကိုယ့်ပါတီကို နိုင်အောင်အုပ်ချုပ်နိုင်ဖို့ မလွယ်ပါ။

(YE MOE-Facebook)

NLD ၊ ၈၈ ၊ ကျောင်းသားနှင့် နိုင်ငံရေးသမားများအတွက် အသုံးတည့်မည့်အချက်(၈)ချက်ပါ..။
ခင်ဗျားတို့ စဉ်းစားကြည့်အုံး...။
ဘယ်အချိန်သေရမှန်း မသိတဲ့လမ်းကို လေချွှန်ရင်း လျှောက်နေရတာ ပျော်တယ် မထင်နဲ့ခင်ဗျ......။
အသေအချာထပ်ပြောလိုက်ပါအုံးမယ်...။
ဘယ်နိုင်ငံမှာ မှ စစ်ပွဲကို လိုလားတဲ့ စစ်သားဆိုတာ မရှိဘူး...။
မြန်မာပြည်ပေါက်တွေကဘာလို့များကိုယ့်နိုင်ငံကို ကိုယ်မချစ်နိုင်ရတာလဲ...
၁၉၈၈ တုန်း က ကျောင်းသားတွေကို မြှောက်ပေးတယ်....
နောက်တော့ ဘုန်းကြီးတွေကို သွေးထိုးတယ်....
အခု စစ်တပ်ကို လှည့်ပြီး သွေးခွဲတယ်....
သူတို့စကားနားယောင်မိရင်တော့လား.. မတွေးရဲစရာပဲ...။

မှတ်ထားဖို့က စစ်တပ်ဆိုတာ နိုင်ငံအတွက် ဓါးတစ်ချောင်းနဲ့  ဒိုင်းတလက်ပါပဲ...။
ဘယ်သောအခါမှ ကိုယ့်ဂိုးကို ပြန်သွင်းတတ်တဲ့ ကစားသမား
မဟုတ်ဘူး ....ဆိုတာ................။

အမေရိကန်စစ်ကားထဲမှာ တပ်ခွဲမှူးက သူ့ရဲဘော်ကို စစ်မြေပြင်မှာ ပြောတဲ့အတိုင်း ပြောရရင် “ ငါတို့က ဒီမိုကရေစီကို ကာကွယ်ဖို့ ဒီနေရာကိုရောက်နေတာ - - - ကျင့်သုံးဖို့မဟုတ်ပါ ”.....။
from;Jing Hpaw Land

မန္တလေးတွင် ဖုန်းတန်းစီရာမှ လူခြောက်ဦး မူးလဲ၊ တစ်ဦးသေဆုံး



====================================
21-5-2013
မန္တလေးတိုင်းဒေသကြီးရှိ ရပ်ကွက် နှစ်ခုတွင် ဒုတိယအကြိမ် ထပ်မံရောင်းချ ပေးသည့် ကျပ်၁၅၀၀ တန်ဖုန်းဝယ်ယူရန် မေလ ၁၉ ရက်နေ့ ညနေ ၄ နာရီ အချိန်မှစတင်၍ ရပ်ကွက်ရုံးရှေ့တွင် လူထောင်ချီ တန်းစီ စောင့်ဆိုင်းရာမှ လူခြောက်ဦး မူးလဲပြီး တစ်ဦးသေဆုံးမှု မေလ ၂၀ ရက်နေ့တွင် ဖြစ်ပွားခဲ့ကြောင်း အဆိုပါရပ်ကွက်နေထိုင် သူများက ပြောကြားသည်။
သေဆုံးသူမှာ မေလ ၁၉ ရက်နေ့ နေ့လယ်ပိုင်းက ပုရစ်နှင့် အရက် သောက်စားထားပြီး ည ၇ နာရီခန့်တွင် ၁၅၀၀ တန်ဖုန်းတန်းစီရန် ထိုင်နေစဉ် မူးလဲခဲ့သဖြင့် ဆေးခန်းသွားပြပြီးနောက် မေလ ၂၀ ရက်နေ့ နံနက် ၃ နာရီတွင် သေဆုံးသွားခြင်း ဖြစ်ကြောင်း ယင်းဖြစ်ရပ် ဖြစ်ပွားရာ ချမ်းအေးသာစံမြို့နယ် ပတ်ကုန်း ရပ်ကွက် ဒေသခံများက ဆိုသည်။
အဆိုပါ ၁၅၀၀ ကျပ်တန် တန်ဖိုးနည်းဖုန်း ဝယ်ယူခွင့်ရရေး တန်းစီစောင့် ဆိုင်းရာ မေလ ၂၀ ရက်မွန်းလွဲ ၁ နာရီ အချိန်ခန့်က အောင်မြေသာစံမြို့နယ် မာလာအရှေ့ရပ်ကွက် တွင်လည်း အမျိုးသမီး ခြောက်ဦးခန့် မူးလဲခဲ့ကြောင်း အဆိုပါ ရပ်ကွက်ဒေသခံ အချို့နှင့် ရပ်ကွက်မီးသတ် အရန်တပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။
၁၅၀၀ ကျပ်တန်ဖုန်းကတ် ရရှိရေးအတွက် မေလ ၁၉ ရက်နေ့ ညပိုင်းက စတင်၍ လူရာချီ တန်းစီစောင့် ခဲ့ပြီးနောက် နေရာလုရန်ဖြစ်ခြင်းကြောင့် ယင်းကဲ့သို့အမျိုးသမီးအချို့ မူးလဲခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ ရပ်ကွက် မီးသတ်ဦးစီးဌာနထံမှ သိရသည်။
"ရှူဆေးနဲ့ ပြုစုပေးလိုက်တာ ကောင်းသွားတယ်။ ဆေးရုံပို့စရာမလိုလို့ မပို့ပါဘူး"ဟု မာလာအရှေ့ရပ်ကွက် အရန်မီးသတ်ရုံးမှ ဦးစိုးပြေဝင်းက ပြောဆိုသည်။
ဒုတိယအကြိမ် ရောင်းချပေးခဲ့သည့် ၁၅၀၀ ကျပ်တန်ဖုန်းကတ် တန်းစီဝယ်ယူသူများကို ထိန်းသိမ်းရန် ခက်ခဲသဖြင့် မန္တလေးတိုင်းဒေသကြီး ရပ်ကွက်အချို့တွင် မေလ ၂၁ ရက်နေ့ နံနက် ၇ နာရီတွင် ပြန် လည် ရောင်းချပေးမည်ဖြစ်ကြောင်း မန္တလေးခရိုင် အုပ်ချုပ်ရေးမှူး ဦးဇော်တင်မိုးက The Voice သို့ ပြော ကြားသည်။
မန္တလေးတိုင်း ဒေသကြီးအတွက် ကျပ် ၁၅၀၀ တန် တန်ဖိုးနည်းဖုန်းကတ် ၆၈၃၉၅ ခုခွဲတမ်းရရှိရာ မန္တလေးခရိုင် အတွင်းရှိ မြို့နယ်တစ်မြို့နယ်လျှင် ၁၅၀၀ တန်ကတ်ခွဲတမ်း လေးထောင်သတ်မှတ် ပေး ထားပြီး ဖုန်းကတ်များကို သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး များမှ တစ်ဆင့် မေ ၂၀ ရက်နေ့ နံနက် ၉ နာရီတွင် စတင် ရောင်းချပေးခဲ့သည်။
The Voice Weekly

အမေရိကန်နိုင်ငံကို ရောက်ရှိနေတဲ့ သမ္မတ ဦးသိန်းစိန်

အမေရိကန်နိုင်ငံကို ရောက်ရှိနေတဲ့ သမ္မတ ဦးသိန်းစိန်ဟာ တည်းခိုနေတဲ့ ၀ါရှင်တန်မြို့က Four Seacons Hotel မှာ မေလ ၂၀ ရက်နေ့က အမေရိကန် နိုင်ငံခြား ရေး ၀န်ကြီး ဟောင်း မစ္စ ဟီလာရီကလင်တန်၊ ကမ္ဘာ့ဘဏ် ဥက္ကဌ Dr Jim Yong Kim တို့နဲ့ တွေ့ဆုံ ခဲ့ပါတယ်။ ဟီလာရီ ကလင်တန်နဲ့ တွေ့ဆုံရာမှာ ကလင်တန် ဖောင်ဒေး ရှင်း အနေနဲ့ မြန်မာ နိုင်ငံမှာ လျှပ်စစ်ဓါတ်အား ဖူလုံစွာ ရရေး၊ သောက်သုံးရေး ရရှိရေး၊ မိခင်နဲ့ ကလေး အသေ အ ပျောက် နှုန်း လျော့နည်းရေး၊ မြန်မာပြည် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရာမှာ လိုအပ်တာတွေကို ပံ့ပိုး ကူ ညီနိုင်ရေးအတွက် ဆွေးနွေးခဲ့ကြောင်း သမ္မ တရုံးက သတင်းထုတ်ပြန် ထားပါတယ်။ သမ္မတ ဦးသိန်းစိန်ဟာ ကမ္ဘာ့ ဘဏ် ဥက္ကဌနဲ့ တွေ့ဆုံရာမှာတော့ ဧရာဝတီမြစ်ကြောင်း ထိန်းသိမ်းရေးနဲ့ ကျေးလက်နေ ပြည်သူတွေ လူမှုစီးပွားဘ၀ မြှင့်တင့် ရေး၊ ငွေကြေး အကူအညီတွေ ပေးအပ်ရေးတို့ကို ဆွေးနွေးခဲ့ပါတယ်။


နယ်ချဲ့တွေကို တိုက်ထုတ်ခဲ့တဲ့ တို့ အဖိုးရဲ့ဓား ခေါင်းရင်ထရံမှာ ချိတ်ဆွဲထား..........














ငှက်ကြီးတောင်ဓား
မြန်မာလူမျိုးတိုင်း ဆောင်ထားသင့်တဲ့အရာ
သူတပါးကို အနိုင်ကျင့်ဖို့ မဟုတ်
ကိုယ့်အမျိုးဘာသာ သာသနာကို ကာကွယ်ဖို့ 
ရှေးတုန်းကတဲက ခုအချိန်ထိ
အဓိကထား အသုံးပြုခဲ့တာ
ခေတ်မီလက်နက် ဘယ်လောက်ဘဲကောင်းကောင်း
မေ့မထားသင့်တဲ့အရာ

သေချာကြည့်ထား ကုလားလေးတို့ ရေ
ဒီငှက်ကြီးတောင်ဓားကရှေးမြန်မာဘုရင်တွေလက်ထက်ထဲက
ကျုးကျော်သူတွေကို တိုက်ထုတ်ခဲ့တာ
နေမ၀င်အင်ပါယာနဲ့  ဖက်ဆစ်တွေတောင်
ဒီလိုဓားကိုင်ခဲ့တဲ့ မြန်မာသူရဲကောင်းတွေကို လေးစားကြောက်ရွံခဲ့တာ
ငါတို့ သမိုင်းမှာခုထိရှိသေးတယ်
ကလားလေးမင်းတို့ မွတ်တွေလဲ ဓားနဲ့ ကမ္ဘာမှာသာသနာပြုနေတာ
မင်းတို့ ရဲ့ဓားကောက်နဲ့  ငှက်ကြီးတောင်ဓား
တနေ့ တော့ထိပ်တိုက်တွေ့ ချင်သေးတယ်...


"အမျိုးစစ် ဘာသာစစ် ဖြစ်စေဖို့ သမီးရင်သွေး ဘာလေးမွေးမလဲ"


“ငါကဲ့သို့ အလုပ်မလုပ်လျှင် ငါ့သားတော်ပင်ဖြစ်လင့်ကစား ငါ၏ အမျိုးအနွယ်မဟုတ်”
“မိဘကိုချစ်သူသည် မိဘ၏အမျိုးအနွယ်တို့ကို စောင့်ရှောက်ရမည်”
အထက်ကပြောခဲ့တဲ့ စကားနှစ်ရပ်ဟာ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျပြောခဲ့တဲ့ သြဝါဒစကားများ ဖြစ်ပါတယ်။ ဒီစကားများကို ကြည့်ခြင်းအားဖြင့် အလောင်းမင်းတရားကြီး ဦးအောင်ဇေယျဟာ မိမိတို့လူမျိုးနှင့် နိုင်ငံအပေါ် ဘယ်လောက် ထိချစ်တယ်၊ ဘယ်လောက်ထိအမြော်အမြင်ကြီးမားတယ်ဆိုတာ သိသာထင်ရှားလှပါတယ်။ ဒီစကားလေးဟာ တန်ဘိုးထားတတ်တဲ့သူတွေအဖို့ တကယ်တန်ဖိုး ရှိပါတယ်။ တန်ဖိုးရှိတဲ့ စကားလုံးကို တန်ဖိုးရှိမှန်းမသိလို့ တန်ဖိုးမဲ့သွားသူတွေ ဖြစ်သွားကြတာ မြန်မာပြည်မှာ အများကြီးပါပဲ။
ဦးအောင်ဇေယျရဲ့ စကားလေးကို သေသေချာချာ ပြန်စဉ်းစားကြည့်ပါ။ မိဘကို ချစ်သူသည် မိဘတို့၏ အမျိုးအနွယ်တို့ကို စောင့်ရှောက်ရမည်လို့ ဆိုထားပါတယ်။ ဒီစကားလေးကို ရှင်းအောင်ပြောရရင် အမျိုးအနွယ်ကို မစောင့်ရှောက်တဲ့ သားသမီးဟာ မိဘတွေကို မချစ်တဲ့သူလို့ ဆိုတဲ့သဘောပါပဲ။ ဒီနေရာမှာ အမျိုးအနွယ်ကို စောင့်ရှောက်တယ်ဆိုတာ မိမိတို့ ဆွေးမျိုးသားချင်းထဲက စားစရာမရှိတဲ့သူကို အစားပေးတာ၊ ဝတ်စရာမရှိတဲ့သူကို အဝတ်ပေးတာ၊ နေစရာမရှိတဲ့သူကို နေစရာပေးတာ၊ နောက်ပြီး ပစ္စည်းဥစ္စာ မရှိတဲ့သူကို ပစ္စည်းဥစ္စာပေးတာ၊ စတာမျိုးတွေကို ဆိုလိုတာမဟုတ်ပါဘူး။ မိမိတို့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေဟာ အမိမြန်မာနိုင်ငံတော်ကြီးရဲ့ မဟာပထဝီမြေကြီးပေါ်မှာ ကမ္ဘာတည်သ၍ တည်တံ့စေရန် မိမိတို့ အမျိုးတူ ဘာသာတူတဲ့လူနဲ့သာ လက်ထပ်ယူကြပြီး မျိုးဆက်သစ် ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေ မွေးပေးကြပါလို့ ဆိုလိုတဲ့သဘောပဲဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ အချို့မြန်မာမိန်းကလေးတွေ လူမျိုးခြား ဘာသာခြားတွေနဲ့ အိမ်ထောင်ပြုကြတာတွေ ရှိပါတယ်။ အဲသည်မိန်းကလေးတွေဟာ သူတို့ပါးစပ်က မိဘနှစ်ပါးကို ဘယ်လောက်ပဲချစ်ပါတယ်လို့ ပြောပြော တကယ့်လက်တွေ့မှာတော့ မိဘနှစ်ပါးကို မချစ်ကြတဲ့ သားသမီးတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့ မြန်မာအမျိုးသမီးများ အနေဖြင့် မိမိတို့ကို လူဖြစ်အောင် မွေးထုတ်ပြီး ပြုစုစောင့်ရှောက်ခဲ့ကြတဲ့ အဖေ အမေဆိုတဲ့ မိဘနှစ်ပါးကို တကယ်ချစ်ပါတယ်ဆိုရင် မိမိတို့ အမျိုးတူ ဘာသာတူတဲ့ အမျိုးသားတွေနဲ့သာ လက်ထပ်ယူကြရပါမယ်။ သားသမီးကျင့်ဝတ်ငါးပါးထဲမှာလည်း “စောင့်လေမျိုးနွယ်” ဆိုတဲ့ ကျင့်ဝတ်တစ်ခု ပါ ပါတယ်။ တစ်နည်အားဖြင့် ပြောရရင် ဒီကျင့်ဝတ်ဟာ မိဘတွေရဲ့ မျှော်လင့်ချက်လို့လည်း ပြောလို့ရပါတယ်။ မိဘတွေက ဘယ်လိုမျှော်လင့်ခဲ့ကြသလဲဆိုရင် ငါတို့မွေးတဲ့ သားသမီးဟာ ငါတို့ရဲ့ အမျိုးအနွယ်ကို စောင့်ရှောက်နေရစ်ကြလိမ့်မယ်လို့ မျှော်လင့်ခဲ့ကြပါတယ်။

မိဘတွေဟာ မိမိတို့ရဲ့ သားသမီးကြောင့် အမျိုးအနွယ်ကို ပျက်မှာ အရမ်းကြောက်ကြပါတယ်။ ဘယ်လောက်ထိ ကြောက်သလဲဆိုရင် မိမိတို့ရဲ့ သားသမီးဟာ အမျိုးပျက်မယ့် လုပ်ရပ်တွေ လုပ်လာပြီဆိုရင် အဲဒီသားသမီးကို သတ်ပစ်ချင်လောက်အောင် ကြောက်ကြပါတယ်။ အမျိုးကိုချစ်တဲ့ လူတွေရဲ့ စိတ်ထဲမှာလည်း ဒီအတိုင်းပါပဲ။ ကိုယ့်ပတ်ဝန်းကျင်မှာ အမျိုးကို ပျက်မယ့် လုပ်ရပ်တွေ လုပ်လာပြီးဆိုရင် ကိုယ်နဲ့သွေးသား တော်စပ်သည်ဖြစ်စေ၊ မတော်စပ်သည်ဖြစ်စေ အားလုံးက ရွံမုန်းကြပါတယ်။ ဒီနေရာလေးမှာ မြန်မာမိန်းကလေးတွေကိုပဲ အဓိကထားပြောချင်ပါတယ်။ မိန်းကလေးများဟာ ယောက်ျားလေးထက်ပိုပြီး လူမျိုးခြား ဘာသာခြားတွေ နောက် အပါများကြလို့ပဲ ဖြစ်ပါတယ်။အမျိုးသားတွေကတော့ တစ်ရာမှ တစ်ယောက်လောက်ပဲ ပါမယ် ထင်ပါတယ်။ အချို့ မြန်မာမိန်းကလေးတွေဟာ လင်ယူတဲ့နေရာမှာ တော်တော်လေးကိုပဲ စည်းပျက်ကမ်းပျက်နိုင်လွန်းလှပါတယ်။
သူတို့ဟုတ်တယ်၊ မှန်တယ်ထင်ရင် လူမျိုးမျက်နှာ ဘာသာမျက်နှာ မိဘညီအစ်ကိုမောင်နှမမျက်နှာတွေကို မထောက်မညှာဘဲ လူမျိုးခြား ဘာသာခြားတွေကို လင်လုပ်ကြပါတယ်။ သူတို့အရှက်သိက္ခာမရှိလို့ လူမျိးခြား ဘာသာခြားကို လင်လုပ်ကြပေမယ့် မြန်မာတစ်မျိုးသားလုံးရဲ့ ဂုဏ်သိက္ခာကို ထိခိုက်ညှိုးနွမ်းစေတာ အမှန်ပါပဲ။ ငါးခုံးမတစ်ကောင်နဲ့ တစ်လှေလုံးအပုပ်ခံရတာဟာ တော်တော်လေး နစ်နာဖို့ကောင်းပါတယ်။ သူတို့အရှက်မရှိ လင်ယူပက်စက်မှုတွေကြောင့် မြန်မာမတွေဟာ ငွေပေးရင်ရတယ်ဆိုတဲ့ အထင်သေးမှုကို ခံရပါတယ်။ တချို့ အမျိုးသမီးတွေကြပြန်တော့လည်း ငွေကြောင့်မဟုတ်ဘဲ အာသာဆန္ဒကြောင့်လည်း လူမျိုးခြား၊ ဘာသာခြားနောက် လိုက်ကျတာတွေရှိပါတယ်။ ဒီလိုပြောလို့ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းရာလည်း ရောက်ပါတယ်။

အချို့ မြန်မာအမျိုးသမီးတွေဆိုရင် တော်တော်ကိုပဲ စုတ်ပဲ့လွန်းပါတယ်။ သူတို့အနေနဲ့ လူမျိုးခြားဘာသာခြားကို လင်လုပ်ရတာ ရှက်ဖို့နေနေသာသာ အဲဒီလူမျိုးခြားဘာသာခြားကို လင်လုပ်နေရတာကိုပဲ ဂုဏ်ရှိတယ်လို့ ထင်နေကြပါတယ်။ အမျိုးဘာသာ သာသနာကိုမငဲ့ကွက်ဘဲ ဝတ်တာ၊ စားတာ၊ နေတာ၊ ထိုင်တာကအစ သူတို့ယောက်ျားခိုင်းတဲ့ပုံစံအတိုင်း ပြောင်းပစ်လိုက်ကြပါတယ်။ မြန်မာလူမျိုးတွေကမွေး၊ မြန်မာပြည်မှာနေ၊ မြန်မာထမင်းတွေစားပြီး မြန်မာလူမျိုးတွေရဲ့ အမျိုး၊ ဘာသာ၊ သာသနာကို ပစ်ပယ်လိုက်ခြင်းဟာ မြန်မာတစ်မျိုးသားလုံးရဲ့ ဂုဏ်သိက္ခာကို စော်ကားလိုက်သလိုမျိုးပဲဖြစ်ပါတယ်။ အဲဒီမိန်းကလေးတွေလောက် မိုက်ရိုင်းထွားကြိုင်းတာ လောကမှာ ဘယ်အရာမှ မရှိတော့ပါဘူး။
ကိုယ့်ပြည်၊ ကိုယ့်ရွာ၊ ကိုယ့်နိုင်ငံမှာနေပြီး မိဘဘိုးဘွားတွေရဲ့ အမွေအနှစ်ဖြစ်တဲ့ ဘာသာ၊ ယဉ်ကျေးမှုစတဲ့ အမျိုးသားရေးစရိုက်လက္ခဏာတွေ စွန့်လွှတ်လိုက်ရတာဟာ ဘာတွေနဲ့မှ အစားထိုးလို့ မရနိုင်တဲ့ ဆုံးရှုံးမှုပဲဖြစ်ပါတယ်။ ကိုယ့်ကြောင့် အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို မြင့်တက်အောင် မလုပ်နိင်ရင်နေပါ။ ဒါပေမယ့် ပျက်အောင်တော့ မလုပ်ဖို့ သတိထားသင့်ပါတယ်။ အချို့မြန်မာအမျိုးသမီးလေးတွေဟာ စီးပွားရေးအဆင် မပြေလို့ လူမျိးခြား ဘာသာခြားတွေရဲ့ မယားဘဝရောက်သွားကြတာတွေ၊ စီးပွားရေးအဆင်ပြေပြန်တော့လည်း အချစ်မျက်ကန်းဖြစ်သွားကြတာတွေ၊ နောက်ပြီး အချစ်နယ်ကျွံပြီး ကာမဆန္ဒရဲ့ ညွတ်ကွင်းမှာ အမိခံလိုက်တာတွေရှိပါတယ်။ ဒီမိန်းကလေးတွေဟာ များသောအားဖြင့် ကိုယ့်ဘာသာကို စွန့်လွှတ်လိုက်ရပြီး သူ့ဘာသာနောက်ကိုပဲ ပါသွားကြပါတယ်။ မွေးလာတဲ့ သားသမီးတွေဆိုရင်တော့ အထူးဆွဲဆောင်စရာ မလိုတော့ဘဲ သူ့အလိုလို လူမျိုးခြား၊ ဘာသာခြားဖြစ်သွားကြတော့တာပါပဲ။

ဒီနေရာလေးမှာ လူမျိုးခြား ဘာသာခြားနောက်ပါသွားတဲ့ မြန်မာအမျိုးသမီးကို ကြည့်ရမှာမဟုတ်ပါဘူး။ အဲဒီမြန်မာ အမျိုးသမီးက မွေးလာတဲ့ မျိုးဆက်သစ်ကိုပဲ ကြည့်ရမှာ ဖြစ်ပါတယ်။ လူမျိုးခြား ဘာသာခြားနဲ့ရတဲ့ အမျိုးသမီးဟာ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ သေသွားမှာပါပဲ။ ဒါပေမယ့် မွေးလာတဲ့ မျိုးဆက်သစ်တွေကတော့ မသေသေးဘဲ ဆက်ကာဆက်ကာ ရှင်ကျန်နေခဲ့ကြဦးမှာဖြစ်ပါတယ်။ အဲဒီမျိုးဆက်သစ်လေးတွေဟာ မြန်မာမျိုးဆက်သစ်လေးတွေ ဖြစ်မလာဘူးဆိုရင် လူမျိုးရော ဘာသာအတွက်ပါ နစ်နာပါတယ်။

ဒါဟာ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေအတွက် အပေါင်းလက္ခဏာမဟုတ်ဘူး။ အနုတ်လက္ခဏာပြတဲ့ သဘောပဲဖြစ်ပါတယ်။ ပုဂ္ဂိုလ်ရေးအရကြည့်ရင်တော့ ဘာမှထိခိုက်နစ်နာမှုမရှိပါဘူးလို့ ထင်ရပေမယ့် အမျိုးသားရေး ဘာသာရေးအနေနဲ့ ကြည့်မယ်ဆိုရင် အရှုံးကြီးရှုံး အနာကြီးနာလွန်းလှပါတယ်။ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေအနေနဲ့ အလေးအနက်ထားပြီး သိထားသင့်တာလေးက မိမိတို့ ယခုလို “ဆွေစစ် မျိုးစစ် သွေးသန့် မျိုးသန့်” တွေ ဖြစ်လာခဲ့ရတာဟာ မိဘဘိုးဘွားတွေရဲ့ ဂုဏ်ကျေးဇူးကြောင့်ဖြစ်ပါတယ်။ မိမိတို့ရဲ့ မိဘဘိုးဘွားတွေဟာ အမျိုးနဲ့ဘာသာအပေါ် သစ္စာစောင့်သိပြီး သိက္ခာရှိရှိနဲ့ စောင့်ရှောက်လာခဲ့ကြပါတယ်။ ဒီကျေးဇူးတရားတွေဟာ မိမိတို့အပေါ်မှာ တင်ကျန်နေခဲ့ပါတယ်။

အဲဒီကျေးဇူးတရားတွေကြောင့် မိမိတို့ကလည်း မိမိတို့ရင်မှ ဖြစ်လာမယ့် မျိုးဆက်သစ်တွေအပေါ် တစ်ဖန်ပြန်ပြီး ကျေးဇူးပြုရမှာဖြစ်ပါတယ်။ ကျေးဇူးပြုဆိုတယ်ဆိုတဲ့နေရာမှာလည်း ငွေကုန်ခံ၊ အလုပ်ရှုပ်ခံ၊ လူပင်ပန်းခံပြီး ကျေးဇူးပြုစရာမလိုပါဘူး။ ကိုယ့်အမျိုးပေါ်မှာ သစ္စာစောင့်သိပြီး ကိုယ့်ဘာသာအပေါ်မှာ တန်ဖိုးထားလေးစား မြတ်နိုးတတ်ရုံနဲ့တင်ပဲ ကျေးဇူးပြုပြီးသားဖြစ်သွားပါတယ်။ ကိုယ့်အမျိုးပေါ်မှာ သစ္စာစောင့်သိတဲ့လူတစ်ယောက် ဟာ အမျိုးကိုချစ်တဲ့အတွက် အမျိုးလည်း စစ်ပါတယ်။ အမျိုးစစ်ရင် ဘာသာကိုလည်း လေးစားတန်ဖိုး ထားတတ်ပါတယ်။ အမျိုးမချစ်တဲ့သူတွေဟာ အမျိုးမစစ်တော့တဲ့အတွက် ဘာသာရေးကိုလည်း လေးစားတန်ဖိုးထားတတ်ရမှန်းထားတတ်ရမှန်း မသိဖြစ်တတ်ပါတယ်။ ကိုယ်ကိုးကွယ်ယုံကြည်တဲ့ ဘာသာတရားကိုမှ လေးစားတန်ဖိုးထားတတ်ရမှန်းမသိရင် ပျောက်ကွယ်သွားနိုင်ပါတယ်။ ဘာသာပျောက်ရင်တော့ လူမျိုးလည်း ပျောက်သွားမှာသေချာပါတယ်။
ဒါကြောင့်မို့ မြန်မာလူမျိုးတိုင်း အမျိုးကိုချစ်ကြဖို့ လိုအပ်ပါတယ်။ အမျိုးချစ်မှ အမျိုးစစ်မှာပါ။ အမျိုးစစ်မှလည်း လူမျိုးရော ဘာသာပါ ပျောက်ကွယ်မသွားအောင် ထိန်းသိမ်းစောင့်ရှောက်နိုင်မှာဖြစ်ပါတယ်။ ကိုယ်နေတဲ့မြေ၊ ကိုယ်ယုံကြည်တဲ့ ဘာသာကိုမှ ထိန်းသိမ်းစောင့်ရှောက်နိုင်မှုမရှိဘူးဆိုရင် အဲဒီပုဂ္ဂိုလ်ဟာ လူလို့တောင် ပြောလို့မရပါဘူး။ ဘာမှအသိဥာဏ်မရှိတဲ့ တိရစ္ဆာန်တွေတောင်မှ သူ့ပိုင်နက်၊ ကိုယ့်ပိုင်နက်၊ သူ့အမျိုးနွယ်၊ ကိုယ့်အမျိုးနွယ်ဆိုပြီး ထိန်းသိမ်းစောင့်ရှောက်နိုင်မှုတွေ ရှိကြပါတယ်။ သူတို့ရဲ့ မျိုးဆက်သစ်တွေကိုလည်း ကမ္ဘာတည်သ၍ တည်တံ့အောင် ကြိုးစားလို့ ထိန်းသိမ်းစောင့်ရှောက်ကြပါတယ်။

အသိတရားရှိတဲ့ လူတွေဆိုရင်တော အထူးတောင်ပြောဖို့ လိုမယ်မထင်တော့ပါဘူး။ ဒါပေမယ့် အချို့မြန်မာလူမျိုးတွေဟာ ဘယ်လောက်ပဲ သိပါတယ်ပဲပြောပြော အသိတရားအပေါ်ကို သတိမထားဘဲ အသိခေါက်ခက် အဝင်နက်တာတွေရှိပါတယ်။ ကိုယ့်ကြောင့် အမျိုးပျက်မှာလည်း မကြောက်ကြသလို၊ ကိုယ့်ကြောင့် ဘာသာပျောက်မှာလည်း မကြောက်ကြပါ။ ဒါကြောင့်မို့လည်း လူမျိုးခြား၊ ဘာသာခြားကို လင်လုပ်ရမှာ မရှက်မကြောက်တာ ဖြစ်ပါတယ်။ လောကမှာ ရှက်စရာ ကြောက်စရာအကောင်းဆုံးအရာတွေ ထဲမှာ ကိုယ့်အမျိုး ကိုယ်ပြန်ဖျက်၊ ကိုယ့်ဘာသာ ကိုယ်ပြန်ဖျက်တဲ့ အလုပ်လောက် ရှက်စရာကောင်းတာ ဘယ်အရာမှ မရှိပါဘူး။
ကိုယ့်အမျိုး ကြီးပွားတိုးတက်ဖို့ ကိုယ့်ဘာသာရေရှည်တည်တံ့ခိုင်မြဲဖို့ဆိုတာ ကိုယ်ကိုယ်တိုင် တက်တက်ကြွကြွနဲ့ ပါဝင်ကူညီဆောင်ရွတ်နိုင်မှ ရနိုင်ပါတယ်။ တခြားလူမျိုး၊ တခြားဘာသာတွေကတော့ လာပြီး ကူညီဆောင်ရွတ်ပေးမှာ မဟုတ်ပါဘူး။ လာပြီးဖျက်စီးတာပဲ လုပ်ပါလိမ့်မယ်။ဒါကို မြန်မာလူမျိုးတိုင်း သဘောပေါက်ထားဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် မြန်မာမိန်းကလေးတွေအနေနဲ့ မိမိတို့ အိမ်ထောင်ပြုကြတော့မယ်ဆိုရင် ကိုယ်နဲ့အမျိုးတူ၊ ဘာသာတူ ဟုတ်ရဲ့လားဆိုတာ ပထမဆုံးထည့်စဉ်းစားသင့် ပါတယ်။ ဒီကိစ္စမျိုးဟာ ဘယ်လိုမှ အမှားခံလို့မရတဲ့ ၊ ကိစ္စဖြစ်တဲ့အတွက် သေသေချာချာလေ့လာပြီးမှ အိမ်ထောင်ပြုသင့်ပါတယ်။ အိမ်ထောင်ပြုပြီးကာမှ အမှားတွေဖြစ်ခဲ့မယ်ဆိုရင် တစ်သက်လုံး နောင်တတွေနဲ့ ဘဝမလှ တသသ ဖြစ်ရတတ်ပါတယ်။
ဒီလိုအမှားမျိုးတွေကို တစ်ချို့ မိန်းကလေးတွေဟာ သိသိကြီးနဲ့ မိုက်တွင်းနက်ပြီး မှားကြပါတယ်။ တစ်ချို့မိန်းကလေးတွေကျတော့ အသိနောက်ကျပြီးမှ မှားတတ်ကြပါတယ်။ ဘယ်လိုအမှားမျိုးပဲ ဖြစ်ဖြစ် ဒါဟာ ဘယ်လိုမှ မဖြစ်သင့်တဲ့အမှားပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့ မြန်မာမိန်းကလေးများအနေနဲ့ မိမိရဲ့ အနာဂတ်ရင်သွေးငယ်များ အမျိုးစစ်စစ်၊ ဘာသာစစ်စစ်၊ သွေးသားစစ်စစ် ဖြစ်စေဖို့အတွက် အိမ်ထောင်ပြုတဲ့ နေရာမှာ သေသေချာချာ ဂဃနဏ စေ့စေ့စပ်စပ်လေ့လာ သုံးသပ်ဆုံးဖြတ်ပြီးမှ ဘာသာတူ လူမျိုးတူ များနှင့် အိမ်ထောင်ပြုသင့်ကြောင်း အသိပေးရင်း တဆက်တည်းအနေနဲ့ ဈေးဝယ်မည်ဆိုပါကလည်း သေသေချာချာ စေ့စေ့စပ်စပ် ဆင်ခြင်သုံးသပ်ပြီး ကိုယ့်နဲ့ ဘာသာတူ လူမျိုးတူဆိုင်များမှာဝယ်ယူအားပေးပါရန်နှင့် မိတ်ဆွေအပေါင်းအသင်း ပေါင်းသင်းတော့မည်ဆိုပါလျှင်လည်း သေသေချာချာ စေ့စေ့စပ်စပ် ဆင်ခြင်စဉ်းစားပြီးမှ မိမိတို့နှင့် ဘာသာတူ လူမျိုးအချင်းချင်းသာ ပေါင်းသင်းဆက်ဆံပါလို့ အနူးအညွတ် တောင်းပန်ရေးသားလိုက်ပါသည်။

ဖိုးပညော(သပိတ်ကျင်း)၏ ဒို့အမျိုး ဒို့ဘာသာ မကွယ်ပျောက်စေဖို့စာအုပ်မှ ကောက်နှုတ်ဖြည့်စွက်ရေးသားပါသည်။
စာဖတ်သူအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာပြီး လိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။
မေတ္တာဖြင့်-အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)


From
မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသားရေး လှုပ်ရှားမှု ကော်မတီ (M.N.M.C)

ကမ္ဘာ့ရွှေဈေး ဆက်တိုက်ကျ၊ မြန်မာ့ရွှေဈေး ကျပ် ၇ သိန်းအောက် အကျဈေး၌ ဆက်ရှိ


21-5-2013
ကမ္ဘာ့ရွှေဈေးမှာ တစ်ပတ်အတွင်း ဒေါ်လာ ၁၀၀ နီးပါးအထိ ဆက်တိုက် ထိုးဆင်းနေသည့် အတွက် မြန်မာ့ရွှေဈေးမှာလည်း အကျဈေး၌သာ ဆက်ရှိနေမည်ဟု သိရသည်။
ကမ္ဘာ့ရွှေဈေးမှာ မေလ ၁၂ ရက်နေ့က တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၄၄၁ ကျော် ရှိနေရာမှ မေလ ၂၀ ရက်နေ့တွင် ၁၃၄၃ ဒေါ်လာအထိ ဆက်တိုက် ထိုးဆင်းလျက် ရှိသည်။
ယခု ကမ္ဘာ့ရွှေဈေး ကျဆင်းမှုမှာ ၂၀၁၃ ခုနှစ်အတွင်း ဒုတိယအကြိမ်မြောက် အဆိုးရွားဆုံး ထိုး ဆင်းခြင်းဖြစ်ကြောင်း၊ ပထမအကြိမ်အဖြစ် ဧပြီလ ၁၂ ရက်နေ့ကလည်း တစ်အောင်စလျှင် ၁၃၃၈ ဒေါ်လာ အထိ ထိုးဆင်းခဲ့သည်။
တစ်အောင်စ ၁၃၃၈ ဒေါ်လာသို့ ထိုးဆင်းပြီး နောက်ပိုင်းတွင် ကမ္ဘာ့ရွှေဈေးမှာ ဒေါ်လာ ၁၄၀၀ ကျော် အထိ ပြန်လည်မြင့်တက် ခဲ့သော်လည်း ယခုအခါ ပြန်လည်၍ ကျဆင်းနေခြင်း ဖြစ်သည်။
ပထမအကြိမ် ကျဆင်းမှု၏ အဓိက အချက်မှာ နိုင်ငံတကာ ဘဏ်များမှ ရွှေထုတ်ရောင်းခြင်းကြောင့် ဖြစ်ပြီး ယခုအကြိမ် ကျဆင်းရသည့် အဓိကအချက်မှာ အမေရိကန် ဒေါ်လာတန်ဖိုး မြင့်တက်လာသည့် အတွက် ဖြစ်ကြောင်းနှင့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများမှ စတော့ဈေးကွက်အတွင်း ဒေါ်လာတန်ဖိုး အမြင့်ဈေး၌ ရှိစေရန် ထိန်းထားသည့်အတွက် ဖြစ်ကြောင်း သိရသည်။
ကမ္ဘာ့ရွှေဈေး ကျဆင်းမှုကြောင့် မြန်မာ့ရွှေဈေးမှာလည်း မေလ ၁၅ ရက် နေ့က တစ်ကျပ်သားလျင် ကျပ် ၇၁၃၅၀၀ ရှိရာမှ မေလ ၁၆ ရက်နေ့တွင် ၇၀၉၅၀၀ သို့လည်းကောင်း၊ မေလ ၁၇ ရက်နေ့တွင် ၇၀၃၅၀၀ သို့လည်းကောင်း၊ မေလ ၁၈ ရက်နေ့တွင် ၆၉၈၀၀၀ သို့လည်းကောင်း ဆက်တိုက် ထိုးဆင်းခဲ့သည်။
ယခုမေလ ၂၀ ရက်နေ့တွင်လည်း အဆိုပါ အကျဈေးဖြစ်သော တစ်ကျပ်သား ကျပ် ၆၉၈၀၀၀ ဖြင့် ဈေးစဖွင့် ခဲ့ကြောင်းနှင့် ယခင်က ရွှေဈေးထိုးဆင်းလျှင် ၀ယ်စုသူ များပြားသော်လည်း ယခုအကြိမ်၌မူ ၀ယ်စုသူ နည်းပါးလျက်ရှိကြောင်း သိရသည်။
From...Eleven

နိုင်ငံသားစီစစ်ရေးကဒ် မရှိသေး၍ KNU/KNLA PC စီးပွားရေးလုပ်ကိုင်ရန် ခက်ခဲ


Tuesday, May 21, 2103
ရန်ကုန် (မဇ္ဈမ)။ ။ KNU/KNLA PC (ငြိမ်းချမ်းရေးကောင်စီ)သည် အစိုးရက လုပ်ပိုင်ခွင့်ပေးမည်ဆိုပါက လေကြောင်းလိုင်း
ပြေးဆွဲခြင်းနှင့် အခြေခံအဆောက်အအုံနှင့်ဆိုင်သော စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်လိုသော်လည်း နိုင်ငံသား စီစစ်ရေး ကဒ်မရှိဟု KNU/ KNLA PC (ငြိမ်းချမ်းရေး ကောင်စီ)မှ အထူးစစ်ဗျူဟာမှူး ဗိုလ်မှူးကြီး တိုက်ဂါးက မဇ္ဈိမကိုပြောသည်။
အထူးစစ်ဗျူဟာမှူး ဗိုလ်မှူးကြီးတိုက်ဂါးက "ကျွန်တော်တို့အစီအစဉ်ရှိတယ်။ အခွင့်အရေးရှိပြီဆိုရင် ကျွန်တော်တို့ လေယာဉ်ပျံတွေ ဆွဲမယ်။ ယိုးဒယားနဲ့ ရန်ကုန်ပြေးဆွဲမယ်။ မဲဆောက်နဲ့ မော်လမြိုင်တို့ အခု ကျွန်တော့် တပည့်တွေ လုပ်ထားတာတွေ ရှိတယ်။ ယိုးဒယားမှာ။ ကျွန်တော်လည်းလုပ်ချင်တယ်။ ဒါပေမယ့် မှတ်ပုံတင် မရှိဘူး ”ဟု ပြောသည်။
KNU/KNLA PC (ငြိမ်းချမ်းရေးကောင်စီ) အနေဖြင့် စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရန် ဆန္ဒရှိသော်လည်း အစိုးရမှ လုပ်ပိုင်ခွင့်မပေးကြောင်း ၊ ထို့အပြင် ကုမ္ပဏီထောင်မည် ဆိုပါက နိုင်ငံသား စီစစ်ရေး ကတ်ပြား ရှိရန် လိုအပ်သော်လည်း လက်နက်ကိုင်အဖွဲ့များ အနေဖြင့် မရရှိသေးသောကြောင့် စီးပွားရေး လုပ်ကိုင်ရန် မလွယ်ကြောင်း ဗိုလ်မှူးတိုက်ဂါးကပြောသည်။
ဗိုလ်မှူးတိုက်ဂါးက "မှတ်ပုံတင်က အကိုသွားလုပ်တာ တစ်နှစ်ကျော်ရှိပြီ။ ကိုယ်တိုင်သွားလုပ်တာ မရသေးဘူး။ ပြောတော့ ဗိုလ်မှူးတိုက်ဂါး ဘာမှမပူနဲ့ ၃ရက်အတွင်းလုပ်ပေးမယ်ပြောတယ်။ ကျွန်တော်တို့စဉ်းစားတာ။ မှတ်ပုံတင်မရရင် ကရင်မှတ်ပုံတင်လုပ်မယ်။ ကရင်ပြည်နယ်မှာ ကရင်ဘယ်နှယောက်ရှိလဲ။ စာရင်းကောက် မယ်။ ကျွန်တော်တို့ကရင်မှတ်ပုံ ကျွန်တော်တို့လုပ်မယ်။" ဟု ဆိုသည်။
ထို့အပြင် KNU/KNLA PC အနေဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ အခြေခံ အဆောက်အအုံ (Infranstructure) နှင့် ဆိုင်သော လမ်းဖောက်လုပ်ရေး၊ လျှပ်စစ်မီးကိစ္စများကို BOT (တည်ဆောက်၊ လုပ်ကိုင်၊ လွဲပြောင်း) စနစ်ဖြင့် လုပ်ကိုင်လိုကြောင်း KNU/KNLA PC(ငြိမ်းချမ်းရေးကောင်စီ) ဗဟိုကော်မတီမှ ပြည်သူ့ဆက်ဆံရေးနဲ့ နိုင်ငံခြားရေးရာ အကြီးအကဲ ဒေါက်တာ သေမထီ လက်ခ်လန်က မဇ္ဈိမကိုပြောသည်။
KNU/KNLA PC (ငြိမ်းချမ်းရေးကောင်စီ)နှင့် ကရင်ပြည်နယ်ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ က နေပြည်တော်တွင် ပဏာမသဘောတူစာချုပ်ချုပ်ဆိုခဲ့ပြီး အချက်ခုနှစ်ချက် သဘောတူညီခဲ့သည်။ ထိုသဘောတူညီချက်တွင် စီးပွားရေးနှင့် ပတ်သက်သောအချက်အနေဖြင့် ကုမ္ပဏီ၏စီးပွားရေး၊ ဆက်ဆံရေးရုံးများကို ဘားအံ၊ မြဝတီ၊ ဘုရားသုံးဆူ၊
ကော့ကရိတ်၊ မောတောင်၊ ကော့သောင်းတို့တွင် ထားရှိရမည်ဟု ပါရှိသည်။
ထိုကိစ္စနှင့်ပတ်သက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီနှင့် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မင်းတို့အား မဇ္ဈိမက ဆက်သွယ်မေးမြန်းရန် ကြိုးစားခဲ့သော်လည်း ဆက်သွယ်မရခဲ့ပေ။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးဦးခင်ရီနှင့် Norwegian Refugee Council(NRC)တို့မှ ၂၀၁၂ခုနှစ်တွင် KNU ထိန်းချုပ်နယ်မြေထဲမှာရှိသော ပဲခူးတိုင်း ကျောက်ကြီးမြို့၊ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့တစ်ဝိုက်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်များတွင် မိုးပွင့်စီမံချက် အဖြစ် အသက်၁၀နှစ်အရွယ်မှစကာ နိုင်ငံသား စိစစ်ရေး ကတ်ပြားများ အခမဲ့ ဆောင်ရွက်ပေးခဲ့သည်။
Mizzima

Thursday, January 24, 2013

မိန်းကလေးများ အလေးမထားမိသည့် ကျန်းမာရေး ထိခိုက်စေနိုင်သော အချက်များ


မိန်းကလေးများ အလေးမထားမိသည့် ကျန်းမာရေး ထိခိုက်စေနိုင်သော အချက်များ

မိန်းကလေးတွေဟာ အလှအပနောက်ကို လိုက်ရင်း ကျန်းမာရေး ထိခိုက် စေနိုင်တာတွေကို အလေးမထား မိတာမျိုး ဖြစ်တတ်ကြ ပါတယ်။

(၁) စိတ်ညစ်တိုင်း အစာစားလေ့ရှိခြင်း

ယောကျာ်းလေးအများစုက ပျော် ရွှင်တဲ့အခါမျိုးမှာ အစာပိုစား တတ်ကြပြီး မိန်းကလေးတွေကတော့ စိတ်ညစ်တဲ့အခါမှာ အချိုနဲ့ ကယ်လိုရီများတဲ့ အစားအစာတွေကို ပိုစားလေ့ရှိပါတယ်။ စိတ်ညစ်လို့ စားတဲ့အစားအစာတွေ က သင့်ခါးအနေအထားကို ပြောင်းလဲ စေပြီး သင့်ကို ဝလာစေပါတယ်။ စိတ် ညစ်တာကို အစာစားပြီး ဖြေဖျောက်ဖို့ ကြိုးစားတာထက် လေ့ကျင့်ခန်း လုပ်တာ၊ ယောဂကျင့်တာ၊ အပေါင်းအသင်းတွေနဲ့ ပျော်ပျော်ပါးပါး နေတာ တွေနဲ့ အစားထိုး လုပ်ဆောင်ကြည့်ပါ။

(၂) ဝသည်ဟု ထင်မြင်နေခြင်း

မိန်းကလေးတွေက ခန္ဓာကိုယ်ကို ဝတယ်လို့ သူများပြောမှာကို ကြောက်ရွံ့ တတ်ကြပြီး ဝိတ်ချနေတယ်လို့လည်း တွင်တွင် ပြောတတ်ကြ ပါတယ်။ လေ့လာ မှုအရ မိန်းကလေးတွေရဲ့ ၉၀ ရာခိုင်နှုန်း လောက်က သူတို့ရဲ့ ခန္ဓာကိုယ်ပုံပန်း သဏ္ဌာန်ကို ပြုပြင်လိုကြပါတယ်။ ခန္ဓာကိုယ်က အဆီတွေကို ခွဲစိတ် ဖယ်ရှားနိုင်တယ်ဆိုပေမယ့် အစားအ သောက်နဲ့ ကိုယ်အလေးချိန် လျှော့ချတာ က အကောင်းဆုံးနည်းလမ်းပါ။

(၃) မိတ်ကပ်မဖျက်ဘဲ အိပ်စက်ခြင်း

ညအိပ်တဲ့အခါ မိတ်ကပ်မဖျက်ဘဲ အိပ်စက်တာကြောင့် တစ်နေကုန် မျက် နှာပေါ်မှာ လိမ်းခြယ်ထားတဲ့ မိတ်ကပ် တွေ၊ ကပ်ငြိနေတဲ့ ဖုန်တွေနဲ့ ထွက်လာတဲ့ ချွေးတွေ မျက်နှာမှာရှိတဲ့ ချွေးပေါက်တွေကို ပိတ်စေပါတယ။် မျက်လုံးမှာ ဆိုးထားတဲ့ မျက်တောင်ကော့ဆေးရည်ကို မဖျက်ဘဲ အိပ်တာက မျက်လုံးကို ယားယံတာ၊ ပိုး ဝင်တာတွေကို ဖြစ်စေပါတယ်။ ညအိပ်ရာမဝင်မီ သင့်မျက်နှာမှာ လိမ်းခြယ်ထားတဲ့ မိတ်ကပ်တွေကို သေ ချာစွာ သန့်စင်ပေးဖို့လိုပါတယ်။ မျက်နှာ သန့်စင်ရာမှာ ကြေးချွတ်အားမပြင်းတဲ့ မျက်နှာသစ်ဆေးရည်ကို အသုံးပြုပါ။ မျက်နှာသစ်ပြီးပါက အစိုဓာတ်ထိန်းပေး နိုင်တဲ့ ညလိမ်းခရင်မ်လိမ်းအိပ်ပါ။

(၄) ယောကျာ်းလေးများနှင့် ရင်ပေါင်တန်းကာ သောက်စားခြင်း

ဒီကနေ့ခေတ်မှာ မိန်းကလေးတွေဟာ ယောကျာ်းလေးတွေနဲ့ ရင်ပေါင် တန်းကာ မူးယစ်သောက်စား တတ်လာပါတယ်။ ဒါဟာ ကောင်းတဲ့ အမူအကျင့်တော့ မဟုတ်ပေမယ့် လက်ခံကျင့်သုံးသူ များလာပါတယ်။ မိန်းကလေးတွေဟာ ယောကျာ်းလေးတွေထက် ခန္ဓာကိုယ်အနည်းငယ် ပိုပြီးသေးသွယ်တာကြောင့် အရက်ရဲ့ပြင်းအားကို လျှော့ချဖို့ ခန္ဓာ ကိုယ်မှာ ရေဓာတ်အသုံးပြုမှု အနည်းငယ် ပိုနည်းပါတယ်။ လူမှုရေးအရ အပေါင်းအသင်းတွေနဲ့ ဆက်ဆံရေးမပျက်ချင်ဘူးဆိုတဲ့ ဆင်ခြေတစ်ခုနဲ့တော့ အရက်ဆက်သောက် မနေသင့်ပါဘူး။ အရက်က ခန္ဓာကိုယ်ကို ဆိုးကျိုးများ စွာဖြစ်စေတယ်ဆိုတာ သင်သိပြီးသားဖြစ်ပါလိမ့်မယ်။ သင့်အနေနဲ့ လုံးဝမသောက်သုံးလို့ မဖြစ်တဲ့အခြေအနေမျိုးမှာ အရက်နဲ့ အချိုရည်ကို တစ်လှည့် စီသောက်ပြီး အရက်သောက်သုံးမယ့် ပမာဏကို လျှော့ချပါ။

(၅) ဘရာစီယာအရွယ်အစား မှားယွင်းစွာ ဝတ်ဆင်နေမိခြင်း

မိန်းကလေးတွေရဲ့ ၇၀ ရာခိုင်နှုန်း လောက်က ဘရာစီယာအရွယ်အစားကို မှားယွင်းစွာ ဝတ်ဆင်ထားတတ်ကြပါတယ်။ ကိုယ့်ခန္ဓာကိုယ်နဲ့ မကိုက်ညီတဲ့ ဘရာစီယာကို ဝတ်ဆင်တာက သင်ရဲ့ ဝတ်စားဆင်ယင်မှုကို ကြည့်ရဆိုးစေရုံ သာမက နောက်ကျော၊ လည်ပင်းနဲ့ ရင် သားနာကျင်မှုတွေကို ဖြစ်စေပါတယ်။ ဒါ့အပြင် အသက်ရှူကျပ်တာ၊ ကိုယ်ခန္ဓာ အနေအထားပုံစံမကျတာ၊ အရေပြား ယားယံတာ၊ သွေးလှည့်ပတ်မှုမကောင်းတာနဲ့ ဝမ်းဗိုက်မအီမသာ ဖြစ်တာတွေ အထိ ဖြစ်စေနိုင်ပါတယ်။ သင့်ခန္ဓာကိုယ်နဲ့ ရင်သားအရွယ် အစားကို သေချာစွာ သိအောင်လေ့လာပါ။ ဘရာစီယာ ဝယ်ယူတဲ့အခါ ရင်သားကို အထောက်အပံ့ ကောင်းကောင်းပေး နိုင်ပြီး သင့်ရင်သားအရွယ်အစားနဲ့ ကိုက် ညီတာကို ရွေးချယ်ဝယ်ယူပါ။

(၆) အတိတ်ကဖြစ်ရပ်များကို မမေ့ပျောက်နိုင်ခြင်း

စိတ်ဖိစီးမှုက သင့်စိတ်ရော၊ ခန္ဓာကိုယ်ပါ ကျန်းမာမှုအတွက် အဟန့်အတား ဖြစ်စေပါတယ်။ မိန်းကလေးတွေက ယောကျာ်းလေးတွေထက် စိတ်ဖိစီးမှုနဲ့ ဆက်စပ်နေတဲ့ စိတ်ဓာတ်ကျတာနဲ့ စိုးရိမ် စိတ်များတာတွေကို နှစ်ဆပိုမို ခံစားတတ် ကြပါတယ်။ သုတေသီတွေရဲ့ လေ့လာမှုအရ မိန်းကလေးတွေဟာ ယောကျာ်းလေးတွေထက် အတိတ်က အကြောင်းအရာတွေကို မမေ့ပျောက် နိုင်ဘဲ တမ်းတပူဆွေးမှုတွေ လွန်ကဲနေတတ် ပါတယ်။ စိတ်ငြိမ်အောင် တရား ထိုင်တာ၊ ယောဂ ကျင့်တာတွေက စိတ်ဖိစီးမှုတွေကို လျော့ ကျအောင် ကူညီပေးနိုင်ပါတယ်။

(၇) လေးလံလွန်းသော ဘေးလွယ်အိတ်

မိန်းကလေးအများစုက သူတို့ အသုံးအဆောင်တွေကို သွားလေရာမှာ အဆင်ပြေပြေ အသုံးပြုနိုင်အောင် အိတ်ထဲထည့်ပြီး ယူဆောင် တတ်ကြပါ တယ်။ အသေးအဖွဲလေးတွေဆိုပေမယ့် အားလုံး စုပေါင်းလိုက်တဲ့အခါ သင့်ပခုံးကို ဝန်ပိစေပြီး ကြာရှည်လာတဲ့အခါ သင့်ကျန်း မာရေးကို ဒုက္ခပေးနိုင် ပါတယ်။ သင့်ဘေးလွယ်အိတ် အရွယ်အစားက သိပ်ကြီးလွန်းနေရင် အနေတော် အရွယ်အိတ်ကို ပြောင်းပါ၊ အိတ်ထဲမှ မလိုအပ်တဲ့ အသုံး အဆောင် တွေကို တစ်ပတ်တစ်ခါ ရှင်းလင်းဖယ်ရှားပေးပါ။

(၈) ဒေါက်မြင့်ဖိနပ်စီးခြင်း

ဒေါက်မြင့်ဖိနပ်စီးတာက ခန္ဓာကိုယ် မှအဆစ်အပေါ် ဖိအားကျရောက်စေပြီး အရိုးအဆစ်ရောင်ရမ်းတာ၊ ခြေမ နာကျင်တာ၊ ခါးနာတာနဲ့ အရွတ်မှာ ဒဏ်ဖြစ်တာတွေဖြစ်စေပါတယ်။ ဒေါက်မြင့်ဖိနပ်ကြောင့်ဖြစ်ရတဲ့ ဒဏ်တွေ သက်သာစေဖို့ နေ့စဉ်စီးတဲ့ ဖိနပ်ရဲ့ ဒေါက်အမြင့်ဟာ တစ်လက်မခွဲ ထက် မပိုသင့်ပါဘူး။ သင်စီးတဲ့ဖိနပ်ဟာ အဆစ်အပေါ် ဒဏ်မပိစေတဲ့ ဖိနပ်မျိုး ဖြစ်ရပါမယ်။

(၉) အိပ်ရေးဝ၀ မအိပ်စက်ခြင်း

ကံမကောင်းစွာဘဲ မိန်းကလေးတွေက ယောကျာ်းလေးတွေထက် အိပ်ရေး ပျက်တာကို ပိုမိုခံစားရတတ်ပါတယ်လို့ မစ်ချီကန်တက္ကသိုလ်မှ လေ့လာမှုအရ သိရပါတယ်။ အိပ်ပျက်များတဲ့ မိန်းကလေးတွေက အစာစားချင်စိတ် ဖြစ်ပေါ် စေပြီး နှလုံးရောဂါ ဖြစ်ပွားနှိုင်ခြေကလည်း မြင့်မားစေပါတယ်။ နှစ်နှစ် ခြိုက်ခြိုက် အိပ်ပျော်စေဖို့ ညဘက်အိပ်ခါနီးမှာ ကဖင်းဓာတ်ပါတဲ့ ကော်ဖီ၊ လက်ဖက်ရည်နဲ့ တခြားအချို ရည်တွေ မသောက်ပါနဲ့။ အိပ်ရာဝင်ခါနီး လေ့ကျင့်ခန်း လုပ်တာကိုလည်း ရှောင်ပါ။ အိပ်ခါနီး နွားနို့ပူပူတစ်ခွက် သောက်တာ၊ ကြက်သီးနွေးရေနဲ့ ရေချိုးပေးတာတွေက သင့်ကို နှစ်နှစ် ခြိုက်ခြိုက် အိပ်ပျော်စေဖို့ ကူညီပေးပါတယ်။

(၁၀) သားသမီးများကို ဂရုစိုက်နေရခြင်း

မိန်းကလေးတွေက ကိုယ့်ကိုယ်ကိုယ် ကျန်းမာဖို့အပြင် အိမ်ထောင် ထိန်းသိမ်း ရတဲ့ တာဝန်လည်း ရှိတာကြောင့် အိမ်သားတွေရဲ့ ကျန်းမာရေး ကိုလည်း ဂရုပြုရပါတယ်။ အထူးသဖြင့် သားသမီးတွေ နေမကောင်းတဲ့အခါ၊ ထိခိုက် ဒဏ်ရာရတဲ့အခါ အိမ်ထောင်ရှင်မမှာ တာဝန် အပိုတွေ ပိစေပါတယ်။ သင့်ကလေးငယ်တွေ အအေးမမိအောင် မိုးရေထဲ ထွက်ဆော့တာကို တားမြစ်ပါ။ ကလေးတွေဟာ ပြေးလွှား ဆော့ကစား တတ်ကြတာကြောင့် အိမ်တွင်း၊ အိမ်ပြင်မှာ ချော်လဲနိုင်တာ၊ တိုက်မိခိုက်မိနိုင်တာတွေကို ရှင်းလင်းထားပါ။

ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်)

---------------------------------
Post From : Aye Chan Mon


မိန်းကလေးတွေဟာ အလှအပနောက်ကို လိုက်ရင်း ကျန်းမာရေး ထိခိုက် စေနိုင်တာတွေကို အလေးမထား မိတာမျိုး ဖြစ်တတ်ကြ ပါတယ်။


(၁) စိတ်ညစ်တိုင်း အစာစားလေ့ရှိခြင်း

ယောကျာ်းလေးအများစုက ပျော် ရွှင်တဲ့အခါမျိုးမှာ အစာပိုစား တတ်ကြပြီး မိန်းကလေးတွေကတော့ စိတ်ညစ်တဲ့အခါမှာ အချိုနဲ့ ကယ်လိုရီများတဲ့ အစားအစာတွေကို ပိုစားလေ့ရှိပါတယ်။ စိတ်ညစ်လို့ စားတဲ့အစားအစာတွေ က သင့်ခါးအနေအထားကို ပြောင်းလဲ စေပြီး သင့်ကို ဝလာစေပါတယ်။ စိတ် ညစ်တာကို အစာစားပြီး ဖြေဖျောက်ဖို့ ကြိုးစားတာထက် လေ့ကျင့်ခန်း လုပ်တာ၊ ယောဂကျင့်တာ၊ အပေါင်းအသင်းတွေနဲ့ ပျော်ပျော်ပါးပါး နေတာ တွေနဲ့ အစားထိုး လုပ်ဆောင်ကြည့်ပါ။

(၂) ဝသည်ဟု ထင်မြင်နေခြင်း

မိန်းကလေးတွေက ခန္ဓာကိုယ်ကို ဝတယ်လို့ သူများပြောမှာကို ကြောက်ရွံ့ တတ်ကြပြီး ဝိတ်ချနေတယ်လို့လည်း တွင်တွင် ပြောတတ်ကြ ပါတယ်။ လေ့လာ မှုအရ မိန်းကလေးတွေရဲ့ ၉၀ ရာခိုင်နှုန်း လောက်က သူတို့ရဲ့ ခန္ဓာကိုယ်ပုံပန်း သဏ္ဌာန်ကို ပြုပြင်လိုကြပါတယ်။ ခန္ဓာကိုယ်က အဆီတွေကို ခွဲစိတ် ဖယ်ရှားနိုင်တယ်ဆိုပေမယ့် အစားအ သောက်နဲ့ ကိုယ်အလေးချိန် လျှော့ချတာ က အကောင်းဆုံးနည်းလမ်းပါ။

(၃) မိတ်ကပ်မဖျက်ဘဲ အိပ်စက်ခြင်း

ညအိပ်တဲ့အခါ မိတ်ကပ်မဖျက်ဘဲ အိပ်စက်တာကြောင့် တစ်နေကုန် မျက် နှာပေါ်မှာ လိမ်းခြယ်ထားတဲ့ မိတ်ကပ် တွေ၊ ကပ်ငြိနေတဲ့ ဖုန်တွေနဲ့ ထွက်လာတဲ့ ချွေးတွေ မျက်နှာမှာရှိတဲ့ ချွေးပေါက်တွေကို ပိတ်စေပါတယ။် မျက်လုံးမှာ ဆိုးထားတဲ့ မျက်တောင်ကော့ဆေးရည်ကို မဖျက်ဘဲ အိပ်တာက မျက်လုံးကို ယားယံတာ၊ ပိုး ဝင်တာတွေကို ဖြစ်စေပါတယ်။ ညအိပ်ရာမဝင်မီ သင့်မျက်နှာမှာ လိမ်းခြယ်ထားတဲ့ မိတ်ကပ်တွေကို သေ ချာစွာ သန့်စင်ပေးဖို့လိုပါတယ်။ မျက်နှာ သန့်စင်ရာမှာ ကြေးချွတ်အားမပြင်းတဲ့ မျက်နှာသစ်ဆေးရည်ကို အသုံးပြုပါ။ မျက်နှာသစ်ပြီးပါက အစိုဓာတ်ထိန်းပေး နိုင်တဲ့ ညလိမ်းခရင်မ်လိမ်းအိပ်ပါ။

(၄) ယောကျာ်းလေးများနှင့် ရင်ပေါင်တန်းကာ သောက်စားခြင်း

ဒီကနေ့ခေတ်မှာ မိန်းကလေးတွေဟာ ယောကျာ်းလေးတွေနဲ့ ရင်ပေါင် တန်းကာ မူးယစ်သောက်စား တတ်လာပါတယ်။ ဒါဟာ ကောင်းတဲ့ အမူအကျင့်တော့ မဟုတ်ပေမယ့် လက်ခံကျင့်သုံးသူ များလာပါတယ်။ မိန်းကလေးတွေဟာ ယောကျာ်းလေးတွေထက် ခန္ဓာကိုယ်အနည်းငယ် ပိုပြီးသေးသွယ်တာကြောင့် အရက်ရဲ့ပြင်းအားကို လျှော့ချဖို့ ခန္ဓာ ကိုယ်မှာ ရေဓာတ်အသုံးပြုမှု အနည်းငယ် ပိုနည်းပါတယ်။ လူမှုရေးအရ အပေါင်းအသင်းတွေနဲ့ ဆက်ဆံရေးမပျက်ချင်ဘူးဆိုတဲ့ ဆင်ခြေတစ်ခုနဲ့တော့ အရက်ဆက်သောက် မနေသင့်ပါဘူး။ အရက်က ခန္ဓာကိုယ်ကို ဆိုးကျိုးများ စွာဖြစ်စေတယ်ဆိုတာ သင်သိပြီးသားဖြစ်ပါလိမ့်မယ်။ သင့်အနေနဲ့ လုံးဝမသောက်သုံးလို့ မဖြစ်တဲ့အခြေအနေမျိုးမှာ အရက်နဲ့ အချိုရည်ကို တစ်လှည့် စီသောက်ပြီး အရက်သောက်သုံးမယ့် ပမာဏကို လျှော့ချပါ။

(၅) ဘရာစီယာအရွယ်အစား မှားယွင်းစွာ ဝတ်ဆင်နေမိခြင်း

မိန်းကလေးတွေရဲ့ ၇၀ ရာခိုင်နှုန်း လောက်က ဘရာစီယာအရွယ်အစားကို မှားယွင်းစွာ ဝတ်ဆင်ထားတတ်ကြပါတယ်။ ကိုယ့်ခန္ဓာကိုယ်နဲ့ မကိုက်ညီတဲ့ ဘရာစီယာကို ဝတ်ဆင်တာက သင်ရဲ့ ဝတ်စားဆင်ယင်မှုကို ကြည့်ရဆိုးစေရုံ သာမက နောက်ကျော၊ လည်ပင်းနဲ့ ရင် သားနာကျင်မှုတွေကို ဖြစ်စေပါတယ်။ ဒါ့အပြင် အသက်ရှူကျပ်တာ၊ ကိုယ်ခန္ဓာ အနေအထားပုံစံမကျတာ၊ အရေပြား ယားယံတာ၊ သွေးလှည့်ပတ်မှုမကောင်းတာနဲ့ ဝမ်းဗိုက်မအီမသာ ဖြစ်တာတွေ အထိ ဖြစ်စေနိုင်ပါတယ်။ သင့်ခန္ဓာကိုယ်နဲ့ ရင်သားအရွယ် အစားကို သေချာစွာ သိအောင်လေ့လာပါ။ ဘရာစီယာ ဝယ်ယူတဲ့အခါ ရင်သားကို အထောက်အပံ့ ကောင်းကောင်းပေး နိုင်ပြီး သင့်ရင်သားအရွယ်အစားနဲ့ ကိုက် ညီတာကို ရွေးချယ်ဝယ်ယူပါ။

(၆) အတိတ်ကဖြစ်ရပ်များကို မမေ့ပျောက်နိုင်ခြင်း

စိတ်ဖိစီးမှုက သင့်စိတ်ရော၊ ခန္ဓာကိုယ်ပါ ကျန်းမာမှုအတွက် အဟန့်အတား ဖြစ်စေပါတယ်။ မိန်းကလေးတွေက ယောကျာ်းလေးတွေထက် စိတ်ဖိစီးမှုနဲ့ ဆက်စပ်နေတဲ့ စိတ်ဓာတ်ကျတာနဲ့ စိုးရိမ် စိတ်များတာတွေကို နှစ်ဆပိုမို ခံစားတတ် ကြပါတယ်။ သုတေသီတွေရဲ့ လေ့လာမှုအရ မိန်းကလေးတွေဟာ ယောကျာ်းလေးတွေထက် အတိတ်က အကြောင်းအရာတွေကို မမေ့ပျောက် နိုင်ဘဲ တမ်းတပူဆွေးမှုတွေ လွန်ကဲနေတတ် ပါတယ်။ စိတ်ငြိမ်အောင် တရား ထိုင်တာ၊ ယောဂ ကျင့်တာတွေက စိတ်ဖိစီးမှုတွေကို လျော့ ကျအောင် ကူညီပေးနိုင်ပါတယ်။

(၇) လေးလံလွန်းသော ဘေးလွယ်အိတ်

မိန်းကလေးအများစုက သူတို့ အသုံးအဆောင်တွေကို သွားလေရာမှာ အဆင်ပြေပြေ အသုံးပြုနိုင်အောင် အိတ်ထဲထည့်ပြီး ယူဆောင် တတ်ကြပါ တယ်။ အသေးအဖွဲလေးတွေဆိုပေမယ့် အားလုံး စုပေါင်းလိုက်တဲ့အခါ သင့်ပခုံးကို ဝန်ပိစေပြီး ကြာရှည်လာတဲ့အခါ သင့်ကျန်း မာရေးကို ဒုက္ခပေးနိုင် ပါတယ်။ သင့်ဘေးလွယ်အိတ် အရွယ်အစားက သိပ်ကြီးလွန်းနေရင် အနေတော် အရွယ်အိတ်ကို ပြောင်းပါ၊ အိတ်ထဲမှ မလိုအပ်တဲ့ အသုံး အဆောင် တွေကို တစ်ပတ်တစ်ခါ ရှင်းလင်းဖယ်ရှားပေးပါ။

(၈) ဒေါက်မြင့်ဖိနပ်စီးခြင်း

ဒေါက်မြင့်ဖိနပ်စီးတာက ခန္ဓာကိုယ် မှအဆစ်အပေါ် ဖိအားကျရောက်စေပြီး အရိုးအဆစ်ရောင်ရမ်းတာ၊ ခြေမ နာကျင်တာ၊ ခါးနာတာနဲ့ အရွတ်မှာ ဒဏ်ဖြစ်တာတွေဖြစ်စေပါတယ်။ ဒေါက်မြင့်ဖိနပ်ကြောင့်ဖြစ်ရတဲ့
ဒဏ်တွေ သက်သာစေဖို့ နေ့စဉ်စီးတဲ့ ဖိနပ်ရဲ့ ဒေါက်အမြင့်ဟာ တစ်လက်မခွဲ ထက် မပိုသင့်ပါဘူး။ သင်စီးတဲ့ဖိနပ်ဟာ အဆစ်အပေါ် ဒဏ်မပိစေတဲ့ ဖိနပ်မျိုး ဖြစ်ရပါမယ်။

(၉) အိပ်ရေးဝ၀ မအိပ်စက်ခြင်း

ကံမကောင်းစွာဘဲ မိန်းကလေးတွေက ယောကျာ်းလေးတွေထက် အိပ်ရေး ပျက်တာကို ပိုမိုခံစားရတတ်ပါတယ်လို့ မစ်ချီကန်တက္ကသိုလ်မှ လေ့လာမှုအရ သိရပါတယ်။ အိပ်ပျက်များတဲ့ မိန်းကလေးတွေက အစာစားချင်စိတ် ဖြစ်ပေါ် စေပြီး နှလုံးရောဂါ ဖြစ်ပွားနှိုင်ခြေကလည်း မြင့်မားစေပါတယ်။ နှစ်နှစ် ခြိုက်ခြိုက် အိပ်ပျော်စေဖို့ ညဘက်အိပ်ခါနီးမှာ ကဖင်းဓာတ်ပါတဲ့ ကော်ဖီ၊ လက်ဖက်ရည်နဲ့ တခြားအချို ရည်တွေ မသောက်ပါနဲ့။ အိပ်ရာဝင်ခါနီး လေ့ကျင့်ခန်း လုပ်တာကိုလည်း ရှောင်ပါ။ အိပ်ခါနီး နွားနို့ပူပူတစ်ခွက် သောက်တာ၊ ကြက်သီးနွေးရေနဲ့ ရေချိုးပေးတာတွေက သင့်ကို နှစ်နှစ် ခြိုက်ခြိုက် အိပ်ပျော်စေဖို့ ကူညီပေးပါတယ်။

(၁၀) သားသမီးများကို ဂရုစိုက်နေရခြင်း

မိန်းကလေးတွေက ကိုယ့်ကိုယ်ကိုယ် ကျန်းမာဖို့အပြင် အိမ်ထောင် ထိန်းသိမ်း ရတဲ့ တာဝန်လည်း ရှိတာကြောင့် အိမ်သားတွေရဲ့ ကျန်းမာရေး ကိုလည်း ဂရုပြုရပါတယ်။ အထူးသဖြင့် သားသမီးတွေ နေမကောင်းတဲ့အခါ၊ ထိခိုက် ဒဏ်ရာရတဲ့အခါ အိမ်ထောင်ရှင်မမှာ တာဝန် အပိုတွေ ပိစေပါတယ်။ သင့်ကလေးငယ်တွေ အအေးမမိအောင် မိုးရေထဲ ထွက်ဆော့တာကို တားမြစ်ပါ။ ကလေးတွေဟာ ပြေးလွှား ဆော့ကစား တတ်ကြတာကြောင့် အိမ်တွင်း၊ အိမ်ပြင်မှာ ချော်လဲနိုင်တာ၊ တိုက်မိခိုက်မိနိုင်တာတွေကို ရှင်းလင်းထားပါ။

ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်)

မြ၀တီရုပ်မြင်သံကြား Digital Set Topbox ၄ နေရာ ထပ်မံ တိုးချဲ့ထုတ်လွှင့်

Photo: မြ၀တီရုပ်မြင်သံကြား Digital Set Topbox ၄ နေရာ ထပ်မံ
တိုးချဲ့ထုတ်လွှင့်
Thursday, January 24, 2013 

မြ၀တီရုပ်မြင်သံကြား ၏ Digital Set Topbox စနစ်ဖြင့် ထုတ်လွှင့်မှု အစီအစဉ်များအား နေရာ (၄)နေရာ ထပ်မံ တိုးချဲ့ ထုတ်လွှင့်လျက် ရှိကြောင်း သိရသည်။ အဆိုပါ ထပ်မံ တိုးချဲ့ထုတ်လွှင့်သော မြို့များမှာ ပဲခူးမြို့ပေါ် ၊ မိတ္ထီလာ ၊ ပြင်ဦးလွင် နှင့် မုံရွာမြို့နယ်ရှိ ၂၃ ရပ်ကွက် နှင့် မြို့သစ်ရပ်ကွက် ၊ အိုးဖိုတောင် တို့တွင် ဖမ်းယူ ကြည့်ရှု နိုင်ပြီ ဖြစ်သည်။

ယခင် Digital Set Topbox စနစ်ဖြင့် ဖမ်းယူ ကြည့်ရှုနိုင်သော မြို့ကြီးများမှာ နေပြည်တော် ၊ ရန်ကုန် ၊ စစ်ကိုင်း ၊ ချောက် ၊ တောင်ငူ ၊ တောင်ကြီး ၊ ပြည် ၊ ပုသိမ် နှင့် မော်လမြိုင် မြို့ကြီးများ၏ မိုင် ၅၀ ပတ်လည်တွင် ဖမ်းယူ ကြည့်ရှုနိုင်ပြီး မြ၀တီ Digital Set Topbox စနစ်သည် လစဉ်ကြေး ၊ နှစ်စဉ်ကြေး များ ပေးသွင်းရန် မလိုဘဲ Free to Air TV လိုင်း တစ်ခု ဖြစ်ကြောင်း သိရှိရသည်။

မြ၀တီ မြ၀တီရုပ်မြင်သံကြား ၏ Digital Set Topbox စနစ်ဖြင့် ထုတ်လွှင့်မှု အစီအစဉ်များအား နေရာ (၄)နေရာ ထပ်မံ တိုးချဲ့ ထုတ်လွှင့်လျက် ရှိကြောင်း သိရသည်။ အဆိုပါ ထပ်မံ တိုးချဲ့ထုတ်လွှင့်သော မြို့များမှာ ပဲခူးမြို့ပေါ် ၊ မိတ္ထီလာ ၊ ပြင်ဦးလွင် နှင့် မုံရွာမြို့နယ်ရှိ ၂၃ ရပ်ကွက် နှင့် မြို့သစ်ရပ်ကွက် ၊ အိုးဖိုတောင် တို့တွင် ဖမ်းယူ ကြည့်ရှု နိုင်ပြီ ဖြစ်သည်။ ယခင် Digital Set Topbox စနစ်ဖြင့် ဖမ်းယူ ကြည့်ရှုနိုင်သော မြို့ကြီးများမှာ နေပြည်တော် ၊ ရန်ကုန် ၊ စစ်ကိုင်း ၊ ချောက် ၊ တောင်ငူ ၊ တောင်ကြီး ၊ ပြည် ၊ ပုသိမ် နှင့် မော်လမြိုင် မြို့ကြီးများ၏ မိုင် ၅၀ ပတ်လည်တွင် ဖမ်းယူ ကြည့်ရှုနိုင်ပြီး မြ၀တီ Digital Set Topbox စနစ်သည် လစဉ်ကြေး ၊ နှစ်စဉ်ကြေး များ ပေးသွင်းရန် မလိုဘဲ Free to Air TV လိုင်း တစ်ခု ဖြစ်ကြောင်း သိရှိရသည်။

From : မြ၀တီ

No comments:

Post a Comment

Wednesday, January 23, 2013

သောက်သုံးရေ များတွင် Arsenic ဓာတ်ပါဝင်မှု များသော မြို့နယ်များသို့ သွားရောက် လေ့လာရေး ဆွေးနွေး

ရန်ကုန် ဇန်နဝါရီ ၂၃ ရေအရင်းမြစ် အသုံးချရေး ဦးစီးဌာန၊ အဆင့်မြင့် ပညာ ဦးစီး ဌာနနှင့် အမေရိကန် ပြည်ထောင်စု ကိုလံဘီယာ တက္ကသိုလ်မှ Geochemist ပညာရှင် များ ပူးပေါင်း၍ Applied Research အသုံးချ သုတေသန လုပ်ငန်းများနှင့် WHO ၏ စစ်တမ်းများ အရ သောက်သုံးရေ များတွင် Arsenic ဓာတ်ပါဝင် မှုနှင့် ပတ်သက်သည့် နည်းပညာ ဆိုင်ရာ ပညာရှင် စာတမ်း ဖတ်ပွဲ အခမ်း အနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ရန်ကုန် တက္ကသိုလ် ဝိဇ္ဇာ ခန်းမ၌ ကျင်းပရာ ရေအရင်းမြစ် အသုံးချရေး ဦးစီး ဌာနမှ ဌာနဆိုင်ရာ အကြီး အကဲများ၊ အဆင့်မြင့် ပညာ ဦးစီးဌာန ရန်ကုန် တက္ကသိုလ် ပါမောက္ခ ချုပ်နှင့် ပါမောက္ခများ၊ ကိုလံဘီယာ တက္ကသိုလ် မှ Geochemist ပညာရှင်များ၊ သုတေသန စာတမ်းရှင် များနှင့် ဖိတ်ကြား ထားသူများ တက်ရောက် ကြသည်။ အခမ်း အနား၌ ပညာရှင် များနှင့် သုတေသန စာတမ်းရှင် များက မြန်မာ နိုင်ငံရှိ ဧရာဝတီ တိုင်းဒေသကြီး ကျောင်းကုန်း မြို့နယ်နှင့် ကျုံပျော် မြို့နယ် များရှိ ရေတွင်းများနှင့် သောက်သုံး ရေကန်များတွင် Arsenic ဓာတ်ပါဝင်မှုများ ဖြစ်ပေါ်လျက် ရှိရာ သောက်သုံး နေကြသည့် ကျေး လက်နေ ပြည်သူ များ အတွက် ကျန်းမာရေး ဆိုးကျိုးများ ဖြစ်ပေါ် လာနိုင်ကြောင်း၊ သုတေသန ဌာန သုံးခု၏ စစ်တမ်း ဆုံးဖြတ်ချက်များ အရ ၎င်းနေရာ များသည် မြန်မာ နိုင်ငံ၏ Arsenic ဓာတ်ပါဝင်မှု အများဆုံး နေရာများ ဖြစ်ကြောင်း ပြောကြားသည်။ ရေအရင်းမြစ် အသုံးချရေး ဦးစီးဌာန အနေဖြင့် ၎င်းနေရာ များရှိ ရေများအား သောက်ရေ အဖြစ် အသုံး မပြုသင့်ကြောင်း၊ ၎င်းရေကို ကျိုချက်လျှင် Arsenic ဓာတ်ပိုမို များပြားလာနိုင် ကြောင်းနှင့် သောက်သုံးသူများ အတွက် ရေရှည်တွင် အရေပြား ရောဂါများ၊ လည်ပင်းနှင့် ပတ်သက် သည့် ရောဂါများ ဖြစ်ပွားတတ်ကြောင်း သိရသည်။ လက်ရှိတွင် အင်ဒိုနီးရှား နိုင်ငံ နှင့် အခြား နိုင်ငံကြီး များရှိ Arsenic ဓာတ်များသည့် ဒေသတို့တွင် အဆိုပါ ရောဂါများ ခံစား နေရလျက် ရှိကြောင်း၊ ယင်းနှင့် ပတ်သက်၍ ပညာရှင် အဖွဲ့ အနေဖြင့် ကျောင်းကုန်းနှင့် ကျုံပျော် မြို့နယ်များသို့ ဇန်နဝါရီ ၂၂ ရက်မှ ၂၄ ရက်အထိ သွားရောက်၍ သုတေသန လုပ်ငန်းများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ မြ၀တီ

Wednesday, January 16, 2013

လိုင်ဇာမြို့နယ် အတွင်းရှိ ဒေသခံများကို လုံခြုံရာသို့ ပြောင်းရွေ့ ထားရကြောင်း KIO ဒုက္ခသည် ကယ်ဆယ်ရေး ကော်မတီ ဥက္ကဌ ပြောကြား

လိုင်ဇာမြို့နယ် အတွင်းရှိ ဒေသခံများကို လုံခြုံရာသို့ ပြောင်းရွေ့ ထားရကြောင်း KIO ဒုက္ခသည် ကယ်ဆယ်ရေး ကော်မတီ ဥက္ကဌ ပြောကြား လိုင်ဇာမြို့နယ်အတွင်းရှိ အရပ်သား ဒေသခံများကို လုံခြုံရာသို့ ပြောင်းရွေ့ ထားရသည်ဟု KIO ကယ်ဆယ်ရေး ကော်မတီ ဥက္ကဌ ဒွဲပီဆာက ဧရာဝတီ သတင်းဌာနသို့ ပြောကြား ခဲ့ကြောင်း သိရသည်။ ဇန်န၀ါရီလ ၁၄ ရက်နေ့က လိုင်ဇာမြို့တွင်းရှိ လူနေရပ်ကွက်ပေါ်သို့ အစိုးရဘက်မှ လက်နက်ကြီး ကျည်ဆန်များ ပြီးနောက် ဒေသခံများကို ဘေးလွတ်ရာသို့ ပြောင်းရွေ့ထားခြင်း ဖြစ်ကြောင်း ဒွဲပီဆာက ပြောကြားခဲ့သည်ဟု ဧရာဝတီ သတင်းဌာန ၀က်ဘ်ဆိုက်တွင် ဖော်ပြထားပါသည်။ ဇန်န၀ါရီလ ၁၄ ရက်နေ့တွင် အစိုးရဘက်မှ ပစ်ခတ်သော လက်နက်ကြီး ကျည်ဆန်များသည် လိုင်ဇာမြို့ပေါ်ရှိ ခကျန် ရပ်ကွက်အတွင်းသို့ ကျရောက်ခဲ့ပြီး အရပ်သား သုံးဦးသေဆုံးခဲ့ပါသည်။ KIO ဌာနချုပ် လိုင်ဇာအနီးရှိ လင်းဘွန်တောင်နှင့် ခါရာဘာ တောင်ကုန်းများကို အစိုးရမှ တိုက်လေယာဉ်များဖြင့် ထိုးစစ်ဆင်မှု ပြုလုပ်နေကြောင်း သိရသည်။ ဇန်န၀ါရီလ ၁၆ ရက်နေ့ (ယနေ့) မွန်းလွဲပိုင်းတွင် လိုင်ဇာဌာနချုပ် အနောက်ဘက် တောင်ကုန်း တစ်ဝိုက်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခတ်ခဲ့သည်ဟု Jade Land Facebook စာမျက်နှာတွင် ဖော်ပြထားပါသည်။ "ယနေ့ မွန်းလွဲပိုင်းမှ စ၍ တိုက်လေယာဉ် ၂ စီးနဲ့ ခါရာဘွမ် ကို ဗုံးဝင်ကြဲနေပါတယ်။ လိုင်ဇာဌာနချုပ် အနောက်ဘက်တောင်ကုန်း တစ်ဝိုက်ကို လည်း ရော့ကက် နဲ့ ပစ်သွားပါတယ်။ အခုထိ ဆက်ချနေကြောင်းသိရတယ် ”ဟု Jand Land တွင် ရေးသားခဲ့ပါသည်။ လိုင်ဇာမြို့၏ အနောက်မြောက်ဘက်တွင်ရှိသော ခါရာတောင်ကုန်းကို အစိုးရ တပ်ဘက်က ဇန်န၀ါရီလ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် ခြေလျင်တပ်ရင်းများဖြင့် စတင်တိုက်ခိုက်ပြီးနောက် မွန်းလွဲပိုင်းတွင် တိုက်လေယာဉ်များဖြင့်ပါ အရှိန်မြှင့် တိုက်ခိုက်ကြောင်း သိရသည်ဟု ဧရာဝတီ သတင်းဌာန ၀က်ဘ်ဆိုက်တွင် ဖော်ပြခဲ့ပါသည်။

Tuesday, January 15, 2013

"အိမ်ပိုင်မရှိသူများကို ယခုထက် သက်သာသည့်နှုန်းဖြင့် ငှားရမ်းပေးရန်ရှိ"


အိမ်ရာအပိုင်မဝယ်နိုင်သူများကို လက်ရှိထက်ပိုမိုသက်သာသောနှုန်းထားဖြင့် ငှားရမ်းနေထိုင်နိုင်ရေးအတွက် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

''ပုဂ္ဂလိကက အငှားချအိမ်ရာ ကဏ္ဍ တိုးတက်ဖို့ လေ့လာနေပါ တယ်။ အိမ်ရာဝယ်နိုင်စွမ်း တက် လာအောင် မတက်လာရင်လည်း အစိုးရက ဖြစ်ဖြစ်၊ ပုဂ္ဂလိကက ဖြစ်ဖြစ် အငှားချထားပေးမှုက လူ ထုအတွက် ပိုပြီးသက်သာတဲ့ ငွေ ကြေးစနစ်နဲ့ဖြစ်အောင် ဆောင် ရွက်မှာ ဖြစ်ပါတယ်''ဟု မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး (စီမံ)ဦးမြင့်နိုင်က ပြောသည်။

လက်ရှိ ရန်ကုန်မြို့၌ ရွှေ့ ပြောင်းနေထိုင်သူဦးရေ များပြား လာမှုကြောင့် ပုဂ္ဂလိကပိုင်းမှ အိမ် အငှားချထားမှုမှာ မြို့သစ်မြို့နယ် များတွင် ရေ၊ မီး၊ အစုံအလင်ဖြင့် တစ်လလျှင် အနည်းဆုံး ကျပ်လေး သောင်းဝန်းကျင်ခန့်ရှိပြီး မြို့တွင်း နှင့် စပ်ဆက်မြို့နယ်များ၌ တစ် လလျှင် အနိမ့်ဆုံး ကျပ်တစ်သိန်း ဝန်းကျင်ခန့် ရှိသည်။

နိုင်ငံသားများ ဝယ်ယူနိုင်စွမ်း ရှိသည့် သင့်တင့်သော အိမ်ရာနှင့် နိုင်ငံတစ်ဝန်းအငှားချအိမ်ရာများ လုံလောက်စွာ ဖြန့်ဖြူးပေးနိုင်ရေး အတွက် အိမ်ရာအမြောက်အမြား ထုတ်လုပ်သည့် နည်းပညာများရရှိ ရန် ယခုလအတွင်း အလုပ်ရုံဆွေး
နွေးပွဲကျင်းပမည်ဖြစ်ပြီး ယင်းဆွေး နွေးပွဲသို့ ကိုရီးယားနှင့် မလေးရှား နိုင်ငံမှ အိမ်ရာ ထုတ်လုပ်ရေးတွင် ကျွမ်းကျင်သည့် လုပ်ငန်းရှင်များ တက်ရောက်ရန် ဖိတ်ခေါ်ထား ကြောင်း မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုး ရေးဦးစီးဌာနမှ သိရသည်။

လက်ရှိ၌ ရန်ကုန်မြို့တွင် အစိုးရမှ အငှားချထားပေးသော အိမ်ရာပေါင်း တစ်သောင်းနှစ် ထောင်ခန့်ရှိပြီး ယင်းအိမ်ရာများ မှာ အစိုးရဝန်ထမ်းအပြင် အများ ပြည်သူသို့လည်း ချထားပေးထား ခြင်းဖြစ်ကြောင်း အထက်ပါ အရာ ရှိထံမှ သိရသည်။

အခြားမြို့ကြီးများတွင် အစိုး ရဝန်ထမ်းနယ်ပြောင်း၊ ရွှေ့ပြောင်း ဝန်ထမ်းဦးရေ လေးသောင်းကျော် ရှိသော်လည်း လက်ရှိအချိန်အထိ အိုးအိမ်မှ အငှားချထားပေးနိုင် သော အိမ်ရာငါးထောင်ကျော်သာ ရှိသေးသည်ဟု၎င်းကပြောသည်။

''လောလောဆယ်မှာ ရွှေ့ ပြောင်းဝန်ထမ်းအကုန်လုံးကို မပေး နိုင်သေးပါဘူး။ နယ်တွေကအစိုးရ ဝန်ထမ်းတွေကို အငှားချအိမ်ရာ တွေပေးနိုင်ဖို့အတွက်လည်း Plan ဆွဲနေပါတယ်''ဟု ၄င်းက ဆက် လက် ပြောသည်။

အစိုးရက အငှားချထားပေး သည့် အိမ်ရာများအတွက် ငှားရမ်း ခကိုမူ ဆောက်လုပ်သည့် ခုနှစ်၏ ကုန်ကျစရိတ်ပေါ်မူတည်၍ အရင်း ကျေစေရန် တွက်ချက်ကောက်ခံ ခြင်းဖြစ်ပြီး အများပြည်သူအား ငှားရမ်းဖြစ်ပါကအိမ်ငှား ဦးစီးသက် ရှိထင်ရှားရှိသည်အထိ
အငှားချ ထားပေးကြောင်း၊ အစိုးရဝန်ထမ်း ဖြစ်ပါက ယင်းမြို့နယ်တွင် တာဝန် ထမ်းဆောင်စဉ်ကာလအထိအငှား ချထားပေးကြောင်း မြို့ရွာနှင့် အိုး အိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရ သည်။

''အစိုးရဝန်ထမ်းဆိုရင်တော့ အိမ်ငှားခကို လစာရဲ့ ၁ဝ ရာခိုင် နှုန်းကောက်ခံပါတယ်''ဟု ၄င်းက လက်ရှိ ငှားရမ်းခ ကောက်ခံနေမှု စနစ်ကို ပြောသည်။

အစိုးရ ဝန်ထမ်းများအနေ ဖြင့် နိုင်ငံတော်မှ ငှားယူထားသည့် အိမ်ရာကို နယ်ပြောင်း၍ တာဝန် ထမ်းဆောင်ခြင်းနှင့် အလုပ်မှ ထုတ်ပယ်ခံရခြင်းဖြစ်ပါက နှစ်လ အတွင်း ပြန်လည်အပ်နှံရမည်ဖြစ် ပြီး သေဆုံးခြင်းနှင့် အငြိမ်းစားယူ ခြင်းဖြစ်ပါက လေးလအတွင်း
ပြန် လည်အပ်နှံရမည်ဖြစ်ကြောင်း သိရသည်။

ဝေမာထွန်း

နိုင်ငံတော်တာဝန်ကို တည်ငြိမ်အေးချမ်းစွာ စနစ်တကျ လွှဲပြောင်းပေးရေးနှင့် အမျိုးသား ညီလာခံ လုပ်ငန်း များ အောင်မြင် စွာ ဆောင်ရွက်ရေးတို့ ကို နှောင့်ယှက်ဆန့်ကျင်ခြင်းမှ ကာကွယ်သည့် ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေ


==========================================
နိုင်ငံတော်တာဝန်ကို တည်ငြိမ်အေးချမ်းစွာ စနစ်တကျ လွှဲပြောင်းပေးရေးနှင့် အမျိုးသား ညီလာခံ လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်ရေးတို့ကို နှောင့်ယှက်ဆန့်ကျင်ခြင်းမှ ကာကွယ်သည့် ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေ

(၂၀၁၃ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁။)

၁၃၇၄ ခုနှစ်၊ ပြာသိုလဆန်း ၄ ရက်

(၂၀၁၃ ခုနှစ်၊ ဇန်နဝါရီ ၁၅ရက်)

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

၁။ ဤဥပဒေကို နိုင်ငံတော်တာဝန်ကို တည်ငြိမ်အေးချမ်းစွာ စနစ်တကျ လွှဲပြောင်းပေးရေးနှင့် အမျိုးသား ညီလာခံ လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်ရေးတို့ကို နှောင့်ယှက်ဆန့်ကျင်ခြင်းမှ ကာကွယ်သည့် ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေဟု ခေါ်တွင်စေရမည်။

၂။ နိုင်ငံတော်တာဝန်ကို တည်ငြိမ်အေးချမ်းစွာ စနစ်တကျ လွှဲပြောင်းပေးရေးနှင့် အမျိုးသား ညီလာခံ လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်ရေးတို့ကို နှောင့်ယှက်ဆန့်ကျင်ခြင်းမှ ကာကွယ်သည့် ဥပဒေ(နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ် ၅/၉၆)ကို ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ပ် လက်မှတ်ရေးထိုးသည်။



(ပုံ)သိန်းစိန်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

http://www.ministryofinformation.gov.mm/index.php/announcement/2021-2013-01-16-02-22-41.html

လူငါးသောင်းခန့် အလုပ်အကိုင် ပေးနိုင်မည့် ကိုရီးယားဆမ်ဆောင်းစက်ရုံ မှော်ဘီတွင် တည်တော့မည်


Wednesday, January 16, 2013

မှော်ဘီမြို့နယ်ရှိ ညောင်နှစ်ပင်ကွင်း၌ ဆမ်ဆောင်းကုမ္ပဏီ စက်ရုံလာရောက် တည်ထောင်တော့မည်ဟု မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သတင်းရရှိသည်။

အမျိုးသားညီလာခံ ကျင်းပရာ အဆိုပါနေရာရှိ မူလအဆောက်အအုံ နေရာ များ၌ စက်ရုံတည်ဆောက်မည် မဟုတ်ဘဲ သီးခြားနေရာတွင် ဆောက်လုပ် မည်ဟု ကော်မရှင်ဥက္ကဋ္ဌက ပြောသည်။

''ရင်းနှီးမြှုပ်နှံမှု ပမာဏလည်း ကြီးတယ်။ ဒါ့ကြောင့်လူ ၅ သောင်း အလုပ် ရသွားမယ်'' ဟု အထက်ပါ ပုဂ္ဂိုလ်က ဆက်လက်ပြောသည်။

စက်ရုံ တည်ဆောက်ခြင်းကို ယခုနှစ်လအတွင်း စတင်အကောင်အထည်ဖော် မည်ဖြစ်ပြီး ပြည်တွင်း၌ အဓိကရောင်းချရန်မဟုတ်ဘဲ တောင်ကိုရီးယားမှ တစ်ဆင့် ပြန်လည်ဖြန့်ဖြူး ရန် စက်ရုံလာတည်ခြင်း ဖြစ်သည်ဟု ကော်မရှင်မှ သိရသည်။

ယခုကဲ့သို့သော ဆမ်ဆောင်း စက်ရုံကို ဗီယက်နမ်နိုင်ငံတွင် တည်ထောင် ထားခဲ့ပြီးဖြစ်သည်ဟု သိရ သည်။အစိုးရသစ် တက်ပြီးနောက် ကမ္ဘာကျော် အမှတ်တံဆိပ်များ ပြည်တွင်း၌ လာရောက်ရင်းနှီးမြှုပ်နှံမှုတွင် အမေရိကန် ပက်(ပ်)စီကုမ္ပဏီပြီးလျှင် ယခု တောင်ကိုရီးယားဆမ်ဆောင်းမှာ ဒုတိယ
မြောက် ဖြစ်သည်။

PN-051၊ရန်နိုင်
Popular Myanmar News Journal
လူငါးသောင်းခန့် အလုပ်အကိုင် ပေးနိုင်မည့် ကိုရီးယားဆမ်ဆောင်းစက်ရုံ မှော်ဘီတွင် တည်တော့မည်
Wednesday, January 16, 2013

မှော်ဘီမြို့နယ်ရှိ ညောင်နှစ်ပင်ကွင်း၌ ဆမ်ဆောင်းကုမ္ပဏီ စက်ရုံလာရောက် တည်ထောင်တော့မည်ဟု မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သတင်းရရှိသည်။

အမျိုးသားညီလာခံ ကျင်းပရာ အဆိုပါနေရာရှိ မူလအဆောက်အအုံ နေရာ များ၌ စက်ရုံတည်ဆောက်မည် မဟုတ်ဘဲ သီးခြားနေရာတွင် ဆောက်လုပ် မည်ဟု ကော်မရှင်ဥက္ကဋ္ဌက ပြောသည်။

''ရင်းနှီးမြှုပ်နှံမှု ပမာဏလည်း ကြီးတယ်။ ဒါ့ကြောင့်လူ ၅ သောင်း အလုပ် ရသွားမယ်'' ဟု အထက်ပါ ပုဂ္ဂိုလ်က ဆက်လက်ပြောသည်။

စက်ရုံ တည်ဆောက်ခြင်းကို ယခုနှစ်လအတွင်း စတင်အကောင်အထည်ဖော် မည်ဖြစ်ပြီး ပြည်တွင်း၌ အဓိကရောင်းချရန်မဟုတ်ဘဲ တောင်ကိုရီးယားမှ တစ်ဆင့် ပြန်လည်ဖြန့်ဖြူး ရန် စက်ရုံလာတည်ခြင်း ဖြစ်သည်ဟု ကော်မရှင်မှ သိရသည်။

ယခုကဲ့သို့သော ဆမ်ဆောင်း စက်ရုံကို ဗီယက်နမ်နိုင်ငံတွင် တည်ထောင် ထားခဲ့ပြီးဖြစ်သည်ဟု သိရ သည်။အစိုးရသစ် တက်ပြီးနောက် ကမ္ဘာကျော် အမှတ်တံဆိပ်များ ပြည်တွင်း၌ လာရောက်ရင်းနှီးမြှုပ်နှံမှုတွင် အမေရိကန် ပက်(ပ်)စီကုမ္ပဏီပြီးလျှင် ယခု တောင်ကိုရီးယားဆမ်ဆောင်းမှာ ဒုတိယ
မြောက် ဖြစ်သည်။

PN-051၊ရန်နိုင်
Popular Myanmar News Journal

“ဂျပန်လေကြောင်းလိုင်းမှ Boeing 787 ခရီးသည်တင်လေယာဉ် အရေးပေါ်ဆင်းသက်ရ”

Breaking News:
“ဂျပန်လေကြောင်းလိုင်းမှ Boeing 787 ခရီးသည်တင်လေယာဉ် အရေးပေါ်ဆင်းသက်ရ”

ဂျပန်လေကြောင်းလိုင်း တစ်ခုတွင် အသုံးပြုနေသည့် Boeing 787 (Dreamliner) အမျိုးအစား ခရီးသည်တင် လေယာဉ်တစ်စင်း အရေးပေါ် ဆင်းသက်ခဲ့ရသည့်နောက် အခြားသော Dreamlinerများကိုပါ ပျံသန်းမှု ရပ်ဆိုင်းထားစေကြောင်း သိရှိရသည်။ 

All Nippon Airways (ANA)သည် ၎င်းတို့၏ Dreamliner လေယာဉ် (၁၇)စင်းလုံးကို ပျံသန်းမှု ဆိုင်းငံ့ထားကြောင်း ကြေညာခဲ့သည်။ အမေရိကန် လေယာဉ် ကုမ္ပဏီကြီး Boeingက ထုတ်လုပ် ရောင်းချသော လေယာဉ်တစ်စင်းသည် ဘက်ထရီ ပြဿနာကြောင့် အရေးပေါ် ဆင်းသက်ခဲ့ရသည့်နောက် Dreamliner အားလုံးကို ပျံသန်းနေစဉ်မှာပင် မြေပေါ် ဆင်းသက်ရန် ANAက ညွှန်ကြားခဲ့သည်။
 
ဇန်နဝါရီလ (၁၆)ရက်နေ့အထိ လေယာဉ် (၇)စင်းကို ပျံသန်းခွင့် မပေးသေးဘဲ အသေးစိတ် စစ်ဆေးမှုများ ပြုလုပ်သွားမည်ဟု ANAက ဆိုသည်။ Dreamlinerများ ထုတ်လုပ်မှု စီမံကိန်းအပေါ် များစွာ မျှော်လင့်ထားသည့် Boeingအတွက် ယခုသတင်းသည် နောက်ထပ် ထိုးနှက်ချက် တစ်ခုလည်း ဖြစ်လာသည်။

Read more http://www.planet.com.mm/news/read.cfm/id/20737

ဂျပန်လေကြောင်းလိုင်းတစ်ခုတွင် အသုံးပြုနေသည့် Boeing 787(Dreamliner)အမျိုးအစား ခရီးသည်တင် လေယာဉ်တစ်စင်း အရေးပေါ် ဆင်းသက်ခဲ့ရသည့်နောက် အခြားသော Dreamlinerများကိုပါ ပျံသန်းမှု ရပ်ဆိုင်းထားစေကြောင်း သိရှိရသည်။

All Nippon Airways (ANA)သည် ၎င်းတို့၏ Dreamliner လေယာဉ် (၁၇)စင်းလုံးကို ပျံသန်းမှု ဆိုင်းငံ့ထားကြောင်း ကြေညာခဲ့သည်။ အမေရိကန် လေယာဉ် ကုမ္ပဏီကြီး Boeingက ထုတ်လုပ် ရောင်းချသော လေယာဉ်တစ်စင်းသည် ဘက်ထရီ ပြဿနာကြောင့် အရေးပေါ်  ဆင်းသက်ခဲ့ရသည့်နောက် Dreamliner အားလုံးကို ပျံသန်းနေစဉ်မှာပင် မြေပေါ် ဆင်းသက်ရန် ANAက ညွှန်ကြားခဲ့သည်။

ဇန်နဝါရီလ (၁၆)ရက်နေ့အထိ လေယာဉ် (၇)စင်းကို ပျံသန်းခွင့် မပေးသေးဘဲ အသေးစိတ် စစ်ဆေးမှုများ ပြုလုပ်သွားမည်ဟု ANAက ဆိုသည်။ Dreamlinerများ ထုတ်လုပ်မှု စီမံကိန်းအပေါ် များစွာ မျှော်လင့်ထားသည့် Boeingအတွက် ယခုသတင်းသည် နောက်ထပ် ထိုးနှက်ချက် တစ်ခုလည်း ဖြစ်လာသည်။

ဦးခင်ညွန့်အခမဲ့ အထူးကုဆေးခန်းကြီးဖွင့်လှစ်သွားမည်ဟု သတင်းထွက်ပေါ်




 နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသည့် ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်ထူထောင်ထားသည့် ရွှေမော်ဝန်းလူမှုရေးအဖွဲ့မှ ကျောက်တန်းမြို့နယ်အတွင်း အခမဲ့အထူး ကုဆေးခန်းကြီး ဖွင့်လှစ်သွားရန် စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရပါသည်။

၎င်းဆေးခန်းကြီး ဖွင့်လှစ်သွားနိုင်ရေး စေတနာ ဆရာဝန်၊ဆရာမများ စတင်ချိတ်ဆက်စု စည်းနေပြီဖြစ်ကြောင်း၊ ကုန်ကျစရိတ်အတွက် ပြည်တွင်းမှ ဦးခင်ညွန့်နှင့်ရင်းနှီးသည့် စီးပွားရေးလုပ်ငန်း ရှင်များ၊ စေတနာရှင်များထံမှ အလှူငွေများကို စုဆောင်းလက်ခံသွားရန်ရှိရာ နိုင်ငံတကာ၌လည်း အလှူငွေ များစုဆောင်းလက်ခံသွားရန်ရှိသဖြင့် ရွှေမော်ဝန်း လူမှုရေးအသင်း၏ ကိုယ်စား ပြည်ပမှတာဝန်ယူကာ အလှူငွေရှာဖွေပေးမည့်သူများကိုလည်း ရှာဖွေနေပြီဖြစ်ကြောင်း လည်းသိရှိရပါသည်။ ၄င်းဆေးခန်းဖွင့် လှစ်ပြီးမြောက်ရေး ဇေကမ္ဘာကုမ္ပဏီမိသားစု၊ ဦးအောင်သက်မန်း (ဧရာရွှေဝါကုမ္ပဏီ)တို့မှ စတင်မတည် လှူဒါန်းသွားရန်ရှိကြောင်း သိရှိရပါသည် ။