နိုင်ငံတော်တာဝန်ကို တည်ငြိမ်အေးချမ်းစွာ စနစ်တကျ လွှဲပြောင်းပေးရေးနှင့် အမျိုးသား ညီလာခံ လုပ်ငန်း များ အောင်မြင် စွာ ဆောင်ရွက်ရေးတို့ ကို နှောင့်ယှက်ဆန့်ကျင်ခြင်းမှ ကာကွယ်သည့် ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေ
==========================================
နိုင်ငံတော်တာဝန်ကို တည်ငြိမ်အေးချမ်းစွာ စနစ်တကျ လွှဲပြောင်းပေးရေးနှင့်
အမျိုးသား ညီလာခံ လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်ရေးတို့ကို
နှောင့်ယှက်ဆန့်ကျင်ခြင်းမှ ကာကွယ်သည့် ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေ
(၂၀၁၃ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁။)
၁၃၇၄ ခုနှစ်၊ ပြာသိုလဆန်း ၄ ရက်
(၂၀၁၃ ခုနှစ်၊ ဇန်နဝါရီ ၁၅ရက်)
ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။
၁။ ဤဥပဒေကို နိုင်ငံတော်တာဝန်ကို တည်ငြိမ်အေးချမ်းစွာ စနစ်တကျ
လွှဲပြောင်းပေးရေးနှင့် အမျိုးသား ညီလာခံ လုပ်ငန်းများ အောင်မြင်စွာ
ဆောင်ရွက်ရေးတို့ကို နှောင့်ယှက်ဆန့်ကျင်ခြင်းမှ ကာကွယ်သည့် ဥပဒေကို
ရုပ်သိမ်းသည့် ဥပဒေဟု ခေါ်တွင်စေရမည်။
၂။ နိုင်ငံတော်တာဝန်ကို
တည်ငြိမ်အေးချမ်းစွာ စနစ်တကျ လွှဲပြောင်းပေးရေးနှင့် အမျိုးသား ညီလာခံ
လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်ရေးတို့ကို နှောင့်ယှက်ဆန့်ကျင်ခြင်းမှ
ကာကွယ်သည့် ဥပဒေ(နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ်
၅/၉၆)ကို ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ပ် လက်မှတ်ရေးထိုးသည်။
(ပုံ)သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
http://www.ministryofinformation.gov.mm/index.php/announcement/2021-2013-01-16-02-22-41.html
No comments:
Post a Comment