25/May/2013
မွန်ပြည်နယ် အစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ တစ်ဖက်နိုင်ငံမှ
ခိုးသွင်းခဲ့သည့် ဇိမ်ခံကားများ ဖမ်းဆီးအရေးယူရေး စီမံချက်ဖြင့်
မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မျိုးဆွေဝင်း၊ ဒုတိယပြည်နယ်
ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဝင်းဗိုလ်၊ မော်လမြိုင်ခရိုင် ရဲတပ်ဖွဲ့မှူး
ဒုတိယရဲမှူးကြီး ဇော်မင်းဦးနှင့် သထုံခရိုင် ဒုတိယရဲမှူးကြီး အောင်သန်းတို့
ဦးဆောင်သော တပ်ဖွဲ့ဝင်များသည် မော်လမြိုင်မှ ရန်ကုန်၊ နေပြည်တော်နှင့်
မန္တလေးမြို့များသို့ သယ်ဆောင် ရောင်းချလျက်ရှိသော တရားမဝင် လိုင်စင်မဲ့
ဇိမ်ခံကားများကို ၂၀၁၂ ခုနှစ် အောက်တိုဘာ ၁၂ ရက်မှ စတင်ဖမ်းဆီးခဲ့ရာ မေ ၂၄
ရက်နေ့အထိ ကား ၁၄၄ စီး ဖမ်းဆီး အရေးယူခဲ့သည်။ အဆိုပါ လိုင်စင်မဲ့
ကားများအနက် ဇိမ်ခံကား ၉၂ စီးကို မွန်ပြည်နယ် အစိုးရအဖွဲ့၏ ခွင့်ပြုချက်အရ
မကြာမီ ရက်ပိုင်းအတွင်း လေလံတင် ရောင်းချမည်ဖြစ်ကြောင်း၊ ရောင်းချရာမှ
ရရှိသည့်ငွေများကို ပြည်နယ်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများတွင်
အသုံးပြုသွားမည်ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် မေလ ၂၅ ရက်နေ့ထုတ် ကြေးမုံ
သတင်းစာတွင် ဖော်ပြထားပါသည်။
ခေတ်လူငယ်
No comments:
Post a Comment