Tuesday, May 21, 2013

အမေရိကန်နိုင်ငံကို ရောက်ရှိနေတဲ့ သမ္မတ ဦးသိန်းစိန်

အမေရိကန်နိုင်ငံကို ရောက်ရှိနေတဲ့ သမ္မတ ဦးသိန်းစိန်ဟာ တည်းခိုနေတဲ့ ၀ါရှင်တန်မြို့က Four Seacons Hotel မှာ မေလ ၂၀ ရက်နေ့က အမေရိကန် နိုင်ငံခြား ရေး ၀န်ကြီး ဟောင်း မစ္စ ဟီလာရီကလင်တန်၊ ကမ္ဘာ့ဘဏ် ဥက္ကဌ Dr Jim Yong Kim တို့နဲ့ တွေ့ဆုံ ခဲ့ပါတယ်။ ဟီလာရီ ကလင်တန်နဲ့ တွေ့ဆုံရာမှာ ကလင်တန် ဖောင်ဒေး ရှင်း အနေနဲ့ မြန်မာ နိုင်ငံမှာ လျှပ်စစ်ဓါတ်အား ဖူလုံစွာ ရရေး၊ သောက်သုံးရေး ရရှိရေး၊ မိခင်နဲ့ ကလေး အသေ အ ပျောက် နှုန်း လျော့နည်းရေး၊ မြန်မာပြည် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရာမှာ လိုအပ်တာတွေကို ပံ့ပိုး ကူ ညီနိုင်ရေးအတွက် ဆွေးနွေးခဲ့ကြောင်း သမ္မ တရုံးက သတင်းထုတ်ပြန် ထားပါတယ်။ သမ္မတ ဦးသိန်းစိန်ဟာ ကမ္ဘာ့ ဘဏ် ဥက္ကဌနဲ့ တွေ့ဆုံရာမှာတော့ ဧရာဝတီမြစ်ကြောင်း ထိန်းသိမ်းရေးနဲ့ ကျေးလက်နေ ပြည်သူတွေ လူမှုစီးပွားဘ၀ မြှင့်တင့် ရေး၊ ငွေကြေး အကူအညီတွေ ပေးအပ်ရေးတို့ကို ဆွေးနွေးခဲ့ပါတယ်။


No comments:

Post a Comment