Wednesday, January 16, 2013
လိုင်ဇာမြို့နယ် အတွင်းရှိ ဒေသခံများကို လုံခြုံရာသို့ ပြောင်းရွေ့ ထားရကြောင်း KIO ဒုက္ခသည် ကယ်ဆယ်ရေး ကော်မတီ ဥက္ကဌ ပြောကြား
လိုင်ဇာမြို့နယ် အတွင်းရှိ ဒေသခံများကို လုံခြုံရာသို့ ပြောင်းရွေ့ ထားရကြောင်း KIO ဒုက္ခသည် ကယ်ဆယ်ရေး ကော်မတီ ဥက္ကဌ ပြောကြား
လိုင်ဇာမြို့နယ်အတွင်းရှိ အရပ်သား ဒေသခံများကို လုံခြုံရာသို့
ပြောင်းရွေ့ ထားရသည်ဟု KIO ကယ်ဆယ်ရေး ကော်မတီ ဥက္ကဌ
ဒွဲပီဆာက ဧရာဝတီ သတင်းဌာနသို့ ပြောကြား ခဲ့ကြောင်း သိရသည်။
ဇန်န၀ါရီလ ၁၄ ရက်နေ့က လိုင်ဇာမြို့တွင်းရှိ လူနေရပ်ကွက်ပေါ်သို့ အစိုးရဘက်မှ လက်နက်ကြီး ကျည်ဆန်များ ပြီးနောက် ဒေသခံများကို
ဘေးလွတ်ရာသို့ ပြောင်းရွေ့ထားခြင်း ဖြစ်ကြောင်း ဒွဲပီဆာက
ပြောကြားခဲ့သည်ဟု ဧရာဝတီ သတင်းဌာန ၀က်ဘ်ဆိုက်တွင်
ဖော်ပြထားပါသည်။ ဇန်န၀ါရီလ ၁၄ ရက်နေ့တွင် အစိုးရဘက်မှ ပစ်ခတ်သော လက်နက်ကြီး ကျည်ဆန်များသည် လိုင်ဇာမြို့ပေါ်ရှိ ခကျန် ရပ်ကွက်အတွင်းသို့ ကျရောက်ခဲ့ပြီး အရပ်သား သုံးဦးသေဆုံးခဲ့ပါသည်။
KIO ဌာနချုပ် လိုင်ဇာအနီးရှိ လင်းဘွန်တောင်နှင့် ခါရာဘာ
တောင်ကုန်းများကို အစိုးရမှ တိုက်လေယာဉ်များဖြင့် ထိုးစစ်ဆင်မှု
ပြုလုပ်နေကြောင်း သိရသည်။
ဇန်န၀ါရီလ ၁၆ ရက်နေ့ (ယနေ့) မွန်းလွဲပိုင်းတွင် လိုင်ဇာဌာနချုပ် အနောက်ဘက် တောင်ကုန်း တစ်ဝိုက်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခတ်ခဲ့သည်ဟု Jade Land Facebook စာမျက်နှာတွင်
ဖော်ပြထားပါသည်။
"ယနေ့ မွန်းလွဲပိုင်းမှ စ၍ တိုက်လေယာဉ် ၂ စီးနဲ့ ခါရာဘွမ် ကို ဗုံးဝင်ကြဲနေပါတယ်။ လိုင်ဇာဌာနချုပ် အနောက်ဘက်တောင်ကုန်း တစ်ဝိုက်ကို လည်း ရော့ကက် နဲ့ ပစ်သွားပါတယ်။ အခုထိ ဆက်ချနေကြောင်းသိရတယ် ”ဟု Jand Land တွင် ရေးသားခဲ့ပါသည်။
လိုင်ဇာမြို့၏ အနောက်မြောက်ဘက်တွင်ရှိသော ခါရာတောင်ကုန်းကို
အစိုးရ တပ်ဘက်က ဇန်န၀ါရီလ ၁၅ ရက်နေ့ နံနက်ပိုင်းတွင်
ခြေလျင်တပ်ရင်းများဖြင့် စတင်တိုက်ခိုက်ပြီးနောက် မွန်းလွဲပိုင်းတွင် တိုက်လေယာဉ်များဖြင့်ပါ အရှိန်မြှင့် တိုက်ခိုက်ကြောင်း သိရသည်ဟု ဧရာဝတီ သတင်းဌာန ၀က်ဘ်ဆိုက်တွင် ဖော်ပြခဲ့ပါသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment