Tuesday, January 15, 2013

“ဂျပန်လေကြောင်းလိုင်းမှ Boeing 787 ခရီးသည်တင်လေယာဉ် အရေးပေါ်ဆင်းသက်ရ”

Breaking News:
“ဂျပန်လေကြောင်းလိုင်းမှ Boeing 787 ခရီးသည်တင်လေယာဉ် အရေးပေါ်ဆင်းသက်ရ”

ဂျပန်လေကြောင်းလိုင်း တစ်ခုတွင် အသုံးပြုနေသည့် Boeing 787 (Dreamliner) အမျိုးအစား ခရီးသည်တင် လေယာဉ်တစ်စင်း အရေးပေါ် ဆင်းသက်ခဲ့ရသည့်နောက် အခြားသော Dreamlinerများကိုပါ ပျံသန်းမှု ရပ်ဆိုင်းထားစေကြောင်း သိရှိရသည်။ 

All Nippon Airways (ANA)သည် ၎င်းတို့၏ Dreamliner လေယာဉ် (၁၇)စင်းလုံးကို ပျံသန်းမှု ဆိုင်းငံ့ထားကြောင်း ကြေညာခဲ့သည်။ အမေရိကန် လေယာဉ် ကုမ္ပဏီကြီး Boeingက ထုတ်လုပ် ရောင်းချသော လေယာဉ်တစ်စင်းသည် ဘက်ထရီ ပြဿနာကြောင့် အရေးပေါ် ဆင်းသက်ခဲ့ရသည့်နောက် Dreamliner အားလုံးကို ပျံသန်းနေစဉ်မှာပင် မြေပေါ် ဆင်းသက်ရန် ANAက ညွှန်ကြားခဲ့သည်။
 
ဇန်နဝါရီလ (၁၆)ရက်နေ့အထိ လေယာဉ် (၇)စင်းကို ပျံသန်းခွင့် မပေးသေးဘဲ အသေးစိတ် စစ်ဆေးမှုများ ပြုလုပ်သွားမည်ဟု ANAက ဆိုသည်။ Dreamlinerများ ထုတ်လုပ်မှု စီမံကိန်းအပေါ် များစွာ မျှော်လင့်ထားသည့် Boeingအတွက် ယခုသတင်းသည် နောက်ထပ် ထိုးနှက်ချက် တစ်ခုလည်း ဖြစ်လာသည်။

Read more http://www.planet.com.mm/news/read.cfm/id/20737

ဂျပန်လေကြောင်းလိုင်းတစ်ခုတွင် အသုံးပြုနေသည့် Boeing 787(Dreamliner)အမျိုးအစား ခရီးသည်တင် လေယာဉ်တစ်စင်း အရေးပေါ် ဆင်းသက်ခဲ့ရသည့်နောက် အခြားသော Dreamlinerများကိုပါ ပျံသန်းမှု ရပ်ဆိုင်းထားစေကြောင်း သိရှိရသည်။

All Nippon Airways (ANA)သည် ၎င်းတို့၏ Dreamliner လေယာဉ် (၁၇)စင်းလုံးကို ပျံသန်းမှု ဆိုင်းငံ့ထားကြောင်း ကြေညာခဲ့သည်။ အမေရိကန် လေယာဉ် ကုမ္ပဏီကြီး Boeingက ထုတ်လုပ် ရောင်းချသော လေယာဉ်တစ်စင်းသည် ဘက်ထရီ ပြဿနာကြောင့် အရေးပေါ်  ဆင်းသက်ခဲ့ရသည့်နောက် Dreamliner အားလုံးကို ပျံသန်းနေစဉ်မှာပင် မြေပေါ် ဆင်းသက်ရန် ANAက ညွှန်ကြားခဲ့သည်။

ဇန်နဝါရီလ (၁၆)ရက်နေ့အထိ လေယာဉ် (၇)စင်းကို ပျံသန်းခွင့် မပေးသေးဘဲ အသေးစိတ် စစ်ဆေးမှုများ ပြုလုပ်သွားမည်ဟု ANAက ဆိုသည်။ Dreamlinerများ ထုတ်လုပ်မှု စီမံကိန်းအပေါ် များစွာ မျှော်လင့်ထားသည့် Boeingအတွက် ယခုသတင်းသည် နောက်ထပ် ထိုးနှက်ချက် တစ်ခုလည်း ဖြစ်လာသည်။

No comments:

Post a Comment