Thursday, January 24, 2013

မိန်းကလေးများ အလေးမထားမိသည့် ကျန်းမာရေး ထိခိုက်စေနိုင်သော အချက်များ

မိန်းကလေးများ အလေးမထားမိသည့် ကျန်းမာရေး ထိခိုက်စေနိုင်သော အချက်များ

မိန်းကလေးတွေဟာ အလှအပနောက်ကို လိုက်ရင်း ကျန်းမာရေး ထိခိုက် စေနိုင်တာတွေကို အလေးမထား မိတာမျိုး ဖြစ်တတ်ကြ ပါတယ်။

(၁) စိတ်ညစ်တိုင်း အစာစားလေ့ရှိခြင်း

ယောကျာ်းလေးအများစုက ပျော် ရွှင်တဲ့အခါမျိုးမှာ အစာပိုစား တတ်ကြပြီး မိန်းကလေးတွေကတော့ စိတ်ညစ်တဲ့အခါမှာ အချိုနဲ့ ကယ်လိုရီများတဲ့ အစားအစာတွေကို ပိုစားလေ့ရှိပါတယ်။ စိတ်ညစ်လို့ စားတဲ့အစားအစာတွေ က သင့်ခါးအနေအထားကို ပြောင်းလဲ စေပြီး သင့်ကို ဝလာစေပါတယ်။ စိတ် ညစ်တာကို အစာစားပြီး ဖြေဖျောက်ဖို့ ကြိုးစားတာထက် လေ့ကျင့်ခန်း လုပ်တာ၊ ယောဂကျင့်တာ၊ အပေါင်းအသင်းတွေနဲ့ ပျော်ပျော်ပါးပါး နေတာ တွေနဲ့ အစားထိုး လုပ်ဆောင်ကြည့်ပါ။

(၂) ဝသည်ဟု ထင်မြင်နေခြင်း

မိန်းကလေးတွေက ခန္ဓာကိုယ်ကို ဝတယ်လို့ သူများပြောမှာကို ကြောက်ရွံ့ တတ်ကြပြီး ဝိတ်ချနေတယ်လို့လည်း တွင်တွင် ပြောတတ်ကြ ပါတယ်။ လေ့လာ မှုအရ မိန်းကလေးတွေရဲ့ ၉၀ ရာခိုင်နှုန်း လောက်က သူတို့ရဲ့ ခန္ဓာကိုယ်ပုံပန်း သဏ္ဌာန်ကို ပြုပြင်လိုကြပါတယ်။ ခန္ဓာကိုယ်က အဆီတွေကို ခွဲစိတ် ဖယ်ရှားနိုင်တယ်ဆိုပေမယ့် အစားအ သောက်နဲ့ ကိုယ်အလေးချိန် လျှော့ချတာ က အကောင်းဆုံးနည်းလမ်းပါ။

(၃) မိတ်ကပ်မဖျက်ဘဲ အိပ်စက်ခြင်း

ညအိပ်တဲ့အခါ မိတ်ကပ်မဖျက်ဘဲ အိပ်စက်တာကြောင့် တစ်နေကုန် မျက် နှာပေါ်မှာ လိမ်းခြယ်ထားတဲ့ မိတ်ကပ် တွေ၊ ကပ်ငြိနေတဲ့ ဖုန်တွေနဲ့ ထွက်လာတဲ့ ချွေးတွေ မျက်နှာမှာရှိတဲ့ ချွေးပေါက်တွေကို ပိတ်စေပါတယ။် မျက်လုံးမှာ ဆိုးထားတဲ့ မျက်တောင်ကော့ဆေးရည်ကို မဖျက်ဘဲ အိပ်တာက မျက်လုံးကို ယားယံတာ၊ ပိုး ဝင်တာတွေကို ဖြစ်စေပါတယ်။ ညအိပ်ရာမဝင်မီ သင့်မျက်နှာမှာ လိမ်းခြယ်ထားတဲ့ မိတ်ကပ်တွေကို သေ ချာစွာ သန့်စင်ပေးဖို့လိုပါတယ်။ မျက်နှာ သန့်စင်ရာမှာ ကြေးချွတ်အားမပြင်းတဲ့ မျက်နှာသစ်ဆေးရည်ကို အသုံးပြုပါ။ မျက်နှာသစ်ပြီးပါက အစိုဓာတ်ထိန်းပေး နိုင်တဲ့ ညလိမ်းခရင်မ်လိမ်းအိပ်ပါ။

(၄) ယောကျာ်းလေးများနှင့် ရင်ပေါင်တန်းကာ သောက်စားခြင်း

ဒီကနေ့ခေတ်မှာ မိန်းကလေးတွေဟာ ယောကျာ်းလေးတွေနဲ့ ရင်ပေါင် တန်းကာ မူးယစ်သောက်စား တတ်လာပါတယ်။ ဒါဟာ ကောင်းတဲ့ အမူအကျင့်တော့ မဟုတ်ပေမယ့် လက်ခံကျင့်သုံးသူ များလာပါတယ်။ မိန်းကလေးတွေဟာ ယောကျာ်းလေးတွေထက် ခန္ဓာကိုယ်အနည်းငယ် ပိုပြီးသေးသွယ်တာကြောင့် အရက်ရဲ့ပြင်းအားကို လျှော့ချဖို့ ခန္ဓာ ကိုယ်မှာ ရေဓာတ်အသုံးပြုမှု အနည်းငယ် ပိုနည်းပါတယ်။ လူမှုရေးအရ အပေါင်းအသင်းတွေနဲ့ ဆက်ဆံရေးမပျက်ချင်ဘူးဆိုတဲ့ ဆင်ခြေတစ်ခုနဲ့တော့ အရက်ဆက်သောက် မနေသင့်ပါဘူး။ အရက်က ခန္ဓာကိုယ်ကို ဆိုးကျိုးများ စွာဖြစ်စေတယ်ဆိုတာ သင်သိပြီးသားဖြစ်ပါလိမ့်မယ်။ သင့်အနေနဲ့ လုံးဝမသောက်သုံးလို့ မဖြစ်တဲ့အခြေအနေမျိုးမှာ အရက်နဲ့ အချိုရည်ကို တစ်လှည့် စီသောက်ပြီး အရက်သောက်သုံးမယ့် ပမာဏကို လျှော့ချပါ။

(၅) ဘရာစီယာအရွယ်အစား မှားယွင်းစွာ ဝတ်ဆင်နေမိခြင်း

မိန်းကလေးတွေရဲ့ ၇၀ ရာခိုင်နှုန်း လောက်က ဘရာစီယာအရွယ်အစားကို မှားယွင်းစွာ ဝတ်ဆင်ထားတတ်ကြပါတယ်။ ကိုယ့်ခန္ဓာကိုယ်နဲ့ မကိုက်ညီတဲ့ ဘရာစီယာကို ဝတ်ဆင်တာက သင်ရဲ့ ဝတ်စားဆင်ယင်မှုကို ကြည့်ရဆိုးစေရုံ သာမက နောက်ကျော၊ လည်ပင်းနဲ့ ရင် သားနာကျင်မှုတွေကို ဖြစ်စေပါတယ်။ ဒါ့အပြင် အသက်ရှူကျပ်တာ၊ ကိုယ်ခန္ဓာ အနေအထားပုံစံမကျတာ၊ အရေပြား ယားယံတာ၊ သွေးလှည့်ပတ်မှုမကောင်းတာနဲ့ ဝမ်းဗိုက်မအီမသာ ဖြစ်တာတွေ အထိ ဖြစ်စေနိုင်ပါတယ်။ သင့်ခန္ဓာကိုယ်နဲ့ ရင်သားအရွယ် အစားကို သေချာစွာ သိအောင်လေ့လာပါ။ ဘရာစီယာ ဝယ်ယူတဲ့အခါ ရင်သားကို အထောက်အပံ့ ကောင်းကောင်းပေး နိုင်ပြီး သင့်ရင်သားအရွယ်အစားနဲ့ ကိုက် ညီတာကို ရွေးချယ်ဝယ်ယူပါ။

(၆) အတိတ်ကဖြစ်ရပ်များကို မမေ့ပျောက်နိုင်ခြင်း

စိတ်ဖိစီးမှုက သင့်စိတ်ရော၊ ခန္ဓာကိုယ်ပါ ကျန်းမာမှုအတွက် အဟန့်အတား ဖြစ်စေပါတယ်။ မိန်းကလေးတွေက ယောကျာ်းလေးတွေထက် စိတ်ဖိစီးမှုနဲ့ ဆက်စပ်နေတဲ့ စိတ်ဓာတ်ကျတာနဲ့ စိုးရိမ် စိတ်များတာတွေကို နှစ်ဆပိုမို ခံစားတတ် ကြပါတယ်။ သုတေသီတွေရဲ့ လေ့လာမှုအရ မိန်းကလေးတွေဟာ ယောကျာ်းလေးတွေထက် အတိတ်က အကြောင်းအရာတွေကို မမေ့ပျောက် နိုင်ဘဲ တမ်းတပူဆွေးမှုတွေ လွန်ကဲနေတတ် ပါတယ်။ စိတ်ငြိမ်အောင် တရား ထိုင်တာ၊ ယောဂ ကျင့်တာတွေက စိတ်ဖိစီးမှုတွေကို လျော့ ကျအောင် ကူညီပေးနိုင်ပါတယ်။

(၇) လေးလံလွန်းသော ဘေးလွယ်အိတ်

မိန်းကလေးအများစုက သူတို့ အသုံးအဆောင်တွေကို သွားလေရာမှာ အဆင်ပြေပြေ အသုံးပြုနိုင်အောင် အိတ်ထဲထည့်ပြီး ယူဆောင် တတ်ကြပါ တယ်။ အသေးအဖွဲလေးတွေဆိုပေမယ့် အားလုံး စုပေါင်းလိုက်တဲ့အခါ သင့်ပခုံးကို ဝန်ပိစေပြီး ကြာရှည်လာတဲ့အခါ သင့်ကျန်း မာရေးကို ဒုက္ခပေးနိုင် ပါတယ်။ သင့်ဘေးလွယ်အိတ် အရွယ်အစားက သိပ်ကြီးလွန်းနေရင် အနေတော် အရွယ်အိတ်ကို ပြောင်းပါ၊ အိတ်ထဲမှ မလိုအပ်တဲ့ အသုံး အဆောင် တွေကို တစ်ပတ်တစ်ခါ ရှင်းလင်းဖယ်ရှားပေးပါ။

(၈) ဒေါက်မြင့်ဖိနပ်စီးခြင်း

ဒေါက်မြင့်ဖိနပ်စီးတာက ခန္ဓာကိုယ် မှအဆစ်အပေါ် ဖိအားကျရောက်စေပြီး အရိုးအဆစ်ရောင်ရမ်းတာ၊ ခြေမ နာကျင်တာ၊ ခါးနာတာနဲ့ အရွတ်မှာ ဒဏ်ဖြစ်တာတွေဖြစ်စေပါတယ်။ ဒေါက်မြင့်ဖိနပ်ကြောင့်ဖြစ်ရတဲ့ ဒဏ်တွေ သက်သာစေဖို့ နေ့စဉ်စီးတဲ့ ဖိနပ်ရဲ့ ဒေါက်အမြင့်ဟာ တစ်လက်မခွဲ ထက် မပိုသင့်ပါဘူး။ သင်စီးတဲ့ဖိနပ်ဟာ အဆစ်အပေါ် ဒဏ်မပိစေတဲ့ ဖိနပ်မျိုး ဖြစ်ရပါမယ်။

(၉) အိပ်ရေးဝ၀ မအိပ်စက်ခြင်း

ကံမကောင်းစွာဘဲ မိန်းကလေးတွေက ယောကျာ်းလေးတွေထက် အိပ်ရေး ပျက်တာကို ပိုမိုခံစားရတတ်ပါတယ်လို့ မစ်ချီကန်တက္ကသိုလ်မှ လေ့လာမှုအရ သိရပါတယ်။ အိပ်ပျက်များတဲ့ မိန်းကလေးတွေက အစာစားချင်စိတ် ဖြစ်ပေါ် စေပြီး နှလုံးရောဂါ ဖြစ်ပွားနှိုင်ခြေကလည်း မြင့်မားစေပါတယ်။ နှစ်နှစ် ခြိုက်ခြိုက် အိပ်ပျော်စေဖို့ ညဘက်အိပ်ခါနီးမှာ ကဖင်းဓာတ်ပါတဲ့ ကော်ဖီ၊ လက်ဖက်ရည်နဲ့ တခြားအချို ရည်တွေ မသောက်ပါနဲ့။ အိပ်ရာဝင်ခါနီး လေ့ကျင့်ခန်း လုပ်တာကိုလည်း ရှောင်ပါ။ အိပ်ခါနီး နွားနို့ပူပူတစ်ခွက် သောက်တာ၊ ကြက်သီးနွေးရေနဲ့ ရေချိုးပေးတာတွေက သင့်ကို နှစ်နှစ် ခြိုက်ခြိုက် အိပ်ပျော်စေဖို့ ကူညီပေးပါတယ်။

(၁၀) သားသမီးများကို ဂရုစိုက်နေရခြင်း

မိန်းကလေးတွေက ကိုယ့်ကိုယ်ကိုယ် ကျန်းမာဖို့အပြင် အိမ်ထောင် ထိန်းသိမ်း ရတဲ့ တာဝန်လည်း ရှိတာကြောင့် အိမ်သားတွေရဲ့ ကျန်းမာရေး ကိုလည်း ဂရုပြုရပါတယ်။ အထူးသဖြင့် သားသမီးတွေ နေမကောင်းတဲ့အခါ၊ ထိခိုက် ဒဏ်ရာရတဲ့အခါ အိမ်ထောင်ရှင်မမှာ တာဝန် အပိုတွေ ပိစေပါတယ်။ သင့်ကလေးငယ်တွေ အအေးမမိအောင် မိုးရေထဲ ထွက်ဆော့တာကို တားမြစ်ပါ။ ကလေးတွေဟာ ပြေးလွှား ဆော့ကစား တတ်ကြတာကြောင့် အိမ်တွင်း၊ အိမ်ပြင်မှာ ချော်လဲနိုင်တာ၊ တိုက်မိခိုက်မိနိုင်တာတွေကို ရှင်းလင်းထားပါ။

ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်)

---------------------------------
Post From : Aye Chan Mon

မိန်းကလေးတွေဟာ အလှအပနောက်ကို လိုက်ရင်း ကျန်းမာရေး ထိခိုက် စေနိုင်တာတွေကို အလေးမထား မိတာမျိုး ဖြစ်တတ်ကြ ပါတယ်။

(၁) စိတ်ညစ်တိုင်း အစာစားလေ့ရှိခြင်း

ယောကျာ်းလေးအများစုက ပျော် ရွှင်တဲ့အခါမျိုးမှာ အစာပိုစား တတ်ကြပြီး မိန်းကလေးတွေကတော့ စိတ်ညစ်တဲ့အခါမှာ အချိုနဲ့ ကယ်လိုရီများတဲ့ အစားအစာတွေကို ပိုစားလေ့ရှိပါတယ်။ စိတ်ညစ်လို့ စားတဲ့အစားအစာတွေ က သင့်ခါးအနေအထားကို ပြောင်းလဲ စေပြီး သင့်ကို ဝလာစေပါတယ်။ စိတ် ညစ်တာကို အစာစားပြီး ဖြေဖျောက်ဖို့ ကြိုးစားတာထက် လေ့ကျင့်ခန်း လုပ်တာ၊ ယောဂကျင့်တာ၊ အပေါင်းအသင်းတွေနဲ့ ပျော်ပျော်ပါးပါး နေတာ တွေနဲ့ အစားထိုး လုပ်ဆောင်ကြည့်ပါ။

(၂) ဝသည်ဟု ထင်မြင်နေခြင်း

မိန်းကလေးတွေက ခန္ဓာကိုယ်ကို ဝတယ်လို့ သူများပြောမှာကို ကြောက်ရွံ့ တတ်ကြပြီး ဝိတ်ချနေတယ်လို့လည်း တွင်တွင် ပြောတတ်ကြ ပါတယ်။ လေ့လာ မှုအရ မိန်းကလေးတွေရဲ့ ၉၀ ရာခိုင်နှုန်း လောက်က သူတို့ရဲ့ ခန္ဓာကိုယ်ပုံပန်း သဏ္ဌာန်ကို ပြုပြင်လိုကြပါတယ်။ ခန္ဓာကိုယ်က အဆီတွေကို ခွဲစိတ် ဖယ်ရှားနိုင်တယ်ဆိုပေမယ့် အစားအ သောက်နဲ့ ကိုယ်အလေးချိန် လျှော့ချတာ က အကောင်းဆုံးနည်းလမ်းပါ။

(၃) မိတ်ကပ်မဖျက်ဘဲ အိပ်စက်ခြင်း

ညအိပ်တဲ့အခါ မိတ်ကပ်မဖျက်ဘဲ အိပ်စက်တာကြောင့် တစ်နေကုန် မျက် နှာပေါ်မှာ လိမ်းခြယ်ထားတဲ့ မိတ်ကပ် တွေ၊ ကပ်ငြိနေတဲ့ ဖုန်တွေနဲ့ ထွက်လာတဲ့ ချွေးတွေ မျက်နှာမှာရှိတဲ့ ချွေးပေါက်တွေကို ပိတ်စေပါတယ။် မျက်လုံးမှာ ဆိုးထားတဲ့ မျက်တောင်ကော့ဆေးရည်ကို မဖျက်ဘဲ အိပ်တာက မျက်လုံးကို ယားယံတာ၊ ပိုး ဝင်တာတွေကို ဖြစ်စေပါတယ်။ ညအိပ်ရာမဝင်မီ သင့်မျက်နှာမှာ လိမ်းခြယ်ထားတဲ့ မိတ်ကပ်တွေကို သေ ချာစွာ သန့်စင်ပေးဖို့လိုပါတယ်။ မျက်နှာ သန့်စင်ရာမှာ ကြေးချွတ်အားမပြင်းတဲ့ မျက်နှာသစ်ဆေးရည်ကို အသုံးပြုပါ။ မျက်နှာသစ်ပြီးပါက အစိုဓာတ်ထိန်းပေး နိုင်တဲ့ ညလိမ်းခရင်မ်လိမ်းအိပ်ပါ။

(၄) ယောကျာ်းလေးများနှင့် ရင်ပေါင်တန်းကာ သောက်စားခြင်း

ဒီကနေ့ခေတ်မှာ မိန်းကလေးတွေဟာ ယောကျာ်းလေးတွေနဲ့ ရင်ပေါင် တန်းကာ မူးယစ်သောက်စား တတ်လာပါတယ်။ ဒါဟာ ကောင်းတဲ့ အမူအကျင့်တော့ မဟုတ်ပေမယ့် လက်ခံကျင့်သုံးသူ များလာပါတယ်။ မိန်းကလေးတွေဟာ ယောကျာ်းလေးတွေထက် ခန္ဓာကိုယ်အနည်းငယ် ပိုပြီးသေးသွယ်တာကြောင့် အရက်ရဲ့ပြင်းအားကို လျှော့ချဖို့ ခန္ဓာ ကိုယ်မှာ ရေဓာတ်အသုံးပြုမှု အနည်းငယ် ပိုနည်းပါတယ်။ လူမှုရေးအရ အပေါင်းအသင်းတွေနဲ့ ဆက်ဆံရေးမပျက်ချင်ဘူးဆိုတဲ့ ဆင်ခြေတစ်ခုနဲ့တော့ အရက်ဆက်သောက် မနေသင့်ပါဘူး။ အရက်က ခန္ဓာကိုယ်ကို ဆိုးကျိုးများ စွာဖြစ်စေတယ်ဆိုတာ သင်သိပြီးသားဖြစ်ပါလိမ့်မယ်။ သင့်အနေနဲ့ လုံးဝမသောက်သုံးလို့ မဖြစ်တဲ့အခြေအနေမျိုးမှာ အရက်နဲ့ အချိုရည်ကို တစ်လှည့် စီသောက်ပြီး အရက်သောက်သုံးမယ့် ပမာဏကို လျှော့ချပါ။

(၅) ဘရာစီယာအရွယ်အစား မှားယွင်းစွာ ဝတ်ဆင်နေမိခြင်း

မိန်းကလေးတွေရဲ့ ၇၀ ရာခိုင်နှုန်း လောက်က ဘရာစီယာအရွယ်အစားကို မှားယွင်းစွာ ဝတ်ဆင်ထားတတ်ကြပါတယ်။ ကိုယ့်ခန္ဓာကိုယ်နဲ့ မကိုက်ညီတဲ့ ဘရာစီယာကို ဝတ်ဆင်တာက သင်ရဲ့ ဝတ်စားဆင်ယင်မှုကို ကြည့်ရဆိုးစေရုံ သာမက နောက်ကျော၊ လည်ပင်းနဲ့ ရင် သားနာကျင်မှုတွေကို ဖြစ်စေပါတယ်။ ဒါ့အပြင် အသက်ရှူကျပ်တာ၊ ကိုယ်ခန္ဓာ အနေအထားပုံစံမကျတာ၊ အရေပြား ယားယံတာ၊ သွေးလှည့်ပတ်မှုမကောင်းတာနဲ့ ဝမ်းဗိုက်မအီမသာ ဖြစ်တာတွေ အထိ ဖြစ်စေနိုင်ပါတယ်။ သင့်ခန္ဓာကိုယ်နဲ့ ရင်သားအရွယ် အစားကို သေချာစွာ သိအောင်လေ့လာပါ။ ဘရာစီယာ ဝယ်ယူတဲ့အခါ ရင်သားကို အထောက်အပံ့ ကောင်းကောင်းပေး နိုင်ပြီး သင့်ရင်သားအရွယ်အစားနဲ့ ကိုက် ညီတာကို ရွေးချယ်ဝယ်ယူပါ။

(၆) အတိတ်ကဖြစ်ရပ်များကို မမေ့ပျောက်နိုင်ခြင်း

စိတ်ဖိစီးမှုက သင့်စိတ်ရော၊ ခန္ဓာကိုယ်ပါ ကျန်းမာမှုအတွက် အဟန့်အတား ဖြစ်စေပါတယ်။ မိန်းကလေးတွေက ယောကျာ်းလေးတွေထက် စိတ်ဖိစီးမှုနဲ့ ဆက်စပ်နေတဲ့ စိတ်ဓာတ်ကျတာနဲ့ စိုးရိမ် စိတ်များတာတွေကို နှစ်ဆပိုမို ခံစားတတ် ကြပါတယ်။ သုတေသီတွေရဲ့ လေ့လာမှုအရ မိန်းကလေးတွေဟာ ယောကျာ်းလေးတွေထက် အတိတ်က အကြောင်းအရာတွေကို မမေ့ပျောက် နိုင်ဘဲ တမ်းတပူဆွေးမှုတွေ လွန်ကဲနေတတ် ပါတယ်။ စိတ်ငြိမ်အောင် တရား ထိုင်တာ၊ ယောဂ ကျင့်တာတွေက စိတ်ဖိစီးမှုတွေကို လျော့ ကျအောင် ကူညီပေးနိုင်ပါတယ်။

(၇) လေးလံလွန်းသော ဘေးလွယ်အိတ်

မိန်းကလေးအများစုက သူတို့ အသုံးအဆောင်တွေကို သွားလေရာမှာ အဆင်ပြေပြေ အသုံးပြုနိုင်အောင် အိတ်ထဲထည့်ပြီး ယူဆောင် တတ်ကြပါ တယ်။ အသေးအဖွဲလေးတွေဆိုပေမယ့် အားလုံး စုပေါင်းလိုက်တဲ့အခါ သင့်ပခုံးကို ဝန်ပိစေပြီး ကြာရှည်လာတဲ့အခါ သင့်ကျန်း မာရေးကို ဒုက္ခပေးနိုင် ပါတယ်။ သင့်ဘေးလွယ်အိတ် အရွယ်အစားက သိပ်ကြီးလွန်းနေရင် အနေတော် အရွယ်အိတ်ကို ပြောင်းပါ၊ အိတ်ထဲမှ မလိုအပ်တဲ့ အသုံး အဆောင် တွေကို တစ်ပတ်တစ်ခါ ရှင်းလင်းဖယ်ရှားပေးပါ။

(၈) ဒေါက်မြင့်ဖိနပ်စီးခြင်း

ဒေါက်မြင့်ဖိနပ်စီးတာက ခန္ဓာကိုယ် မှအဆစ်အပေါ် ဖိအားကျရောက်စေပြီး အရိုးအဆစ်ရောင်ရမ်းတာ၊ ခြေမ နာကျင်တာ၊ ခါးနာတာနဲ့ အရွတ်မှာ ဒဏ်ဖြစ်တာတွေဖြစ်စေပါတယ်။ ဒေါက်မြင့်ဖိနပ်ကြောင့်ဖြစ်ရတဲ့
ဒဏ်တွေ သက်သာစေဖို့ နေ့စဉ်စီးတဲ့ ဖိနပ်ရဲ့ ဒေါက်အမြင့်ဟာ တစ်လက်မခွဲ ထက် မပိုသင့်ပါဘူး။ သင်စီးတဲ့ဖိနပ်ဟာ အဆစ်အပေါ် ဒဏ်မပိစေတဲ့ ဖိနပ်မျိုး ဖြစ်ရပါမယ်။

(၉) အိပ်ရေးဝ၀ မအိပ်စက်ခြင်း

ကံမကောင်းစွာဘဲ မိန်းကလေးတွေက ယောကျာ်းလေးတွေထက် အိပ်ရေး ပျက်တာကို ပိုမိုခံစားရတတ်ပါတယ်လို့ မစ်ချီကန်တက္ကသိုလ်မှ လေ့လာမှုအရ သိရပါတယ်။ အိပ်ပျက်များတဲ့ မိန်းကလေးတွေက အစာစားချင်စိတ် ဖြစ်ပေါ် စေပြီး နှလုံးရောဂါ ဖြစ်ပွားနှိုင်ခြေကလည်း မြင့်မားစေပါတယ်။ နှစ်နှစ် ခြိုက်ခြိုက် အိပ်ပျော်စေဖို့ ညဘက်အိပ်ခါနီးမှာ ကဖင်းဓာတ်ပါတဲ့ ကော်ဖီ၊ လက်ဖက်ရည်နဲ့ တခြားအချို ရည်တွေ မသောက်ပါနဲ့။ အိပ်ရာဝင်ခါနီး လေ့ကျင့်ခန်း လုပ်တာကိုလည်း ရှောင်ပါ။ အိပ်ခါနီး နွားနို့ပူပူတစ်ခွက် သောက်တာ၊ ကြက်သီးနွေးရေနဲ့ ရေချိုးပေးတာတွေက သင့်ကို နှစ်နှစ် ခြိုက်ခြိုက် အိပ်ပျော်စေဖို့ ကူညီပေးပါတယ်။

(၁၀) သားသမီးများကို ဂရုစိုက်နေရခြင်း

မိန်းကလေးတွေက ကိုယ့်ကိုယ်ကိုယ် ကျန်းမာဖို့အပြင် အိမ်ထောင် ထိန်းသိမ်း ရတဲ့ တာဝန်လည်း ရှိတာကြောင့် အိမ်သားတွေရဲ့ ကျန်းမာရေး ကိုလည်း ဂရုပြုရပါတယ်။ အထူးသဖြင့် သားသမီးတွေ နေမကောင်းတဲ့အခါ၊ ထိခိုက် ဒဏ်ရာရတဲ့အခါ အိမ်ထောင်ရှင်မမှာ တာဝန် အပိုတွေ ပိစေပါတယ်။ သင့်ကလေးငယ်တွေ အအေးမမိအောင် မိုးရေထဲ ထွက်ဆော့တာကို တားမြစ်ပါ။ ကလေးတွေဟာ ပြေးလွှား ဆော့ကစား တတ်ကြတာကြောင့် အိမ်တွင်း၊ အိမ်ပြင်မှာ ချော်လဲနိုင်တာ၊ တိုက်မိခိုက်မိနိုင်တာတွေကို ရှင်းလင်းထားပါ။

ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်)

မြ၀တီရုပ်မြင်သံကြား Digital Set Topbox ၄ နေရာ ထပ်မံ တိုးချဲ့ထုတ်လွှင့်

Photo: မြ၀တီရုပ်မြင်သံကြား Digital Set Topbox ၄ နေရာ ထပ်မံ
တိုးချဲ့ထုတ်လွှင့်
Thursday, January 24, 2013 

မြ၀တီရုပ်မြင်သံကြား ၏ Digital Set Topbox စနစ်ဖြင့် ထုတ်လွှင့်မှု အစီအစဉ်များအား နေရာ (၄)နေရာ ထပ်မံ တိုးချဲ့ ထုတ်လွှင့်လျက် ရှိကြောင်း သိရသည်။ အဆိုပါ ထပ်မံ တိုးချဲ့ထုတ်လွှင့်သော မြို့များမှာ ပဲခူးမြို့ပေါ် ၊ မိတ္ထီလာ ၊ ပြင်ဦးလွင် နှင့် မုံရွာမြို့နယ်ရှိ ၂၃ ရပ်ကွက် နှင့် မြို့သစ်ရပ်ကွက် ၊ အိုးဖိုတောင် တို့တွင် ဖမ်းယူ ကြည့်ရှု နိုင်ပြီ ဖြစ်သည်။

ယခင် Digital Set Topbox စနစ်ဖြင့် ဖမ်းယူ ကြည့်ရှုနိုင်သော မြို့ကြီးများမှာ နေပြည်တော် ၊ ရန်ကုန် ၊ စစ်ကိုင်း ၊ ချောက် ၊ တောင်ငူ ၊ တောင်ကြီး ၊ ပြည် ၊ ပုသိမ် နှင့် မော်လမြိုင် မြို့ကြီးများ၏ မိုင် ၅၀ ပတ်လည်တွင် ဖမ်းယူ ကြည့်ရှုနိုင်ပြီး မြ၀တီ Digital Set Topbox စနစ်သည် လစဉ်ကြေး ၊ နှစ်စဉ်ကြေး များ ပေးသွင်းရန် မလိုဘဲ Free to Air TV လိုင်း တစ်ခု ဖြစ်ကြောင်း သိရှိရသည်။

မြ၀တီ မြ၀တီရုပ်မြင်သံကြား ၏ Digital Set Topbox စနစ်ဖြင့် ထုတ်လွှင့်မှု အစီအစဉ်များအား နေရာ (၄)နေရာ ထပ်မံ တိုးချဲ့ ထုတ်လွှင့်လျက် ရှိကြောင်း သိရသည်။ အဆိုပါ ထပ်မံ တိုးချဲ့ထုတ်လွှင့်သော မြို့များမှာ ပဲခူးမြို့ပေါ် ၊ မိတ္ထီလာ ၊ ပြင်ဦးလွင် နှင့် မုံရွာမြို့နယ်ရှိ ၂၃ ရပ်ကွက် နှင့် မြို့သစ်ရပ်ကွက် ၊ အိုးဖိုတောင် တို့တွင် ဖမ်းယူ ကြည့်ရှု နိုင်ပြီ ဖြစ်သည်။ ယခင် Digital Set Topbox စနစ်ဖြင့် ဖမ်းယူ ကြည့်ရှုနိုင်သော မြို့ကြီးများမှာ နေပြည်တော် ၊ ရန်ကုန် ၊ စစ်ကိုင်း ၊ ချောက် ၊ တောင်ငူ ၊ တောင်ကြီး ၊ ပြည် ၊ ပုသိမ် နှင့် မော်လမြိုင် မြို့ကြီးများ၏ မိုင် ၅၀ ပတ်လည်တွင် ဖမ်းယူ ကြည့်ရှုနိုင်ပြီး မြ၀တီ Digital Set Topbox စနစ်သည် လစဉ်ကြေး ၊ နှစ်စဉ်ကြေး များ ပေးသွင်းရန် မလိုဘဲ Free to Air TV လိုင်း တစ်ခု ဖြစ်ကြောင်း သိရှိရသည်။

From : မြ၀တီ

No comments:

Post a Comment

Wednesday, January 23, 2013

သောက်သုံးရေ များတွင် Arsenic ဓာတ်ပါဝင်မှု များသော မြို့နယ်များသို့ သွားရောက် လေ့လာရေး ဆွေးနွေး

ရန်ကုန် ဇန်နဝါရီ ၂၃ ရေအရင်းမြစ် အသုံးချရေး ဦးစီးဌာန၊ အဆင့်မြင့် ပညာ ဦးစီး ဌာနနှင့် အမေရိကန် ပြည်ထောင်စု ကိုလံဘီယာ တက္ကသိုလ်မှ Geochemist ပညာရှင် များ ပူးပေါင်း၍ Applied Research အသုံးချ သုတေသန လုပ်ငန်းများနှင့် WHO ၏ စစ်တမ်းများ အရ သောက်သုံးရေ များတွင် Arsenic ဓာတ်ပါဝင် မှုနှင့် ပတ်သက်သည့် နည်းပညာ ဆိုင်ရာ ပညာရှင် စာတမ်း ဖတ်ပွဲ အခမ်း အနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ရန်ကုန် တက္ကသိုလ် ဝိဇ္ဇာ ခန်းမ၌ ကျင်းပရာ ရေအရင်းမြစ် အသုံးချရေး ဦးစီး ဌာနမှ ဌာနဆိုင်ရာ အကြီး အကဲများ၊ အဆင့်မြင့် ပညာ ဦးစီးဌာန ရန်ကုန် တက္ကသိုလ် ပါမောက္ခ ချုပ်နှင့် ပါမောက္ခများ၊ ကိုလံဘီယာ တက္ကသိုလ် မှ Geochemist ပညာရှင်များ၊ သုတေသန စာတမ်းရှင် များနှင့် ဖိတ်ကြား ထားသူများ တက်ရောက် ကြသည်။ အခမ်း အနား၌ ပညာရှင် များနှင့် သုတေသန စာတမ်းရှင် များက မြန်မာ နိုင်ငံရှိ ဧရာဝတီ တိုင်းဒေသကြီး ကျောင်းကုန်း မြို့နယ်နှင့် ကျုံပျော် မြို့နယ် များရှိ ရေတွင်းများနှင့် သောက်သုံး ရေကန်များတွင် Arsenic ဓာတ်ပါဝင်မှုများ ဖြစ်ပေါ်လျက် ရှိရာ သောက်သုံး နေကြသည့် ကျေး လက်နေ ပြည်သူ များ အတွက် ကျန်းမာရေး ဆိုးကျိုးများ ဖြစ်ပေါ် လာနိုင်ကြောင်း၊ သုတေသန ဌာန သုံးခု၏ စစ်တမ်း ဆုံးဖြတ်ချက်များ အရ ၎င်းနေရာ များသည် မြန်မာ နိုင်ငံ၏ Arsenic ဓာတ်ပါဝင်မှု အများဆုံး နေရာများ ဖြစ်ကြောင်း ပြောကြားသည်။ ရေအရင်းမြစ် အသုံးချရေး ဦးစီးဌာန အနေဖြင့် ၎င်းနေရာ များရှိ ရေများအား သောက်ရေ အဖြစ် အသုံး မပြုသင့်ကြောင်း၊ ၎င်းရေကို ကျိုချက်လျှင် Arsenic ဓာတ်ပိုမို များပြားလာနိုင် ကြောင်းနှင့် သောက်သုံးသူများ အတွက် ရေရှည်တွင် အရေပြား ရောဂါများ၊ လည်ပင်းနှင့် ပတ်သက် သည့် ရောဂါများ ဖြစ်ပွားတတ်ကြောင်း သိရသည်။ လက်ရှိတွင် အင်ဒိုနီးရှား နိုင်ငံ နှင့် အခြား နိုင်ငံကြီး များရှိ Arsenic ဓာတ်များသည့် ဒေသတို့တွင် အဆိုပါ ရောဂါများ ခံစား နေရလျက် ရှိကြောင်း၊ ယင်းနှင့် ပတ်သက်၍ ပညာရှင် အဖွဲ့ အနေဖြင့် ကျောင်းကုန်းနှင့် ကျုံပျော် မြို့နယ်များသို့ ဇန်နဝါရီ ၂၂ ရက်မှ ၂၄ ရက်အထိ သွားရောက်၍ သုတေသန လုပ်ငန်းများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ မြ၀တီ

Wednesday, January 16, 2013

လိုင်ဇာမြို့နယ် အတွင်းရှိ ဒေသခံများကို လုံခြုံရာသို့ ပြောင်းရွေ့ ထားရကြောင်း KIO ဒုက္ခသည် ကယ်ဆယ်ရေး ကော်မတီ ဥက္ကဌ ပြောကြား

လိုင်ဇာမြို့နယ် အတွင်းရှိ ဒေသခံများကို လုံခြုံရာသို့ ပြောင်းရွေ့ ထားရကြောင်း KIO ဒုက္ခသည် ကယ်ဆယ်ရေး ကော်မတီ ဥက္ကဌ ပြောကြား လိုင်ဇာမြို့နယ်အတွင်းရှိ အရပ်သား ဒေသခံများကို လုံခြုံရာသို့ ပြောင်းရွေ့ ထားရသည်ဟု KIO ကယ်ဆယ်ရေး ကော်မတီ ဥက္ကဌ ဒွဲပီဆာက ဧရာဝတီ သတင်းဌာနသို့ ပြောကြား ခဲ့ကြောင်း သိရသည်။ ဇန်န၀ါရီလ ၁၄ ရက်နေ့က လိုင်ဇာမြို့တွင်းရှိ လူနေရပ်ကွက်ပေါ်သို့ အစိုးရဘက်မှ လက်နက်ကြီး ကျည်ဆန်များ ပြီးနောက် ဒေသခံများကို ဘေးလွတ်ရာသို့ ပြောင်းရွေ့ထားခြင်း ဖြစ်ကြောင်း ဒွဲပီဆာက ပြောကြားခဲ့သည်ဟု ဧရာဝတီ သတင်းဌာန ၀က်ဘ်ဆိုက်တွင် ဖော်ပြထားပါသည်။ ဇန်န၀ါရီလ ၁၄ ရက်နေ့တွင် အစိုးရဘက်မှ ပစ်ခတ်သော လက်နက်ကြီး ကျည်ဆန်များသည် လိုင်ဇာမြို့ပေါ်ရှိ ခကျန် ရပ်ကွက်အတွင်းသို့ ကျရောက်ခဲ့ပြီး အရပ်သား သုံးဦးသေဆုံးခဲ့ပါသည်။ KIO ဌာနချုပ် လိုင်ဇာအနီးရှိ လင်းဘွန်တောင်နှင့် ခါရာဘာ တောင်ကုန်းများကို အစိုးရမှ တိုက်လေယာဉ်များဖြင့် ထိုးစစ်ဆင်မှု ပြုလုပ်နေကြောင်း သိရသည်။ ဇန်န၀ါရီလ ၁၆ ရက်နေ့ (ယနေ့) မွန်းလွဲပိုင်းတွင် လိုင်ဇာဌာနချုပ် အနောက်ဘက် တောင်ကုန်း တစ်ဝိုက်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခတ်ခဲ့သည်ဟု Jade Land Facebook စာမျက်နှာတွင် ဖော်ပြထားပါသည်။ "ယနေ့ မွန်းလွဲပိုင်းမှ စ၍ တိုက်လေယာဉ် ၂ စီးနဲ့ ခါရာဘွမ် ကို ဗုံးဝင်ကြဲနေပါတယ်။ လိုင်ဇာဌာနချုပ် အနောက်ဘက်တောင်ကုန်း တစ်ဝိုက်ကို လည်း ရော့ကက် နဲ့ ပစ်သွားပါတယ်။ အခုထိ ဆက်ချနေကြောင်းသိရတယ် ”ဟု Jand Land တွင် ရေးသားခဲ့ပါသည်။ လိုင်ဇာမြို့၏ အနောက်မြောက်ဘက်တွင်ရှိသော ခါရာတောင်ကုန်းကို အစိုးရ တပ်ဘက်က ဇန်န၀ါရီလ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် ခြေလျင်တပ်ရင်းများဖြင့် စတင်တိုက်ခိုက်ပြီးနောက် မွန်းလွဲပိုင်းတွင် တိုက်လေယာဉ်များဖြင့်ပါ အရှိန်မြှင့် တိုက်ခိုက်ကြောင်း သိရသည်ဟု ဧရာဝတီ သတင်းဌာန ၀က်ဘ်ဆိုက်တွင် ဖော်ပြခဲ့ပါသည်။

Tuesday, January 15, 2013

"အိမ်ပိုင်မရှိသူများကို ယခုထက် သက်သာသည့်နှုန်းဖြင့် ငှားရမ်းပေးရန်ရှိ"

အိမ်ရာအပိုင်မဝယ်နိုင်သူများကို လက်ရှိထက်ပိုမိုသက်သာသောနှုန်းထားဖြင့် ငှားရမ်းနေထိုင်နိုင်ရေးအတွက် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

''ပုဂ္ဂလိကက အငှားချအိမ်ရာ ကဏ္ဍ တိုးတက်ဖို့ လေ့လာနေပါ တယ်။ အိမ်ရာဝယ်နိုင်စွမ်း တက် လာအောင် မတက်လာရင်လည်း အစိုးရက ဖြစ်ဖြစ်၊ ပုဂ္ဂလိကက ဖြစ်ဖြစ် အငှားချထားပေးမှုက လူ ထုအတွက် ပိုပြီးသက်သာတဲ့ ငွေ ကြေးစနစ်နဲ့ဖြစ်အောင် ဆောင် ရွက်မှာ ဖြစ်ပါတယ်''ဟု မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး (စီမံ)ဦးမြင့်နိုင်က ပြောသည်။

လက်ရှိ ရန်ကုန်မြို့၌ ရွှေ့ ပြောင်းနေထိုင်သူဦးရေ များပြား လာမှုကြောင့် ပုဂ္ဂလိကပိုင်းမှ အိမ် အငှားချထားမှုမှာ မြို့သစ်မြို့နယ် များတွင် ရေ၊ မီး၊ အစုံအလင်ဖြင့် တစ်လလျှင် အနည်းဆုံး ကျပ်လေး သောင်းဝန်းကျင်ခန့်ရှိပြီး မြို့တွင်း နှင့် စပ်ဆက်မြို့နယ်များ၌ တစ် လလျှင် အနိမ့်ဆုံး ကျပ်တစ်သိန်း ဝန်းကျင်ခန့် ရှိသည်။

နိုင်ငံသားများ ဝယ်ယူနိုင်စွမ်း ရှိသည့် သင့်တင့်သော အိမ်ရာနှင့် နိုင်ငံတစ်ဝန်းအငှားချအိမ်ရာများ လုံလောက်စွာ ဖြန့်ဖြူးပေးနိုင်ရေး အတွက် အိမ်ရာအမြောက်အမြား ထုတ်လုပ်သည့် နည်းပညာများရရှိ ရန် ယခုလအတွင်း အလုပ်ရုံဆွေး
နွေးပွဲကျင်းပမည်ဖြစ်ပြီး ယင်းဆွေး နွေးပွဲသို့ ကိုရီးယားနှင့် မလေးရှား နိုင်ငံမှ အိမ်ရာ ထုတ်လုပ်ရေးတွင် ကျွမ်းကျင်သည့် လုပ်ငန်းရှင်များ တက်ရောက်ရန် ဖိတ်ခေါ်ထား ကြောင်း မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုး ရေးဦးစီးဌာနမှ သိရသည်။

လက်ရှိ၌ ရန်ကုန်မြို့တွင် အစိုးရမှ အငှားချထားပေးသော အိမ်ရာပေါင်း တစ်သောင်းနှစ် ထောင်ခန့်ရှိပြီး ယင်းအိမ်ရာများ မှာ အစိုးရဝန်ထမ်းအပြင် အများ ပြည်သူသို့လည်း ချထားပေးထား ခြင်းဖြစ်ကြောင်း အထက်ပါ အရာ ရှိထံမှ သိရသည်။

အခြားမြို့ကြီးများတွင် အစိုး ရဝန်ထမ်းနယ်ပြောင်း၊ ရွှေ့ပြောင်း ဝန်ထမ်းဦးရေ လေးသောင်းကျော် ရှိသော်လည်း လက်ရှိအချိန်အထိ အိုးအိမ်မှ အငှားချထားပေးနိုင် သော အိမ်ရာငါးထောင်ကျော်သာ ရှိသေးသည်ဟု၎င်းကပြောသည်။

''လောလောဆယ်မှာ ရွှေ့ ပြောင်းဝန်ထမ်းအကုန်လုံးကို မပေး နိုင်သေးပါဘူး။ နယ်တွေကအစိုးရ ဝန်ထမ်းတွေကို အငှားချအိမ်ရာ တွေပေးနိုင်ဖို့အတွက်လည်း Plan ဆွဲနေပါတယ်''ဟု ၄င်းက ဆက် လက် ပြောသည်။

အစိုးရက အငှားချထားပေး သည့် အိမ်ရာများအတွက် ငှားရမ်း ခကိုမူ ဆောက်လုပ်သည့် ခုနှစ်၏ ကုန်ကျစရိတ်ပေါ်မူတည်၍ အရင်း ကျေစေရန် တွက်ချက်ကောက်ခံ ခြင်းဖြစ်ပြီး အများပြည်သူအား ငှားရမ်းဖြစ်ပါကအိမ်ငှား ဦးစီးသက် ရှိထင်ရှားရှိသည်အထိ
အငှားချ ထားပေးကြောင်း၊ အစိုးရဝန်ထမ်း ဖြစ်ပါက ယင်းမြို့နယ်တွင် တာဝန် ထမ်းဆောင်စဉ်ကာလအထိအငှား ချထားပေးကြောင်း မြို့ရွာနှင့် အိုး အိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရ သည်။

''အစိုးရဝန်ထမ်းဆိုရင်တော့ အိမ်ငှားခကို လစာရဲ့ ၁ဝ ရာခိုင် နှုန်းကောက်ခံပါတယ်''ဟု ၄င်းက လက်ရှိ ငှားရမ်းခ ကောက်ခံနေမှု စနစ်ကို ပြောသည်။

အစိုးရ ဝန်ထမ်းများအနေ ဖြင့် နိုင်ငံတော်မှ ငှားယူထားသည့် အိမ်ရာကို နယ်ပြောင်း၍ တာဝန် ထမ်းဆောင်ခြင်းနှင့် အလုပ်မှ ထုတ်ပယ်ခံရခြင်းဖြစ်ပါက နှစ်လ အတွင်း ပြန်လည်အပ်နှံရမည်ဖြစ် ပြီး သေဆုံးခြင်းနှင့် အငြိမ်းစားယူ ခြင်းဖြစ်ပါက လေးလအတွင်း
ပြန် လည်အပ်နှံရမည်ဖြစ်ကြောင်း သိရသည်။

ဝေမာထွန်း

နိုင်ငံတော်တာဝန်ကို တည်ငြိမ်အေးချမ်းစွာ စနစ်တကျ လွှဲပြောင်းပေးရေးနှင့် အမျိုးသား ညီလာခံ လုပ်ငန်း များ အောင်မြင် စွာ ဆောင်ရွက်ရေးတို့ ကို နှောင့်ယှက်ဆန့်ကျင်ခြင်းမှ ကာကွယ်သည့် ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေ

==========================================
နိုင်ငံတော်တာဝန်ကို တည်ငြိမ်အေးချမ်းစွာ စနစ်တကျ လွှဲပြောင်းပေးရေးနှင့် အမျိုးသား ညီလာခံ လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်ရေးတို့ကို နှောင့်ယှက်ဆန့်ကျင်ခြင်းမှ ကာကွယ်သည့် ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေ

(၂၀၁၃ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁။)

၁၃၇၄ ခုနှစ်၊ ပြာသိုလဆန်း ၄ ရက်

(၂၀၁၃ ခုနှစ်၊ ဇန်နဝါရီ ၁၅ရက်)

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

၁။ ဤဥပဒေကို နိုင်ငံတော်တာဝန်ကို တည်ငြိမ်အေးချမ်းစွာ စနစ်တကျ လွှဲပြောင်းပေးရေးနှင့် အမျိုးသား ညီလာခံ လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်ရေးတို့ကို နှောင့်ယှက်ဆန့်ကျင်ခြင်းမှ ကာကွယ်သည့် ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေဟု ခေါ်တွင်စေရမည်။

၂။ နိုင်ငံတော်တာဝန်ကို တည်ငြိမ်အေးချမ်းစွာ စနစ်တကျ လွှဲပြောင်းပေးရေးနှင့် အမျိုးသား ညီလာခံ လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်ရေးတို့ကို နှောင့်ယှက်ဆန့်ကျင်ခြင်းမှ ကာကွယ်သည့် ဥပဒေ(နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ် ၅/၉၆)ကို ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ပ် လက်မှတ်ရေးထိုးသည်။

(ပုံ)သိန်းစိန်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

http://www.ministryofinformation.gov.mm/index.php/announcement/2021-2013-01-16-02-22-41.html

လူငါးသောင်းခန့် အလုပ်အကိုင် ပေးနိုင်မည့် ကိုရီးယားဆမ်ဆောင်းစက်ရုံ မှော်ဘီတွင် တည်တော့မည်

Wednesday, January 16, 2013

မှော်ဘီမြို့နယ်ရှိ ညောင်နှစ်ပင်ကွင်း၌ ဆမ်ဆောင်းကုမ္ပဏီ စက်ရုံလာရောက် တည်ထောင်တော့မည်ဟု မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သတင်းရရှိသည်။

အမျိုးသားညီလာခံ ကျင်းပရာ အဆိုပါနေရာရှိ မူလအဆောက်အအုံ နေရာ များ၌ စက်ရုံတည်ဆောက်မည် မဟုတ်ဘဲ သီးခြားနေရာတွင် ဆောက်လုပ် မည်ဟု ကော်မရှင်ဥက္ကဋ္ဌက ပြောသည်။

''ရင်းနှီးမြှုပ်နှံမှု ပမာဏလည်း ကြီးတယ်။ ဒါ့ကြောင့်လူ ၅ သောင်း အလုပ် ရသွားမယ်'' ဟု အထက်ပါ ပုဂ္ဂိုလ်က ဆက်လက်ပြောသည်။

စက်ရုံ တည်ဆောက်ခြင်းကို ယခုနှစ်လအတွင်း စတင်အကောင်အထည်ဖော် မည်ဖြစ်ပြီး ပြည်တွင်း၌ အဓိကရောင်းချရန်မဟုတ်ဘဲ တောင်ကိုရီးယားမှ တစ်ဆင့် ပြန်လည်ဖြန့်ဖြူး ရန် စက်ရုံလာတည်ခြင်း ဖြစ်သည်ဟု ကော်မရှင်မှ သိရသည်။

ယခုကဲ့သို့သော ဆမ်ဆောင်း စက်ရုံကို ဗီယက်နမ်နိုင်ငံတွင် တည်ထောင် ထားခဲ့ပြီးဖြစ်သည်ဟု သိရ သည်။အစိုးရသစ် တက်ပြီးနောက် ကမ္ဘာကျော် အမှတ်တံဆိပ်များ ပြည်တွင်း၌ လာရောက်ရင်းနှီးမြှုပ်နှံမှုတွင် အမေရိကန် ပက်(ပ်)စီကုမ္ပဏီပြီးလျှင် ယခု တောင်ကိုရီးယားဆမ်ဆောင်းမှာ ဒုတိယ
မြောက် ဖြစ်သည်။

PN-051၊ရန်နိုင်
Popular Myanmar News Journal

“ဂျပန်လေကြောင်းလိုင်းမှ Boeing 787 ခရီးသည်တင်လေယာဉ် အရေးပေါ်ဆင်းသက်ရ”

Breaking News:
“ဂျပန်လေကြောင်းလိုင်းမှ Boeing 787 ခရီးသည်တင်လေယာဉ် အရေးပေါ်ဆင်းသက်ရ”

ဂျပန်လေကြောင်းလိုင်း တစ်ခုတွင် အသုံးပြုနေသည့် Boeing 787 (Dreamliner) အမျိုးအစား ခရီးသည်တင် လေယာဉ်တစ်စင်း အရေးပေါ် ဆင်းသက်ခဲ့ရသည့်နောက် အခြားသော Dreamlinerများကိုပါ ပျံသန်းမှု ရပ်ဆိုင်းထားစေကြောင်း သိရှိရသည်။ 

All Nippon Airways (ANA)သည် ၎င်းတို့၏ Dreamliner လေယာဉ် (၁၇)စင်းလုံးကို ပျံသန်းမှု ဆိုင်းငံ့ထားကြောင်း ကြေညာခဲ့သည်။ အမေရိကန် လေယာဉ် ကုမ္ပဏီကြီး Boeingက ထုတ်လုပ် ရောင်းချသော လေယာဉ်တစ်စင်းသည် ဘက်ထရီ ပြဿနာကြောင့် အရေးပေါ် ဆင်းသက်ခဲ့ရသည့်နောက် Dreamliner အားလုံးကို ပျံသန်းနေစဉ်မှာပင် မြေပေါ် ဆင်းသက်ရန် ANAက ညွှန်ကြားခဲ့သည်။
 
ဇန်နဝါရီလ (၁၆)ရက်နေ့အထိ လေယာဉ် (၇)စင်းကို ပျံသန်းခွင့် မပေးသေးဘဲ အသေးစိတ် စစ်ဆေးမှုများ ပြုလုပ်သွားမည်ဟု ANAက ဆိုသည်။ Dreamlinerများ ထုတ်လုပ်မှု စီမံကိန်းအပေါ် များစွာ မျှော်လင့်ထားသည့် Boeingအတွက် ယခုသတင်းသည် နောက်ထပ် ထိုးနှက်ချက် တစ်ခုလည်း ဖြစ်လာသည်။

Read more http://www.planet.com.mm/news/read.cfm/id/20737

ဂျပန်လေကြောင်းလိုင်းတစ်ခုတွင် အသုံးပြုနေသည့် Boeing 787(Dreamliner)အမျိုးအစား ခရီးသည်တင် လေယာဉ်တစ်စင်း အရေးပေါ် ဆင်းသက်ခဲ့ရသည့်နောက် အခြားသော Dreamlinerများကိုပါ ပျံသန်းမှု ရပ်ဆိုင်းထားစေကြောင်း သိရှိရသည်။

All Nippon Airways (ANA)သည် ၎င်းတို့၏ Dreamliner လေယာဉ် (၁၇)စင်းလုံးကို ပျံသန်းမှု ဆိုင်းငံ့ထားကြောင်း ကြေညာခဲ့သည်။ အမေရိကန် လေယာဉ် ကုမ္ပဏီကြီး Boeingက ထုတ်လုပ် ရောင်းချသော လေယာဉ်တစ်စင်းသည် ဘက်ထရီ ပြဿနာကြောင့် အရေးပေါ်  ဆင်းသက်ခဲ့ရသည့်နောက် Dreamliner အားလုံးကို ပျံသန်းနေစဉ်မှာပင် မြေပေါ် ဆင်းသက်ရန် ANAက ညွှန်ကြားခဲ့သည်။

ဇန်နဝါရီလ (၁၆)ရက်နေ့အထိ လေယာဉ် (၇)စင်းကို ပျံသန်းခွင့် မပေးသေးဘဲ အသေးစိတ် စစ်ဆေးမှုများ ပြုလုပ်သွားမည်ဟု ANAက ဆိုသည်။ Dreamlinerများ ထုတ်လုပ်မှု စီမံကိန်းအပေါ် များစွာ မျှော်လင့်ထားသည့် Boeingအတွက် ယခုသတင်းသည် နောက်ထပ် ထိုးနှက်ချက် တစ်ခုလည်း ဖြစ်လာသည်။

ဦးခင်ညွန့်အခမဲ့ အထူးကုဆေးခန်းကြီးဖွင့်လှစ်သွားမည်ဟု သတင်းထွက်ပေါ်

 နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသည့် ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်ထူထောင်ထားသည့် ရွှေမော်ဝန်းလူမှုရေးအဖွဲ့မှ ကျောက်တန်းမြို့နယ်အတွင်း အခမဲ့အထူး ကုဆေးခန်းကြီး ဖွင့်လှစ်သွားရန် စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရပါသည်။

၎င်းဆေးခန်းကြီး ဖွင့်လှစ်သွားနိုင်ရေး စေတနာ ဆရာဝန်၊ဆရာမများ စတင်ချိတ်ဆက်စု စည်းနေပြီဖြစ်ကြောင်း၊ ကုန်ကျစရိတ်အတွက် ပြည်တွင်းမှ ဦးခင်ညွန့်နှင့်ရင်းနှီးသည့် စီးပွားရေးလုပ်ငန်း ရှင်များ၊ စေတနာရှင်များထံမှ အလှူငွေများကို စုဆောင်းလက်ခံသွားရန်ရှိရာ နိုင်ငံတကာ၌လည်း အလှူငွေ များစုဆောင်းလက်ခံသွားရန်ရှိသဖြင့် ရွှေမော်ဝန်း လူမှုရေးအသင်း၏ ကိုယ်စား ပြည်ပမှတာဝန်ယူကာ အလှူငွေရှာဖွေပေးမည့်သူများကိုလည်း ရှာဖွေနေပြီဖြစ်ကြောင်း လည်းသိရှိရပါသည်။ ၄င်းဆေးခန်းဖွင့် လှစ်ပြီးမြောက်ရေး ဇေကမ္ဘာကုမ္ပဏီမိသားစု၊ ဦးအောင်သက်မန်း (ဧရာရွှေဝါကုမ္ပဏီ)တို့မှ စတင်မတည် လှူဒါန်းသွားရန်ရှိကြောင်း သိရှိရပါသည် ။