Saturday, May 25, 2013

ဖတ်မိသမျှ ဂျာနယ်များမှ


ဖတ်မိသမျှဂျာနယ်များမှ







တရားမဝင် ဖမ်းဆီးရမိသည့် လိုင်စင်မဲ့ ဇိမ်ခံကားများ လေလံတင် ရောင်းချမည်

25/May/2013
မွန်ပြည်နယ် အစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ တစ်ဖက်နိုင်ငံမှ ခိုးသွင်းခဲ့သည့် ဇိမ်ခံကားများ ဖမ်းဆီးအရေးယူရေး စီမံချက်ဖြင့် မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မျိုးဆွေဝင်း၊ ဒုတိယပြည်နယ် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဝင်းဗိုလ်၊ မော်လမြိုင်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဇော်မင်းဦးနှင့် သထုံခရိုင် ဒုတိယရဲမှူးကြီး အောင်သန်းတို့ ဦးဆောင်သော တပ်ဖွဲ့ဝင်များသည် မော်လမြိုင်မှ ရန်ကုန်၊ နေပြည်တော်နှင့် မန္တလေးမြို့များသို့ သယ်ဆောင် ရောင်းချလျက်ရှိသော တရားမဝင် လိုင်စင်မဲ့ ဇိမ်ခံကားများကို ၂၀၁၂ ခုနှစ် အောက်တိုဘာ ၁၂ ရက်မှ စတင်ဖမ်းဆီးခဲ့ရာ မေ ၂၄ ရက်နေ့အထိ ကား ၁၄၄ စီး ဖမ်းဆီး အရေးယူခဲ့သည်။ အဆိုပါ လိုင်စင်မဲ့ ကားများအနက် ဇိမ်ခံကား ၉၂ စီးကို မွန်ပြည်နယ် အစိုးရအဖွဲ့၏ ခွင့်ပြုချက်အရ မကြာမီ ရက်ပိုင်းအတွင်း လေလံတင် ရောင်းချမည်ဖြစ်ကြောင်း၊ ရောင်းချရာမှ ရရှိသည့်ငွေများကို ပြည်နယ်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် မေလ ၂၅ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။
ခေတ်လူငယ်

Tuesday, May 21, 2013

စစ်တပ်သည်အစိုးရမဟုတ်ပါ

စစ်တပ်သည်အစိုးရမဟုတ်ပါ
**************************************
၁။ အစိုးရနဲ့တပ်မတော်ကို ခွဲခြားပြီးပြောပါ။

၂။ တပ်မတော်ဟာ အစိုးရရဲ့ မူဝါဒအတိုင်း လုပ်ရမှာပါ။ ဗိုလ်ချုပ်တွေက အစိုးရတက်လုပ်နိုင်လို့ အတိုက်အခံကိုနှိမ်နင်းခိုင်းရင် နှိမ်နင်းမှာပဲဖြစ်သလို N L Dက အစိုးရဖြစ်လာပြီး သူတို့နဲ့အတိုက် အခံကို နှိမ်နင်းဖို့ တပ်ကိုအသုံးချလည်း တပ်ကတော့ ခိုင်းတဲ့အတိုင်း လုပ်ရမှာပါပဲ။

၃။ စစ်တပ်ကိုး ။ အထက်အမိန့် နာခံတတ်အောင် လေ့ကျင့်ထားတာပါ။ အမိန့်မနာခံဘဲနဲ့လဲ စစ်တိုက် လို့ မရပါ။ ရှေ့တန်းမှာ ဒီလမ်းက ဒီတောင်ကုန်းကို တက်သိမ်းဆို မိုင်းရှိရှိ ၊ ငြောင့်ထောင်ထောင် စက်သေနတ် ဘယ်နှစ်လက်နဲ့ပစ်ပစ် တက်ရမှာပါ။ နောက်နေ့မှတိုက်ပါရစေ ၊ တခြားလမ်းကသွား ပါရစေ လုပ်လို့မရပါ။ စစ်သားရဲ့တွေးခေါ်ပုံကိုက အရပ်သားနဲ့မတူပါ ။ မတူအောင်လည်း လေ့ကျင့်ထားတာပါ။ စစ်သားကို စစ်တရားရုံးနဲ့ပဲ တရားစီရင်ခွင့်ရှိတာဟာ စစ်သားရဲ့စဉ်းစားပုံဟာ အရပ်သားနဲ့မတူလို့ပါ။

၎။ စစ်တပ်ကို လက်ကိုင်ဒုတ် စစ်တပ်မဖြစ်စေချင်ရင် စနစ်ကို ခိုင်မာအောင်လုပ်ပါ။ ဘယ်သူတက် တက် စစ်တပ်ကို အသုံးချလို့မရအောင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆွဲထားပါ။ အမေရိကန်နိုင်ငံသ မိုင်းမှာ နိုင်ငံရေးသမားတွေ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေပက်မ၀င်အောင် ဆွဲခဲ့လို့ စစ်တပ်က အာဏာသိမ်းတာ တစ်ခါမှမရှိပါ။ တပ်မတော်ကလည်း အသုံးချခံချင်လှတယ်တော့ မရှိပါ။ ဒါပေမယ့် အစိုးရကို ပုန်ကန်တဲ့တပ်မတော် ပိုပြီးမဖြစ်လိုပါ။ စစ်တပ်မျက်စိကကြည့်လျှင် အထက် အမိန့်မနာခံတဲ့ တပ်မတော်ဟာ အန္တရာယ်အကြီးဆုံးပါ။ အမေရိကန်စစ်ကားထဲမှာ တပ်ခွဲမှူးက သူ့ရဲဘော်ကို စစ်မြေပြင်မှာ ပြောတဲ့အတိုင်း ပြောရရင် “ ငါတို့က ဒီမိုကရေစီကို ကာကွယ်ဖို့ ဒီနေရာကိုရောက်နေတာ - - - ကျင့်သုံးဖို့မဟုတ်ပါ ” တဲ့ ။

၅။ ဗိုလ်ချုပ်တွေ မသမာမှုလုပ်ခွင့်ရတာ ဗိုလ်ချုပ်ရာထူးကြောင့်မဟုတ်ပါ။ အာဏာသိမ်းပြီး နိုင်ငံရေး ရာထူးတွေ ယူခွင့်ရသွားလို့ပါ။ နိုင်ငံရေးသမားများအချင်းချင်း ညီညွတ်လျှင် အာဏာသိမ်းလို့မရပါ။ ဘယ်တပ်မတော်မှလည်း နိုင်ငံရေးပယောဂမပါဘဲ အချောင်နာမည်ပျက်ခံပြီး အာဏာသိမ်းလိုမယ် မဟုတ်ပါ။

၆။ စစ်တပ်ကိုလဲ သိပ်ပြည့်စုံနေတယ်မထင်ပါနဲ့ ။ ကျွန်တော် တပ်မတော်ကအငြိမ်းစားယူတဲ့အထိ စစ်တိုက်ရမယ့်နေရာကို ရဟတ်ယာဉ်နဲ့ တစ်ခါမှ အပို့မခံရဖူးပါ။ စစ်သားတွေ ဒဏ်ရာရရင် အိပ်ယာခင်းစောင်ကြားကို ၀ါးလုံးနဲ့လျှို ပုခက်လုပ်ပြီး နှစ်ရက်သုံးရက် လူနဲ့ထမ်းပြီး သယ်ရတာပါ။ ရိက္ခာ (၅)ရက်စာဆို (၁၀)ရက်စာ စားရတာပါ။ စစ်ဆင်ရေး (၃)လလောက်ဆို ရဲဘော်တွေဝတ်စုံ ဟာ ချုပ်ရာ၊ဖာရာ အထပ်ထပ် ဖိနပ်ကလည်း ညှပ်ဖိနပ်ဖြစ်နေပါပြီ။ တပ်ကြပ်ကြီးကို မပြောရကောင်းလားလို့ သွားမဆူပါနဲ့ ။သူ့မှာလည်း အားလုံးပေါင်းမှ ရဲဘော်တွေထက် ၀တ်စုံတစ်စုံ လောက်သာ ပိုချမ်းသာတာပါ။ စစ်ကြောင်းရုံးကို ကြည့်လိုက်ပါဦး။ စစ်ကြောင်းမှူးဘောင်းဘီလည်း ဖင်အဖာနဲ့ပါပဲ။ စစ်သည်တစ်ယောက်ဟာ သေနတ်၊ ရိက္ခာ ၊ ကျည်ဆံ၊ ချပ်ဝတ်တန်ဆာနဲ့ဆို ပေါင်(၄၀)လောက်ရှိနေပါပြီ။ စစ်ကြောင်းအဆင့်ဆို ပွိုင့်ဖိုက် ၊ ၈၁ မမစိန်ပြောင်း၊ ပွိုင့်ဖိုက် ကျည်ဆံ (၁၀၀၀)ပုံး တစ်ပုံးဟာ တိုက်ပွဲဖြစ်လျှင် (၅)မိနစ်လောက်ပဲ ပစ်လို့ရပါတယ်။ ဗျူဟာအဆင့်မှာ လာပါပြီ ၁၂၀ မမစိန်ပြောင်းကြီး ဗုံးသီးတစ်လုံးက ပေါင် (၃၀)လောက် ၊စက်ရုံကထုတ်တဲ့ဗူးကိုဖွင့် ပြီး ထမ်းပိုးနဲ့ ရှေ့နောက်ကြိုးချည် ရဲဘော်တစ်ယောက်ကို ထမ်းပိုးတစ်လက်နဲ့ မသိလျှင် ကန်စွန်းဥတွဲလေးတွေကျလို့ ။ ပေါ်တာဆွဲတာကို ကျွန်တော်တို့လည်းမကြိုက်ပါ ဒါပေမဲ့ ရဲဘော်ပဲထမ်းဆို ရဲဘော်တစ်ယောက်ကို ပေါင်(၇၀)လောက် ရှိနေပါပြီ။ စစ်ကြောင်းက တစ်ရက်လုံးမှ (၅)မိုင်တောင် ခရီးမပေါက်ချင်. . . ဒဏ်ရာရလူနာသာပါလျှင် စဉ်းစားကြည့်ပါတော့ ပေါ်တာဆွဲလျှင်လည်း အရေးယူခံရ၊ မဆွဲဘဲ ကိုယ်တိုင်ထမ်းရတော့လဲ တိုက်ပွဲဖြစ်တဲ့အခါ ရန်သူက လက်သီးနဲ့ဆင်းထိုးလျှင်တောင် ခံရတော့မလောက် အလေးအပင်တွေနဲ့ သူများနိုင်ငံ တပ်မတော်တွေလည်း ကြည့်ကြည့်ကြပါ။ စစ်သားဟာ ၀န်တင်နွားမဟုတ်ပါ။

၇။ လူ့အခွင့်အရေးဆိုလို့ ပြောရဦးမယ်။ ခင်ဗျားတို့ထဲက ဘယ်နှစ်ယောက် ရှေ့တန်းရောက်ဖူးပါသလဲ။ တောထဲကို မရောက်ဖူးဘဲနဲ့တော့ တောရဲ့အကြောင်းကို မသိနိုင်ပါ။ တောမှာ ရဲစခန်းမရှိပါ၊ တရားရုံးမရှိပါ ။တောထဲမှာရှိတာ တောရဲ့ဥပဒေပါ။ အင်အားကြီးတဲ့လူက အင်အားနည်းတဲ့လူကို ချေမှုန်းတာ နားထောင်လို့မကောင်းပါ။ မထောက်ခံပါ ဒါပေမယ့် ကိုယ်ရှင်သန်နိုင်ဖို့ ကိုယ့်တပ်ဖွဲ့ရှင်သန်နိုင်ဖို့ ရုန်းကန်ရာမှာ နည်းလမ်းရွေးချယ်ခွင့်မရှိတော့တဲ့ အခြေအနေတွေ အများကြီး ကြုံတွေ့ရနိုင်တာ။ တစ်ဦးတစ်လေကတော့ ခင်ဗျားတို့ ပြောပြောနေတဲ့ လူသားချင်းစာနာမှုအတွက် သူ့အသက်ကို စတေးချင်စတေးမှာပါ။ ဒါပေမယ့် လူတိုင်းတော့မဟုတ်ပါ။ ခင်ဗျားတို့ထဲမှာ ရန်သူကနှိပ်စက်ပြီး ဓားနဲ့လှီးသတ်သွားတဲ့ ကိုယ့်ရဲဘော် အလောင်းကို ဘယ်သူမြင်ဖူးပါသလဲ ။ ရွာအ၀င်လယ်ကွင်းထဲက ကောက်စိုက်ဟန်ဆောင်နေတဲ့ ရွာသားထင်ရတဲ့သူက သေနတ်နဲ့ တေ့ပစ်တာကို ဘယ်သူခံဖူးပါသလဲ။ ရွာထဲက (၅၇)နဲ့ ထောင်းထမောင်းကြေအောင် ပစ်ခံရလို့ ကိုယ့်ရှေ့မှာပဲ ကိုယ့်ရဲဘော်တွေ ကျဆုံးကုန်တဲ့ သူပုန်နဲ့ရွာသား ခွဲမရတဲ့ တပ်ခွဲမှူးဘ၀ကို ဘယ်သူကိုယ်ချင်းစာဖူးပါသလဲ။ ခင်ဗျားမှာ ဒုတိယနည်းလမ်း ရွေးချယ်ဖို့မရှိခဲ့လျှင် ခင်ဗျားရွာထဲကို ပြန်ပစ်မလား ? ခင်ဗျားတပ်ခွဲ အသေခံမလား?

၈။ ကြံ့ဖွံ့၊ကြံ့ဖွံ့နဲ့ ခင်ဗျားတို့ ဆဲချင်ဆဲပါ ဒါပေမယ့် စစ်တပ်နဲ့ ကြံ့ဖွံ့ ဘာမှမဆိုင်ပါ။ ကြုံ့ဖွံ့ခိုင်းတာလုပ်နေရတာ ကြံ့ဖွံ့အစိုးရနေရာရောက်နေလို့ပါ။ ရဲ ၊ မီးသတ်၊ ရ.ယ.က စွမ်းအား၊စည်ပင် ၊ လ.၀.က၊ အခွန်၊ဆောက်လုပ်ရေး ၊ပညာရေး ၊က ည န ၊ ထွေ/အုပ်ဝန်ထမ်း အားလုံးလိုပဲ စစ်တပ်ကလည်း ၀န်ထမ်းပါ။ ခင်ဗျားတို့ မမေ့ဖို့က ခင်ဗျားတို့မှပြည်သူမဟုတ်ပါ ၀န်ထမ်းတွေအားလုံးကလည်း တက်လာတဲ့အစိုးရခိုင်းတာ လုပ်ရတဲ့ပြည်သူတွေပါ။ ခင်ဗျားတို့ နိုင်ငံရေးသမားအများစုလည်း (၂၂)နှစ်မှာ အနှစ်(၂၀)လောက်က ပုဆိုးခြုံထဲက လက်သီးပြနေတာပါ။ ခုမှ ဘာညာနဲ့တော့ ၀န်ထမ်းများကို လာမပြောစေလိုပါ။ အုပ်ချုပ်တဲ့သူကောင်းဖို့ဆိုတာ အားလုံးမှာတာဝန်ရှိတာပါ။ ခင်ဗျားတို့ အခုလို တစ်ဖက်သတ် ကိုယ့်ကိုယ်ကို ပုံပြင်ထဲကသူရဲကောင်းလို၊ မင်းသမီးလေးလိုလုပ် ကျန်တဲ့သူတွေကိုတော့ ပုံပြင်ထဲကစုန်းမကြီးလို၊ မကောင်းဆိုးဝါးကြီးလို လုပ်နေပုံနဲ့တော့ နိုင်ငံကို ကောင်းအောင်၊ တိုးတက်အောင် အုပ်ချူပ်နိုင်ဖို့ဝေးလို့ (၂)နှစ်(၃)နှစ်လောက်ဆိုရင်ကို ကိုယ့်ပါတီကို နိုင်အောင်အုပ်ချုပ်နိုင်ဖို့ မလွယ်ပါ။

(YE MOE-Facebook)

NLD ၊ ၈၈ ၊ ကျောင်းသားနှင့် နိုင်ငံရေးသမားများအတွက် အသုံးတည့်မည့်အချက်(၈)ချက်ပါ..။
ခင်ဗျားတို့ စဉ်းစားကြည့်အုံး...။
ဘယ်အချိန်သေရမှန်း မသိတဲ့လမ်းကို လေချွှန်ရင်း လျှောက်နေရတာ ပျော်တယ် မထင်နဲ့ခင်ဗျ......။
အသေအချာထပ်ပြောလိုက်ပါအုံးမယ်...။
ဘယ်နိုင်ငံမှာ မှ စစ်ပွဲကို လိုလားတဲ့ စစ်သားဆိုတာ မရှိဘူး...။
မြန်မာပြည်ပေါက်တွေကဘာလို့များကိုယ့်နိုင်ငံကို ကိုယ်မချစ်နိုင်ရတာလဲ...
၁၉၈၈ တုန်း က ကျောင်းသားတွေကို မြှောက်ပေးတယ်....
နောက်တော့ ဘုန်းကြီးတွေကို သွေးထိုးတယ်....
အခု စစ်တပ်ကို လှည့်ပြီး သွေးခွဲတယ်....
သူတို့စကားနားယောင်မိရင်တော့လား.. မတွေးရဲစရာပဲ...။

မှတ်ထားဖို့က စစ်တပ်ဆိုတာ နိုင်ငံအတွက် ဓါးတစ်ချောင်းနဲ့  ဒိုင်းတလက်ပါပဲ...။
ဘယ်သောအခါမှ ကိုယ့်ဂိုးကို ပြန်သွင်းတတ်တဲ့ ကစားသမား
မဟုတ်ဘူး ....ဆိုတာ................။

အမေရိကန်စစ်ကားထဲမှာ တပ်ခွဲမှူးက သူ့ရဲဘော်ကို စစ်မြေပြင်မှာ ပြောတဲ့အတိုင်း ပြောရရင် “ ငါတို့က ဒီမိုကရေစီကို ကာကွယ်ဖို့ ဒီနေရာကိုရောက်နေတာ - - - ကျင့်သုံးဖို့မဟုတ်ပါ ”.....။
from;Jing Hpaw Land

မန္တလေးတွင် ဖုန်းတန်းစီရာမှ လူခြောက်ဦး မူးလဲ၊ တစ်ဦးသေဆုံး



====================================
21-5-2013
မန္တလေးတိုင်းဒေသကြီးရှိ ရပ်ကွက် နှစ်ခုတွင် ဒုတိယအကြိမ် ထပ်မံရောင်းချ ပေးသည့် ကျပ်၁၅၀၀ တန်ဖုန်းဝယ်ယူရန် မေလ ၁၉ ရက်နေ့ ညနေ ၄ နာရီ အချိန်မှစတင်၍ ရပ်ကွက်ရုံးရှေ့တွင် လူထောင်ချီ တန်းစီ စောင့်ဆိုင်းရာမှ လူခြောက်ဦး မူးလဲပြီး တစ်ဦးသေဆုံးမှု မေလ ၂၀ ရက်နေ့တွင် ဖြစ်ပွားခဲ့ကြောင်း အဆိုပါရပ်ကွက်နေထိုင် သူများက ပြောကြားသည်။
သေဆုံးသူမှာ မေလ ၁၉ ရက်နေ့ နေ့လယ်ပိုင်းက ပုရစ်နှင့် အရက် သောက်စားထားပြီး ည ၇ နာရီခန့်တွင် ၁၅၀၀ တန်ဖုန်းတန်းစီရန် ထိုင်နေစဉ် မူးလဲခဲ့သဖြင့် ဆေးခန်းသွားပြပြီးနောက် မေလ ၂၀ ရက်နေ့ နံနက် ၃ နာရီတွင် သေဆုံးသွားခြင်း ဖြစ်ကြောင်း ယင်းဖြစ်ရပ် ဖြစ်ပွားရာ ချမ်းအေးသာစံမြို့နယ် ပတ်ကုန်း ရပ်ကွက် ဒေသခံများက ဆိုသည်။
အဆိုပါ ၁၅၀၀ ကျပ်တန် တန်ဖိုးနည်းဖုန်း ဝယ်ယူခွင့်ရရေး တန်းစီစောင့် ဆိုင်းရာ မေလ ၂၀ ရက်မွန်းလွဲ ၁ နာရီ အချိန်ခန့်က အောင်မြေသာစံမြို့နယ် မာလာအရှေ့ရပ်ကွက် တွင်လည်း အမျိုးသမီး ခြောက်ဦးခန့် မူးလဲခဲ့ကြောင်း အဆိုပါ ရပ်ကွက်ဒေသခံ အချို့နှင့် ရပ်ကွက်မီးသတ် အရန်တပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။
၁၅၀၀ ကျပ်တန်ဖုန်းကတ် ရရှိရေးအတွက် မေလ ၁၉ ရက်နေ့ ညပိုင်းက စတင်၍ လူရာချီ တန်းစီစောင့် ခဲ့ပြီးနောက် နေရာလုရန်ဖြစ်ခြင်းကြောင့် ယင်းကဲ့သို့အမျိုးသမီးအချို့ မူးလဲခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ ရပ်ကွက် မီးသတ်ဦးစီးဌာနထံမှ သိရသည်။
"ရှူဆေးနဲ့ ပြုစုပေးလိုက်တာ ကောင်းသွားတယ်။ ဆေးရုံပို့စရာမလိုလို့ မပို့ပါဘူး"ဟု မာလာအရှေ့ရပ်ကွက် အရန်မီးသတ်ရုံးမှ ဦးစိုးပြေဝင်းက ပြောဆိုသည်။
ဒုတိယအကြိမ် ရောင်းချပေးခဲ့သည့် ၁၅၀၀ ကျပ်တန်ဖုန်းကတ် တန်းစီဝယ်ယူသူများကို ထိန်းသိမ်းရန် ခက်ခဲသဖြင့် မန္တလေးတိုင်းဒေသကြီး ရပ်ကွက်အချို့တွင် မေလ ၂၁ ရက်နေ့ နံနက် ၇ နာရီတွင် ပြန် လည် ရောင်းချပေးမည်ဖြစ်ကြောင်း မန္တလေးခရိုင် အုပ်ချုပ်ရေးမှူး ဦးဇော်တင်မိုးက The Voice သို့ ပြော ကြားသည်။
မန္တလေးတိုင်း ဒေသကြီးအတွက် ကျပ် ၁၅၀၀ တန် တန်ဖိုးနည်းဖုန်းကတ် ၆၈၃၉၅ ခုခွဲတမ်းရရှိရာ မန္တလေးခရိုင် အတွင်းရှိ မြို့နယ်တစ်မြို့နယ်လျှင် ၁၅၀၀ တန်ကတ်ခွဲတမ်း လေးထောင်သတ်မှတ် ပေး ထားပြီး ဖုန်းကတ်များကို သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး များမှ တစ်ဆင့် မေ ၂၀ ရက်နေ့ နံနက် ၉ နာရီတွင် စတင် ရောင်းချပေးခဲ့သည်။
The Voice Weekly

အမေရိကန်နိုင်ငံကို ရောက်ရှိနေတဲ့ သမ္မတ ဦးသိန်းစိန်

အမေရိကန်နိုင်ငံကို ရောက်ရှိနေတဲ့ သမ္မတ ဦးသိန်းစိန်ဟာ တည်းခိုနေတဲ့ ၀ါရှင်တန်မြို့က Four Seacons Hotel မှာ မေလ ၂၀ ရက်နေ့က အမေရိကန် နိုင်ငံခြား ရေး ၀န်ကြီး ဟောင်း မစ္စ ဟီလာရီကလင်တန်၊ ကမ္ဘာ့ဘဏ် ဥက္ကဌ Dr Jim Yong Kim တို့နဲ့ တွေ့ဆုံ ခဲ့ပါတယ်။ ဟီလာရီ ကလင်တန်နဲ့ တွေ့ဆုံရာမှာ ကလင်တန် ဖောင်ဒေး ရှင်း အနေနဲ့ မြန်မာ နိုင်ငံမှာ လျှပ်စစ်ဓါတ်အား ဖူလုံစွာ ရရေး၊ သောက်သုံးရေး ရရှိရေး၊ မိခင်နဲ့ ကလေး အသေ အ ပျောက် နှုန်း လျော့နည်းရေး၊ မြန်မာပြည် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရာမှာ လိုအပ်တာတွေကို ပံ့ပိုး ကူ ညီနိုင်ရေးအတွက် ဆွေးနွေးခဲ့ကြောင်း သမ္မ တရုံးက သတင်းထုတ်ပြန် ထားပါတယ်။ သမ္မတ ဦးသိန်းစိန်ဟာ ကမ္ဘာ့ ဘဏ် ဥက္ကဌနဲ့ တွေ့ဆုံရာမှာတော့ ဧရာဝတီမြစ်ကြောင်း ထိန်းသိမ်းရေးနဲ့ ကျေးလက်နေ ပြည်သူတွေ လူမှုစီးပွားဘ၀ မြှင့်တင့် ရေး၊ ငွေကြေး အကူအညီတွေ ပေးအပ်ရေးတို့ကို ဆွေးနွေးခဲ့ပါတယ်။


နယ်ချဲ့တွေကို တိုက်ထုတ်ခဲ့တဲ့ တို့ အဖိုးရဲ့ဓား ခေါင်းရင်ထရံမှာ ချိတ်ဆွဲထား..........














ငှက်ကြီးတောင်ဓား
မြန်မာလူမျိုးတိုင်း ဆောင်ထားသင့်တဲ့အရာ
သူတပါးကို အနိုင်ကျင့်ဖို့ မဟုတ်
ကိုယ့်အမျိုးဘာသာ သာသနာကို ကာကွယ်ဖို့ 
ရှေးတုန်းကတဲက ခုအချိန်ထိ
အဓိကထား အသုံးပြုခဲ့တာ
ခေတ်မီလက်နက် ဘယ်လောက်ဘဲကောင်းကောင်း
မေ့မထားသင့်တဲ့အရာ

သေချာကြည့်ထား ကုလားလေးတို့ ရေ
ဒီငှက်ကြီးတောင်ဓားကရှေးမြန်မာဘုရင်တွေလက်ထက်ထဲက
ကျုးကျော်သူတွေကို တိုက်ထုတ်ခဲ့တာ
နေမ၀င်အင်ပါယာနဲ့  ဖက်ဆစ်တွေတောင်
ဒီလိုဓားကိုင်ခဲ့တဲ့ မြန်မာသူရဲကောင်းတွေကို လေးစားကြောက်ရွံခဲ့တာ
ငါတို့ သမိုင်းမှာခုထိရှိသေးတယ်
ကလားလေးမင်းတို့ မွတ်တွေလဲ ဓားနဲ့ ကမ္ဘာမှာသာသနာပြုနေတာ
မင်းတို့ ရဲ့ဓားကောက်နဲ့  ငှက်ကြီးတောင်ဓား
တနေ့ တော့ထိပ်တိုက်တွေ့ ချင်သေးတယ်...


"အမျိုးစစ် ဘာသာစစ် ဖြစ်စေဖို့ သမီးရင်သွေး ဘာလေးမွေးမလဲ"


“ငါကဲ့သို့ အလုပ်မလုပ်လျှင် ငါ့သားတော်ပင်ဖြစ်လင့်ကစား ငါ၏ အမျိုးအနွယ်မဟုတ်”
“မိဘကိုချစ်သူသည် မိဘ၏အမျိုးအနွယ်တို့ကို စောင့်ရှောက်ရမည်”
အထက်ကပြောခဲ့တဲ့ စကားနှစ်ရပ်ဟာ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျပြောခဲ့တဲ့ သြဝါဒစကားများ ဖြစ်ပါတယ်။ ဒီစကားများကို ကြည့်ခြင်းအားဖြင့် အလောင်းမင်းတရားကြီး ဦးအောင်ဇေယျဟာ မိမိတို့လူမျိုးနှင့် နိုင်ငံအပေါ် ဘယ်လောက် ထိချစ်တယ်၊ ဘယ်လောက်ထိအမြော်အမြင်ကြီးမားတယ်ဆိုတာ သိသာထင်ရှားလှပါတယ်။ ဒီစကားလေးဟာ တန်ဘိုးထားတတ်တဲ့သူတွေအဖို့ တကယ်တန်ဖိုး ရှိပါတယ်။ တန်ဖိုးရှိတဲ့ စကားလုံးကို တန်ဖိုးရှိမှန်းမသိလို့ တန်ဖိုးမဲ့သွားသူတွေ ဖြစ်သွားကြတာ မြန်မာပြည်မှာ အများကြီးပါပဲ။
ဦးအောင်ဇေယျရဲ့ စကားလေးကို သေသေချာချာ ပြန်စဉ်းစားကြည့်ပါ။ မိဘကို ချစ်သူသည် မိဘတို့၏ အမျိုးအနွယ်တို့ကို စောင့်ရှောက်ရမည်လို့ ဆိုထားပါတယ်။ ဒီစကားလေးကို ရှင်းအောင်ပြောရရင် အမျိုးအနွယ်ကို မစောင့်ရှောက်တဲ့ သားသမီးဟာ မိဘတွေကို မချစ်တဲ့သူလို့ ဆိုတဲ့သဘောပါပဲ။ ဒီနေရာမှာ အမျိုးအနွယ်ကို စောင့်ရှောက်တယ်ဆိုတာ မိမိတို့ ဆွေးမျိုးသားချင်းထဲက စားစရာမရှိတဲ့သူကို အစားပေးတာ၊ ဝတ်စရာမရှိတဲ့သူကို အဝတ်ပေးတာ၊ နေစရာမရှိတဲ့သူကို နေစရာပေးတာ၊ နောက်ပြီး ပစ္စည်းဥစ္စာ မရှိတဲ့သူကို ပစ္စည်းဥစ္စာပေးတာ၊ စတာမျိုးတွေကို ဆိုလိုတာမဟုတ်ပါဘူး။ မိမိတို့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေဟာ အမိမြန်မာနိုင်ငံတော်ကြီးရဲ့ မဟာပထဝီမြေကြီးပေါ်မှာ ကမ္ဘာတည်သ၍ တည်တံ့စေရန် မိမိတို့ အမျိုးတူ ဘာသာတူတဲ့လူနဲ့သာ လက်ထပ်ယူကြပြီး မျိုးဆက်သစ် ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေ မွေးပေးကြပါလို့ ဆိုလိုတဲ့သဘောပဲဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ အချို့မြန်မာမိန်းကလေးတွေ လူမျိုးခြား ဘာသာခြားတွေနဲ့ အိမ်ထောင်ပြုကြတာတွေ ရှိပါတယ်။ အဲသည်မိန်းကလေးတွေဟာ သူတို့ပါးစပ်က မိဘနှစ်ပါးကို ဘယ်လောက်ပဲချစ်ပါတယ်လို့ ပြောပြော တကယ့်လက်တွေ့မှာတော့ မိဘနှစ်ပါးကို မချစ်ကြတဲ့ သားသမီးတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့ မြန်မာအမျိုးသမီးများ အနေဖြင့် မိမိတို့ကို လူဖြစ်အောင် မွေးထုတ်ပြီး ပြုစုစောင့်ရှောက်ခဲ့ကြတဲ့ အဖေ အမေဆိုတဲ့ မိဘနှစ်ပါးကို တကယ်ချစ်ပါတယ်ဆိုရင် မိမိတို့ အမျိုးတူ ဘာသာတူတဲ့ အမျိုးသားတွေနဲ့သာ လက်ထပ်ယူကြရပါမယ်။ သားသမီးကျင့်ဝတ်ငါးပါးထဲမှာလည်း “စောင့်လေမျိုးနွယ်” ဆိုတဲ့ ကျင့်ဝတ်တစ်ခု ပါ ပါတယ်။ တစ်နည်အားဖြင့် ပြောရရင် ဒီကျင့်ဝတ်ဟာ မိဘတွေရဲ့ မျှော်လင့်ချက်လို့လည်း ပြောလို့ရပါတယ်။ မိဘတွေက ဘယ်လိုမျှော်လင့်ခဲ့ကြသလဲဆိုရင် ငါတို့မွေးတဲ့ သားသမီးဟာ ငါတို့ရဲ့ အမျိုးအနွယ်ကို စောင့်ရှောက်နေရစ်ကြလိမ့်မယ်လို့ မျှော်လင့်ခဲ့ကြပါတယ်။

မိဘတွေဟာ မိမိတို့ရဲ့ သားသမီးကြောင့် အမျိုးအနွယ်ကို ပျက်မှာ အရမ်းကြောက်ကြပါတယ်။ ဘယ်လောက်ထိ ကြောက်သလဲဆိုရင် မိမိတို့ရဲ့ သားသမီးဟာ အမျိုးပျက်မယ့် လုပ်ရပ်တွေ လုပ်လာပြီဆိုရင် အဲဒီသားသမီးကို သတ်ပစ်ချင်လောက်အောင် ကြောက်ကြပါတယ်။ အမျိုးကိုချစ်တဲ့ လူတွေရဲ့ စိတ်ထဲမှာလည်း ဒီအတိုင်းပါပဲ။ ကိုယ့်ပတ်ဝန်းကျင်မှာ အမျိုးကို ပျက်မယ့် လုပ်ရပ်တွေ လုပ်လာပြီးဆိုရင် ကိုယ်နဲ့သွေးသား တော်စပ်သည်ဖြစ်စေ၊ မတော်စပ်သည်ဖြစ်စေ အားလုံးက ရွံမုန်းကြပါတယ်။ ဒီနေရာလေးမှာ မြန်မာမိန်းကလေးတွေကိုပဲ အဓိကထားပြောချင်ပါတယ်။ မိန်းကလေးများဟာ ယောက်ျားလေးထက်ပိုပြီး လူမျိုးခြား ဘာသာခြားတွေ နောက် အပါများကြလို့ပဲ ဖြစ်ပါတယ်။အမျိုးသားတွေကတော့ တစ်ရာမှ တစ်ယောက်လောက်ပဲ ပါမယ် ထင်ပါတယ်။ အချို့ မြန်မာမိန်းကလေးတွေဟာ လင်ယူတဲ့နေရာမှာ တော်တော်လေးကိုပဲ စည်းပျက်ကမ်းပျက်နိုင်လွန်းလှပါတယ်။
သူတို့ဟုတ်တယ်၊ မှန်တယ်ထင်ရင် လူမျိုးမျက်နှာ ဘာသာမျက်နှာ မိဘညီအစ်ကိုမောင်နှမမျက်နှာတွေကို မထောက်မညှာဘဲ လူမျိုးခြား ဘာသာခြားတွေကို လင်လုပ်ကြပါတယ်။ သူတို့အရှက်သိက္ခာမရှိလို့ လူမျိးခြား ဘာသာခြားကို လင်လုပ်ကြပေမယ့် မြန်မာတစ်မျိုးသားလုံးရဲ့ ဂုဏ်သိက္ခာကို ထိခိုက်ညှိုးနွမ်းစေတာ အမှန်ပါပဲ။ ငါးခုံးမတစ်ကောင်နဲ့ တစ်လှေလုံးအပုပ်ခံရတာဟာ တော်တော်လေး နစ်နာဖို့ကောင်းပါတယ်။ သူတို့အရှက်မရှိ လင်ယူပက်စက်မှုတွေကြောင့် မြန်မာမတွေဟာ ငွေပေးရင်ရတယ်ဆိုတဲ့ အထင်သေးမှုကို ခံရပါတယ်။ တချို့ အမျိုးသမီးတွေကြပြန်တော့လည်း ငွေကြောင့်မဟုတ်ဘဲ အာသာဆန္ဒကြောင့်လည်း လူမျိုးခြား၊ ဘာသာခြားနောက် လိုက်ကျတာတွေရှိပါတယ်။ ဒီလိုပြောလို့ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းရာလည်း ရောက်ပါတယ်။

အချို့ မြန်မာအမျိုးသမီးတွေဆိုရင် တော်တော်ကိုပဲ စုတ်ပဲ့လွန်းပါတယ်။ သူတို့အနေနဲ့ လူမျိုးခြားဘာသာခြားကို လင်လုပ်ရတာ ရှက်ဖို့နေနေသာသာ အဲဒီလူမျိုးခြားဘာသာခြားကို လင်လုပ်နေရတာကိုပဲ ဂုဏ်ရှိတယ်လို့ ထင်နေကြပါတယ်။ အမျိုးဘာသာ သာသနာကိုမငဲ့ကွက်ဘဲ ဝတ်တာ၊ စားတာ၊ နေတာ၊ ထိုင်တာကအစ သူတို့ယောက်ျားခိုင်းတဲ့ပုံစံအတိုင်း ပြောင်းပစ်လိုက်ကြပါတယ်။ မြန်မာလူမျိုးတွေကမွေး၊ မြန်မာပြည်မှာနေ၊ မြန်မာထမင်းတွေစားပြီး မြန်မာလူမျိုးတွေရဲ့ အမျိုး၊ ဘာသာ၊ သာသနာကို ပစ်ပယ်လိုက်ခြင်းဟာ မြန်မာတစ်မျိုးသားလုံးရဲ့ ဂုဏ်သိက္ခာကို စော်ကားလိုက်သလိုမျိုးပဲဖြစ်ပါတယ်။ အဲဒီမိန်းကလေးတွေလောက် မိုက်ရိုင်းထွားကြိုင်းတာ လောကမှာ ဘယ်အရာမှ မရှိတော့ပါဘူး။
ကိုယ့်ပြည်၊ ကိုယ့်ရွာ၊ ကိုယ့်နိုင်ငံမှာနေပြီး မိဘဘိုးဘွားတွေရဲ့ အမွေအနှစ်ဖြစ်တဲ့ ဘာသာ၊ ယဉ်ကျေးမှုစတဲ့ အမျိုးသားရေးစရိုက်လက္ခဏာတွေ စွန့်လွှတ်လိုက်ရတာဟာ ဘာတွေနဲ့မှ အစားထိုးလို့ မရနိုင်တဲ့ ဆုံးရှုံးမှုပဲဖြစ်ပါတယ်။ ကိုယ့်ကြောင့် အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို မြင့်တက်အောင် မလုပ်နိင်ရင်နေပါ။ ဒါပေမယ့် ပျက်အောင်တော့ မလုပ်ဖို့ သတိထားသင့်ပါတယ်။ အချို့မြန်မာအမျိုးသမီးလေးတွေဟာ စီးပွားရေးအဆင် မပြေလို့ လူမျိးခြား ဘာသာခြားတွေရဲ့ မယားဘဝရောက်သွားကြတာတွေ၊ စီးပွားရေးအဆင်ပြေပြန်တော့လည်း အချစ်မျက်ကန်းဖြစ်သွားကြတာတွေ၊ နောက်ပြီး အချစ်နယ်ကျွံပြီး ကာမဆန္ဒရဲ့ ညွတ်ကွင်းမှာ အမိခံလိုက်တာတွေရှိပါတယ်။ ဒီမိန်းကလေးတွေဟာ များသောအားဖြင့် ကိုယ့်ဘာသာကို စွန့်လွှတ်လိုက်ရပြီး သူ့ဘာသာနောက်ကိုပဲ ပါသွားကြပါတယ်။ မွေးလာတဲ့ သားသမီးတွေဆိုရင်တော့ အထူးဆွဲဆောင်စရာ မလိုတော့ဘဲ သူ့အလိုလို လူမျိုးခြား၊ ဘာသာခြားဖြစ်သွားကြတော့တာပါပဲ။

ဒီနေရာလေးမှာ လူမျိုးခြား ဘာသာခြားနောက်ပါသွားတဲ့ မြန်မာအမျိုးသမီးကို ကြည့်ရမှာမဟုတ်ပါဘူး။ အဲဒီမြန်မာ အမျိုးသမီးက မွေးလာတဲ့ မျိုးဆက်သစ်ကိုပဲ ကြည့်ရမှာ ဖြစ်ပါတယ်။ လူမျိုးခြား ဘာသာခြားနဲ့ရတဲ့ အမျိုးသမီးဟာ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ သေသွားမှာပါပဲ။ ဒါပေမယ့် မွေးလာတဲ့ မျိုးဆက်သစ်တွေကတော့ မသေသေးဘဲ ဆက်ကာဆက်ကာ ရှင်ကျန်နေခဲ့ကြဦးမှာဖြစ်ပါတယ်။ အဲဒီမျိုးဆက်သစ်လေးတွေဟာ မြန်မာမျိုးဆက်သစ်လေးတွေ ဖြစ်မလာဘူးဆိုရင် လူမျိုးရော ဘာသာအတွက်ပါ နစ်နာပါတယ်။

ဒါဟာ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေအတွက် အပေါင်းလက္ခဏာမဟုတ်ဘူး။ အနုတ်လက္ခဏာပြတဲ့ သဘောပဲဖြစ်ပါတယ်။ ပုဂ္ဂိုလ်ရေးအရကြည့်ရင်တော့ ဘာမှထိခိုက်နစ်နာမှုမရှိပါဘူးလို့ ထင်ရပေမယ့် အမျိုးသားရေး ဘာသာရေးအနေနဲ့ ကြည့်မယ်ဆိုရင် အရှုံးကြီးရှုံး အနာကြီးနာလွန်းလှပါတယ်။ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေအနေနဲ့ အလေးအနက်ထားပြီး သိထားသင့်တာလေးက မိမိတို့ ယခုလို “ဆွေစစ် မျိုးစစ် သွေးသန့် မျိုးသန့်” တွေ ဖြစ်လာခဲ့ရတာဟာ မိဘဘိုးဘွားတွေရဲ့ ဂုဏ်ကျေးဇူးကြောင့်ဖြစ်ပါတယ်။ မိမိတို့ရဲ့ မိဘဘိုးဘွားတွေဟာ အမျိုးနဲ့ဘာသာအပေါ် သစ္စာစောင့်သိပြီး သိက္ခာရှိရှိနဲ့ စောင့်ရှောက်လာခဲ့ကြပါတယ်။ ဒီကျေးဇူးတရားတွေဟာ မိမိတို့အပေါ်မှာ တင်ကျန်နေခဲ့ပါတယ်။

အဲဒီကျေးဇူးတရားတွေကြောင့် မိမိတို့ကလည်း မိမိတို့ရင်မှ ဖြစ်လာမယ့် မျိုးဆက်သစ်တွေအပေါ် တစ်ဖန်ပြန်ပြီး ကျေးဇူးပြုရမှာဖြစ်ပါတယ်။ ကျေးဇူးပြုဆိုတယ်ဆိုတဲ့နေရာမှာလည်း ငွေကုန်ခံ၊ အလုပ်ရှုပ်ခံ၊ လူပင်ပန်းခံပြီး ကျေးဇူးပြုစရာမလိုပါဘူး။ ကိုယ့်အမျိုးပေါ်မှာ သစ္စာစောင့်သိပြီး ကိုယ့်ဘာသာအပေါ်မှာ တန်ဖိုးထားလေးစား မြတ်နိုးတတ်ရုံနဲ့တင်ပဲ ကျေးဇူးပြုပြီးသားဖြစ်သွားပါတယ်။ ကိုယ့်အမျိုးပေါ်မှာ သစ္စာစောင့်သိတဲ့လူတစ်ယောက် ဟာ အမျိုးကိုချစ်တဲ့အတွက် အမျိုးလည်း စစ်ပါတယ်။ အမျိုးစစ်ရင် ဘာသာကိုလည်း လေးစားတန်ဖိုး ထားတတ်ပါတယ်။ အမျိုးမချစ်တဲ့သူတွေဟာ အမျိုးမစစ်တော့တဲ့အတွက် ဘာသာရေးကိုလည်း လေးစားတန်ဖိုးထားတတ်ရမှန်းထားတတ်ရမှန်း မသိဖြစ်တတ်ပါတယ်။ ကိုယ်ကိုးကွယ်ယုံကြည်တဲ့ ဘာသာတရားကိုမှ လေးစားတန်ဖိုးထားတတ်ရမှန်းမသိရင် ပျောက်ကွယ်သွားနိုင်ပါတယ်။ ဘာသာပျောက်ရင်တော့ လူမျိုးလည်း ပျောက်သွားမှာသေချာပါတယ်။
ဒါကြောင့်မို့ မြန်မာလူမျိုးတိုင်း အမျိုးကိုချစ်ကြဖို့ လိုအပ်ပါတယ်။ အမျိုးချစ်မှ အမျိုးစစ်မှာပါ။ အမျိုးစစ်မှလည်း လူမျိုးရော ဘာသာပါ ပျောက်ကွယ်မသွားအောင် ထိန်းသိမ်းစောင့်ရှောက်နိုင်မှာဖြစ်ပါတယ်။ ကိုယ်နေတဲ့မြေ၊ ကိုယ်ယုံကြည်တဲ့ ဘာသာကိုမှ ထိန်းသိမ်းစောင့်ရှောက်နိုင်မှုမရှိဘူးဆိုရင် အဲဒီပုဂ္ဂိုလ်ဟာ လူလို့တောင် ပြောလို့မရပါဘူး။ ဘာမှအသိဥာဏ်မရှိတဲ့ တိရစ္ဆာန်တွေတောင်မှ သူ့ပိုင်နက်၊ ကိုယ့်ပိုင်နက်၊ သူ့အမျိုးနွယ်၊ ကိုယ့်အမျိုးနွယ်ဆိုပြီး ထိန်းသိမ်းစောင့်ရှောက်နိုင်မှုတွေ ရှိကြပါတယ်။ သူတို့ရဲ့ မျိုးဆက်သစ်တွေကိုလည်း ကမ္ဘာတည်သ၍ တည်တံ့အောင် ကြိုးစားလို့ ထိန်းသိမ်းစောင့်ရှောက်ကြပါတယ်။

အသိတရားရှိတဲ့ လူတွေဆိုရင်တော အထူးတောင်ပြောဖို့ လိုမယ်မထင်တော့ပါဘူး။ ဒါပေမယ့် အချို့မြန်မာလူမျိုးတွေဟာ ဘယ်လောက်ပဲ သိပါတယ်ပဲပြောပြော အသိတရားအပေါ်ကို သတိမထားဘဲ အသိခေါက်ခက် အဝင်နက်တာတွေရှိပါတယ်။ ကိုယ့်ကြောင့် အမျိုးပျက်မှာလည်း မကြောက်ကြသလို၊ ကိုယ့်ကြောင့် ဘာသာပျောက်မှာလည်း မကြောက်ကြပါ။ ဒါကြောင့်မို့လည်း လူမျိုးခြား၊ ဘာသာခြားကို လင်လုပ်ရမှာ မရှက်မကြောက်တာ ဖြစ်ပါတယ်။ လောကမှာ ရှက်စရာ ကြောက်စရာအကောင်းဆုံးအရာတွေ ထဲမှာ ကိုယ့်အမျိုး ကိုယ်ပြန်ဖျက်၊ ကိုယ့်ဘာသာ ကိုယ်ပြန်ဖျက်တဲ့ အလုပ်လောက် ရှက်စရာကောင်းတာ ဘယ်အရာမှ မရှိပါဘူး။
ကိုယ့်အမျိုး ကြီးပွားတိုးတက်ဖို့ ကိုယ့်ဘာသာရေရှည်တည်တံ့ခိုင်မြဲဖို့ဆိုတာ ကိုယ်ကိုယ်တိုင် တက်တက်ကြွကြွနဲ့ ပါဝင်ကူညီဆောင်ရွတ်နိုင်မှ ရနိုင်ပါတယ်။ တခြားလူမျိုး၊ တခြားဘာသာတွေကတော့ လာပြီး ကူညီဆောင်ရွတ်ပေးမှာ မဟုတ်ပါဘူး။ လာပြီးဖျက်စီးတာပဲ လုပ်ပါလိမ့်မယ်။ဒါကို မြန်မာလူမျိုးတိုင်း သဘောပေါက်ထားဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် မြန်မာမိန်းကလေးတွေအနေနဲ့ မိမိတို့ အိမ်ထောင်ပြုကြတော့မယ်ဆိုရင် ကိုယ်နဲ့အမျိုးတူ၊ ဘာသာတူ ဟုတ်ရဲ့လားဆိုတာ ပထမဆုံးထည့်စဉ်းစားသင့် ပါတယ်။ ဒီကိစ္စမျိုးဟာ ဘယ်လိုမှ အမှားခံလို့မရတဲ့ ၊ ကိစ္စဖြစ်တဲ့အတွက် သေသေချာချာလေ့လာပြီးမှ အိမ်ထောင်ပြုသင့်ပါတယ်။ အိမ်ထောင်ပြုပြီးကာမှ အမှားတွေဖြစ်ခဲ့မယ်ဆိုရင် တစ်သက်လုံး နောင်တတွေနဲ့ ဘဝမလှ တသသ ဖြစ်ရတတ်ပါတယ်။
ဒီလိုအမှားမျိုးတွေကို တစ်ချို့ မိန်းကလေးတွေဟာ သိသိကြီးနဲ့ မိုက်တွင်းနက်ပြီး မှားကြပါတယ်။ တစ်ချို့မိန်းကလေးတွေကျတော့ အသိနောက်ကျပြီးမှ မှားတတ်ကြပါတယ်။ ဘယ်လိုအမှားမျိုးပဲ ဖြစ်ဖြစ် ဒါဟာ ဘယ်လိုမှ မဖြစ်သင့်တဲ့အမှားပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့ မြန်မာမိန်းကလေးများအနေနဲ့ မိမိရဲ့ အနာဂတ်ရင်သွေးငယ်များ အမျိုးစစ်စစ်၊ ဘာသာစစ်စစ်၊ သွေးသားစစ်စစ် ဖြစ်စေဖို့အတွက် အိမ်ထောင်ပြုတဲ့ နေရာမှာ သေသေချာချာ ဂဃနဏ စေ့စေ့စပ်စပ်လေ့လာ သုံးသပ်ဆုံးဖြတ်ပြီးမှ ဘာသာတူ လူမျိုးတူ များနှင့် အိမ်ထောင်ပြုသင့်ကြောင်း အသိပေးရင်း တဆက်တည်းအနေနဲ့ ဈေးဝယ်မည်ဆိုပါကလည်း သေသေချာချာ စေ့စေ့စပ်စပ် ဆင်ခြင်သုံးသပ်ပြီး ကိုယ့်နဲ့ ဘာသာတူ လူမျိုးတူဆိုင်များမှာဝယ်ယူအားပေးပါရန်နှင့် မိတ်ဆွေအပေါင်းအသင်း ပေါင်းသင်းတော့မည်ဆိုပါလျှင်လည်း သေသေချာချာ စေ့စေ့စပ်စပ် ဆင်ခြင်စဉ်းစားပြီးမှ မိမိတို့နှင့် ဘာသာတူ လူမျိုးအချင်းချင်းသာ ပေါင်းသင်းဆက်ဆံပါလို့ အနူးအညွတ် တောင်းပန်ရေးသားလိုက်ပါသည်။

ဖိုးပညော(သပိတ်ကျင်း)၏ ဒို့အမျိုး ဒို့ဘာသာ မကွယ်ပျောက်စေဖို့စာအုပ်မှ ကောက်နှုတ်ဖြည့်စွက်ရေးသားပါသည်။
စာဖတ်သူအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာပြီး လိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။
မေတ္တာဖြင့်-အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)


From
မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသားရေး လှုပ်ရှားမှု ကော်မတီ (M.N.M.C)

ကမ္ဘာ့ရွှေဈေး ဆက်တိုက်ကျ၊ မြန်မာ့ရွှေဈေး ကျပ် ၇ သိန်းအောက် အကျဈေး၌ ဆက်ရှိ


21-5-2013
ကမ္ဘာ့ရွှေဈေးမှာ တစ်ပတ်အတွင်း ဒေါ်လာ ၁၀၀ နီးပါးအထိ ဆက်တိုက် ထိုးဆင်းနေသည့် အတွက် မြန်မာ့ရွှေဈေးမှာလည်း အကျဈေး၌သာ ဆက်ရှိနေမည်ဟု သိရသည်။
ကမ္ဘာ့ရွှေဈေးမှာ မေလ ၁၂ ရက်နေ့က တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၄၄၁ ကျော် ရှိနေရာမှ မေလ ၂၀ ရက်နေ့တွင် ၁၃၄၃ ဒေါ်လာအထိ ဆက်တိုက် ထိုးဆင်းလျက် ရှိသည်။
ယခု ကမ္ဘာ့ရွှေဈေး ကျဆင်းမှုမှာ ၂၀၁၃ ခုနှစ်အတွင်း ဒုတိယအကြိမ်မြောက် အဆိုးရွားဆုံး ထိုး ဆင်းခြင်းဖြစ်ကြောင်း၊ ပထမအကြိမ်အဖြစ် ဧပြီလ ၁၂ ရက်နေ့ကလည်း တစ်အောင်စလျှင် ၁၃၃၈ ဒေါ်လာ အထိ ထိုးဆင်းခဲ့သည်။
တစ်အောင်စ ၁၃၃၈ ဒေါ်လာသို့ ထိုးဆင်းပြီး နောက်ပိုင်းတွင် ကမ္ဘာ့ရွှေဈေးမှာ ဒေါ်လာ ၁၄၀၀ ကျော် အထိ ပြန်လည်မြင့်တက် ခဲ့သော်လည်း ယခုအခါ ပြန်လည်၍ ကျဆင်းနေခြင်း ဖြစ်သည်။
ပထမအကြိမ် ကျဆင်းမှု၏ အဓိက အချက်မှာ နိုင်ငံတကာ ဘဏ်များမှ ရွှေထုတ်ရောင်းခြင်းကြောင့် ဖြစ်ပြီး ယခုအကြိမ် ကျဆင်းရသည့် အဓိကအချက်မှာ အမေရိကန် ဒေါ်လာတန်ဖိုး မြင့်တက်လာသည့် အတွက် ဖြစ်ကြောင်းနှင့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများမှ စတော့ဈေးကွက်အတွင်း ဒေါ်လာတန်ဖိုး အမြင့်ဈေး၌ ရှိစေရန် ထိန်းထားသည့်အတွက် ဖြစ်ကြောင်း သိရသည်။
ကမ္ဘာ့ရွှေဈေး ကျဆင်းမှုကြောင့် မြန်မာ့ရွှေဈေးမှာလည်း မေလ ၁၅ ရက် နေ့က တစ်ကျပ်သားလျင် ကျပ် ၇၁၃၅၀၀ ရှိရာမှ မေလ ၁၆ ရက်နေ့တွင် ၇၀၉၅၀၀ သို့လည်းကောင်း၊ မေလ ၁၇ ရက်နေ့တွင် ၇၀၃၅၀၀ သို့လည်းကောင်း၊ မေလ ၁၈ ရက်နေ့တွင် ၆၉၈၀၀၀ သို့လည်းကောင်း ဆက်တိုက် ထိုးဆင်းခဲ့သည်။
ယခုမေလ ၂၀ ရက်နေ့တွင်လည်း အဆိုပါ အကျဈေးဖြစ်သော တစ်ကျပ်သား ကျပ် ၆၉၈၀၀၀ ဖြင့် ဈေးစဖွင့် ခဲ့ကြောင်းနှင့် ယခင်က ရွှေဈေးထိုးဆင်းလျှင် ၀ယ်စုသူ များပြားသော်လည်း ယခုအကြိမ်၌မူ ၀ယ်စုသူ နည်းပါးလျက်ရှိကြောင်း သိရသည်။
From...Eleven

နိုင်ငံသားစီစစ်ရေးကဒ် မရှိသေး၍ KNU/KNLA PC စီးပွားရေးလုပ်ကိုင်ရန် ခက်ခဲ


Tuesday, May 21, 2103
ရန်ကုန် (မဇ္ဈမ)။ ။ KNU/KNLA PC (ငြိမ်းချမ်းရေးကောင်စီ)သည် အစိုးရက လုပ်ပိုင်ခွင့်ပေးမည်ဆိုပါက လေကြောင်းလိုင်း
ပြေးဆွဲခြင်းနှင့် အခြေခံအဆောက်အအုံနှင့်ဆိုင်သော စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်လိုသော်လည်း နိုင်ငံသား စီစစ်ရေး ကဒ်မရှိဟု KNU/ KNLA PC (ငြိမ်းချမ်းရေး ကောင်စီ)မှ အထူးစစ်ဗျူဟာမှူး ဗိုလ်မှူးကြီး တိုက်ဂါးက မဇ္ဈိမကိုပြောသည်။
အထူးစစ်ဗျူဟာမှူး ဗိုလ်မှူးကြီးတိုက်ဂါးက "ကျွန်တော်တို့အစီအစဉ်ရှိတယ်။ အခွင့်အရေးရှိပြီဆိုရင် ကျွန်တော်တို့ လေယာဉ်ပျံတွေ ဆွဲမယ်။ ယိုးဒယားနဲ့ ရန်ကုန်ပြေးဆွဲမယ်။ မဲဆောက်နဲ့ မော်လမြိုင်တို့ အခု ကျွန်တော့် တပည့်တွေ လုပ်ထားတာတွေ ရှိတယ်။ ယိုးဒယားမှာ။ ကျွန်တော်လည်းလုပ်ချင်တယ်။ ဒါပေမယ့် မှတ်ပုံတင် မရှိဘူး ”ဟု ပြောသည်။
KNU/KNLA PC (ငြိမ်းချမ်းရေးကောင်စီ) အနေဖြင့် စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရန် ဆန္ဒရှိသော်လည်း အစိုးရမှ လုပ်ပိုင်ခွင့်မပေးကြောင်း ၊ ထို့အပြင် ကုမ္ပဏီထောင်မည် ဆိုပါက နိုင်ငံသား စီစစ်ရေး ကတ်ပြား ရှိရန် လိုအပ်သော်လည်း လက်နက်ကိုင်အဖွဲ့များ အနေဖြင့် မရရှိသေးသောကြောင့် စီးပွားရေး လုပ်ကိုင်ရန် မလွယ်ကြောင်း ဗိုလ်မှူးတိုက်ဂါးကပြောသည်။
ဗိုလ်မှူးတိုက်ဂါးက "မှတ်ပုံတင်က အကိုသွားလုပ်တာ တစ်နှစ်ကျော်ရှိပြီ။ ကိုယ်တိုင်သွားလုပ်တာ မရသေးဘူး။ ပြောတော့ ဗိုလ်မှူးတိုက်ဂါး ဘာမှမပူနဲ့ ၃ရက်အတွင်းလုပ်ပေးမယ်ပြောတယ်။ ကျွန်တော်တို့စဉ်းစားတာ။ မှတ်ပုံတင်မရရင် ကရင်မှတ်ပုံတင်လုပ်မယ်။ ကရင်ပြည်နယ်မှာ ကရင်ဘယ်နှယောက်ရှိလဲ။ စာရင်းကောက် မယ်။ ကျွန်တော်တို့ကရင်မှတ်ပုံ ကျွန်တော်တို့လုပ်မယ်။" ဟု ဆိုသည်။
ထို့အပြင် KNU/KNLA PC အနေဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ အခြေခံ အဆောက်အအုံ (Infranstructure) နှင့် ဆိုင်သော လမ်းဖောက်လုပ်ရေး၊ လျှပ်စစ်မီးကိစ္စများကို BOT (တည်ဆောက်၊ လုပ်ကိုင်၊ လွဲပြောင်း) စနစ်ဖြင့် လုပ်ကိုင်လိုကြောင်း KNU/KNLA PC(ငြိမ်းချမ်းရေးကောင်စီ) ဗဟိုကော်မတီမှ ပြည်သူ့ဆက်ဆံရေးနဲ့ နိုင်ငံခြားရေးရာ အကြီးအကဲ ဒေါက်တာ သေမထီ လက်ခ်လန်က မဇ္ဈိမကိုပြောသည်။
KNU/KNLA PC (ငြိမ်းချမ်းရေးကောင်စီ)နှင့် ကရင်ပြည်နယ်ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ က နေပြည်တော်တွင် ပဏာမသဘောတူစာချုပ်ချုပ်ဆိုခဲ့ပြီး အချက်ခုနှစ်ချက် သဘောတူညီခဲ့သည်။ ထိုသဘောတူညီချက်တွင် စီးပွားရေးနှင့် ပတ်သက်သောအချက်အနေဖြင့် ကုမ္ပဏီ၏စီးပွားရေး၊ ဆက်ဆံရေးရုံးများကို ဘားအံ၊ မြဝတီ၊ ဘုရားသုံးဆူ၊
ကော့ကရိတ်၊ မောတောင်၊ ကော့သောင်းတို့တွင် ထားရှိရမည်ဟု ပါရှိသည်။
ထိုကိစ္စနှင့်ပတ်သက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီနှင့် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မင်းတို့အား မဇ္ဈိမက ဆက်သွယ်မေးမြန်းရန် ကြိုးစားခဲ့သော်လည်း ဆက်သွယ်မရခဲ့ပေ။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးဦးခင်ရီနှင့် Norwegian Refugee Council(NRC)တို့မှ ၂၀၁၂ခုနှစ်တွင် KNU ထိန်းချုပ်နယ်မြေထဲမှာရှိသော ပဲခူးတိုင်း ကျောက်ကြီးမြို့၊ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့တစ်ဝိုက်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်များတွင် မိုးပွင့်စီမံချက် အဖြစ် အသက်၁၀နှစ်အရွယ်မှစကာ နိုင်ငံသား စိစစ်ရေး ကတ်ပြားများ အခမဲ့ ဆောင်ရွက်ပေးခဲ့သည်။
Mizzima